သားနဲ့တူကို အစိုးရအဖွဲ့မှာ ရာထူးပေးတဲ့ ဇင်ဘာဘွေသမ္မတ ဝေဖန်ခံနေရ

ဟာရာရီ၊ စက်တင်ဘာ-၁၄-၂၀၂၃
မျိုးဆက်(VOM)

ဇင်ဘာဘွေသမ္မတ အီမာဆန်မနန်ဂါဂွါဟာ လွန်ခဲ့တဲ့လက အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် သူရဲ့သားနဲ့ တူဖြစ်သူကို အစိုးရအဖွဲ့၀န်ကြီးတနေရာ ခန့်အပ်လိုက်တဲ့အပေါ် အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သမ္မတ မနန်ဂါဂွါဟာ ဇင်ဘာဘွေ ဘဏ္ဍာရေးဒုတိယ၀န်ကြီးအဖြစ် သူ့ရဲ့သားဖြစ်သူကို ခန့်အပ်ခဲ့ပြီး တူဖြစ်သူကို ခရီးသွား၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အခုလိုအစိုးရအဖွဲ့မှာ ခန့်အပ်တာ၀န်ပေးမှုတွေဟာ လူမျိုးရေးဝါဒကို လှုံ့ဆော်ပေးခြင်းဖြစ်ကြောင်း ဇင်ဘာဘွေအဓိကအတိုက်အခံ စီစီစီပါတီမှ လွှတ်တော်အမတ်ဖြစ်သူ ဖက်ဇာရီမာဟီရီက စွပ်စွဲပြောဆိုပါတယ်။

အဲဒီစွပ်စွဲချက်တွေကို အာဏာရပါတီ သို့မဟုတ် ဇင်ဘာဘွေသမ္မတရုံးက ထုတ်ပြန်မှုတစ်စုံတစ်ရာမရှိသေးပါဘူး။ ဒါပေမယ့် မစ္စတာမနန်ဂါဂွါကို ထောက်ခံသူတွေကတော့ သမ္မတရဲ့သားဖြစ်သူဟာ ရာထူးအတွက် အရည်အချင်းပြည့်မှီတယ်လို့ ပြောပါတယ်။

မစ္စတာမနန်ဂါဂွါ ရွေးကောက်ပွဲအနိုင်ရရှိပြီး ပြန်လည်ရွေးချယ်ခံရမှုဟာ ဒေသတွင်းနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောဆိုထားပြီး ရွေးကောက်ပွဲ မသမာမှုတွေရှိကြောင်း အတိုက်အခံတွေက အခိုင်အမာပြောဆိုထားပါတယ်။

Ref: BBC

#voiceofmyanmar #VOM #ဇင်ဘာဘွေ #မနန်ဂါဂွါ

Related posts

Leave a Comment

VOM News

FREE
VIEW