ထရီပိုလီ၊ စက်တင်ဘာ-၁၄-၂၀၂၃
မျိုးဆက်(VOM)
လစ်ဗျားနိုင်ငံအရှေ့ပိုင်းမှာ ဆည်နှစ်ခုကျိုးပြီးနောက် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူအရေအတွက် ၁၈၀၀၀ မှ ၂၀၀၀၀ အကြားသေဆုံးနိုင်ကြောင်း ဒါနာမြို့တော်ဝန်က ပြောပါတယ်။
လက်ရှိချိန်ထိ ရေကြီးရေလျှံမှုတွေကြောင့် လူ ၅၀၀၀ ကျော်သေဆုံးပြီး ၁၀၀၀၀ ထက်မနည်း ပျောက်ဆုံးနေသည်။ လမ်းများရေလွှမ်းမိုးနစ်မြုပ်ပြီးနောက် အလောင်းတွေကို ပင်လယ်ထဲကနေ ပြန်လည်ဆယ်ယူလျှက်ရှိပါတယ်။
လစ်ဗျားကို အရှေ့နဲ့အနောက် ပိုင်းခြားအုပ်ချုပ်နေတဲ့ ပြိုင်ဘက်အစိုးရနှစ်ရပ်ကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်နေပါတယ်။
အီဂျစ်၊ တူနီးရှား၊ အီတလီ၊ စပိန်နဲ့ တူရကီအပါအဝင် အခြားနိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကူညီထောက်ပံ့မှုတွေ ရောက်ရှိနေပြီဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ရေတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက သတိပေးထားပါတယ်။
ထရီပိုလီအခြေစိုက် လစ်ဗျားအစိုးရ တာဝန်ရှိသူတွေကတော့ ဆည်နှစ်ခုကျိုးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပြီး ဆည်ကျိုးမှုဖြစ်စေတာ သို့မဟုတ် လျစ်လျူရှုတာမျိုးတွေ့ရှိရင် ဘယ်သူ့မဆို အပြစ်ပေးအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: BBC
#voiceofmyanmar #VOM #Libya #Flood #FearsOf #UpTo20,000dead