ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း ဆူဒန်စစ်တပ်အကြီးအကဲပြော

ခါတွမ်၊ စက်တင်ဘ-၂၃-၂၀၂၃
မျိုးဆက်(VOM)

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဆူဒန်မှာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖက်တာအယ်လ်ဘာဟန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာအက်စ်အက်ဖ်ပြည်သူ့စစ်ခေါင်ဆောင် မိုဟာမက်ဟမ်ဒန်ဒါဂါလိုနဲ့အတတူ ဆွေးနွေးဖို့ မူအားဖြင့် အဆင်သင့်ရှိနေကြောင်း ဗိုလ်ချုပ်ကြီးဘာဟန်က ဆိုပါတယ်။ သူဟာ နယူးယောက်ရှိ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ခဲ့ပြီးနောက် ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဘာဟန်ဟာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့(အက်စ်အေအက်ဖ်) ကိုဦဆောင်ပြီး အရပ်သားတွေကို အာဏာလွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့ပေမယ့် နယူးယောက်ခရီးစဉ်ဟာ သူ့ရဲ့ခေါင်းဆောင်မှုနဲ့ နိုင်ငံတကာထောက်ခံမှုအတွက် တရားဝင်ရှာမှုအဖြစ် စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

လူနေဒေသတွေကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြောင်း အထောက်အထာတွေရှိတယ်လို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း ဒီကိစ္စကို သူကငြင်းဆိုပါတယ်။

ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့တို့အကြား ဧပြီလမှာ စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၅၀၀၀ ကျော်သေဆုံးခဲ့ပြီး ငါးသန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #Sudan #ArmyChief #ReadyFor #PeaceTalks

Related posts

Leave a Comment

VOM News

FREE
VIEW