မြန်မာနောင်း ဓာတ်ပုံသတင်းထောက် ​ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

စက်တင်ဘာ ၆-၂၀၂၃
SP + SN (VOM)

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မေ ၂၃ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက် ကို ဒီကနေ့မှာပဲ ရန်ကုန် အင်းစိန် ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံလိုက်ရတယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ် ။

” ဒီကနေ့ပဲ Myanmar Now သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက် ဆိုသူကို အမိန့်ချတယ် ၊ အမိန့်ချခံရတဲ့ ပုဒ်မတွေကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ ပါဝင်တယ်လို့ သိရတယ် ၊ ပြစ်ဒဏ် အနှစ် ၂၀ ကျတယ် “လို့ ဒေသခံ သတင်းသမားတယောက်က ပြောပါတယ်။

အဲ့ဒီ အမိန်ချခံရတဲ့ ဓာတ်ပုံသတင်းထောက် နဲ့ ပတ်သက်ပြီး Myanmar Now သတင်းဌာနက သူတို့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားတာကိုလည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းက သတင်းထောက် မယဥ်ယဥ်သိန်း (နဘား) ၊ သတင်းထောက် ဦးကြည်အောင် (စစ်ကိုင်း) ၊ သတင်းထောက် ကိုပြည့်ဖြိုးအောင် အပါအဝင် ဇေယျာတိုင်းမ် သတင်းဌာနက အယ်ဒီတာတွေလည်း ၊ ဖမ်းဆီးခံရပြီး စစ်ကိုင်းတိုင်းမှာ သတင်းသမား ၇ ဦး ထောင်ကျခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ သတင်းသမား ၄၀ ကျော် ဖမ်းဆီးခံရပြီး တချို့ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာသူတွေ ရှိတယ်လို့ သိရပါတယ်။

နစက သတင်းထုတ်ပြန်ရေးကော်မတီ ဉက္ကဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံမှာ သတင်းရေးလို့ အဖမ်းခံရတဲ့ သတင်းထောက်ဆိုတာ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာ ရှိခဲ့ဖူးပါတယ်။

#voiceofmtanmar #VOM #မြန်မာနောင်းသတင်းထောက် #ကိုစိုင်းဇော်သိုက် #ထောင်၂၀နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW