တပတ်အတွင်း မူဆယ် ကျင်စန်းကျော့ဂိတ်ရဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေ

စက်တင်ဘာ ၆- ၂၀၂‌‌၃
Shy V(VOM)

တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ကျင်စန်းကျော့ နယ်စပ်ဂိတ်ရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ ကနေ စက်တင်ဘာလ ၅ ရက်နေ့ အထိ တပတ်အတွင်း ပို့ကုန် သွင်းကုန်ကားစုစုပေါင်း ၁၆၂၈ စီး ရှိခဲ့တယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာဘက်ကနေ တရုတ်ဘက်ကို တပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း ၅၉၁ စီး ရှိပြီး တစ်ရက် ပျှမ်းမျှ ၈၄ စီး တရုတ်ဘက်ဝင်ရောက်ကာ အဲဒီအထဲမှာ တစ်ရက်ကို ခါလီကား ပျမ်းမျှ ၁၆ စီးခန့်၊ ဂဏန်း ၈ စီးခန့်၊ ငါးရှဉ့် ၆ စီးခန့်ပါပြီး ဖရဲ၊ သခွား၊ သကာရည်တွေပို့ကုန်ကားတွေလည်း ပါဝင်ပါတယ်။

သွင်းကုန်ကားအနေနဲ့ တပတ်အတွင်း စုစုပေါင်း ၁၀၃၇ စီး ရှိပြီး တရုဘက်ကနေ မြန်မာဘက်ထဲ တစ်ရက်ကို ပျမ်းမျှ ကား ၁၄၈ စီးခန့် ဝင်ရောက်ကာ အဲဒီအထဲမှာ တစ်ရက်ကို ပျမ်းမျှ ကားအသစ် ၂၃ စီးခန့်၊ ခါလီ ၁၆ စီးခန့် ပါဝင်ပါတယ်။

သွင်းကုန်တွေထဲမှာ လူသုံးကုန် ပစ္စည်းမျိုးစုံ၊ စက်ယန္တယား၊ ကျောက်ပြား၊ စက်သုံးဆီတွေ ပါတင်တာကို တွေ့ရပါတယ်။

အဲဒီ နယ်စပ်ဂိတ်ကနေ ကုန်သွယ်မှုလုပ်တဲ့ ကားတွေထဲမှာ ၆ ဘီး၊ ၁၂ ဘီး၊ တွဲ ကား၊ ဆီ ဘောက်ဆာကားတွေ ပါဝင်ပါတယ်။

ငွေလှဲလှယ်နှုန်းကတော့ မနေ့ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ယွမ်ပေး ကျပ်ယူ ၁ ယွမ်ကို ၄၈၀ ကျပ် ပေါက်ပြီး ကျပ်ပေး ယွမ်ယူက ၄၉၀ ကျပ် ကို ၁ ယွမ် ပေါက်ဈေး ရှိပါတယ်။

Photo – Shy V(VOM)
#voiceofmtanmar #VOM #ကျင်စန်းကျော့ #နယ်စပ်ကုန်သွယ်ရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW