မြင်းခြံမြို့နယ်မှာ ပြည်ခိုင်ဖြိုး ပါတီဝင် ၄ ဦး ပစ်သတ်ခံရ

စက်တင်ဘာ၂၈-၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ပျိုးကန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင် ၄ ဦးကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနက် ၇ နာရီဝန်းကျင်က ဖြစ်တာပါ ၊ သေဆုံးသူတွေကတော့ ဦးခင်မောင်ထွေး(ခ)ဦးကျင်စိုး၊၅၄နှစ်၊ သူ့မိန်းမ ဒေါ်သန်းကြည် (ခ)ဒေါ်စိန်တင်၊၅၃နှစ် ၊ ဒေါ်လုံး၊ ၅၄ နှစ် ၊ ဦးကျော်မိုး ၊၅၃ နှစ်၊ဖြစ်တယ် ၊ သူတို့ ၄ ယောက်က အိမ်ထဲမှာ စကားပြောနေကြတုန်း ဒလန်မိသားစုတွေလို့ ပြောပြီး ပစ်သတ်သွားတာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သေဆုံးသူတွေထဲက ဒေါ်သန်းကြည် ဆိုသူဟာ ပျိုးကန်ကျေးရွာ…

Read More

မိုးထိမိုးမိ ရွှေလုပ်ကွက် လုပ်ကိုင်ခွင့်ရခဲ့တဲ့ ဦးစိုးထွန်းရှိန်ကို ထောင် ၁၀ နှစ် အမိန့်ချ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ ရမည်းသင်းမြို့ ၊ ရမည်းသင်း အကျဥ်းထောင်မှာ ချုပ်နှောင်ခံထားရတဲ့ မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို မနေ့ စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနေ့က ရမည်းသင်းခရိုင်တရားရုံကနေ ဦးစိုးထွန်းရှိန်ကို အများပြည်သူပိုင် ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၃ အရ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တာဖြစ်တယ် ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ဦးစိုးထွန်းရှိန် ပြစ်ဒဏ်ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ထောင် ၁၀ နှစ်ချလိုက်တယ် ၊…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၈ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၈ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၇၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September28th

Read More

ကလေးမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ အိပ်ပျော်နေတဲ့ မိသားစု ၄ ယောက်သေဆုံး

စက်တင်ဘာ ၂၈ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကတလးမြို့နယ် (တောင်ပိုင်း) ၊ ရှားဘိုကျေးရွာမှာ မနေ့ စက်တင်ဘာ ၂၇ ရက် ညပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မိသားစုတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” လက်နက်ကြီးကျည်က ရှားဘိုရွာရဲ့ အရှေ့တောင်ထဲဆီကလာတာ ၊ အဲ့ဒီဘက်မှာ ​ဟံသာဝတီ ၊ ကြံသာ ၊ အောင်သာ စတဲ့ရွာတွေရှိတယ် ၊ အဲ့ဒီဘက်မှာက စစ်တပ်ရဲ့တပ်စခန်းတွေရှိတယ် ၊ လက်နက်ကြီးကို ဘယ်အဖွဲ့က ပစ်တာလဲဆိုတာ မသိရသေးဘူး ၊ ရှားဘိုရွာထဲက နေအိမ်တလုံးကို ထိမှန် ပေါက်ကွဲပြီး မိန်းကလေး ၃ ယောက်နဲ့ ဆယ်ကျော်သက်အရွယ် ယောင်္ကျားလေး ၁ ယောက် ထိမှန် သေတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က…

Read More

ဟဲဟိုးမှာ ဟိုက်ဂျက်တစီးက ရပ်ထားတဲ့ ၆ ဘီးကားကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

စက်တင်ဘာ ၂၈ – ၂၀၂၃ SN (VOM) ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၉/၇) နဲ့ (၉၀/၀) ကြားမှာ ဒီနေ့ စက်တင်ဘာ ၂၈ ရက်၊ မနက် ၆ နာရီဝန်းကျင်က Hijet ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာရပ်ထားတဲ့ Nissan (၆)ဘီးယာဉ်ကို ဝင်တိုက်မိခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ ယာဥ်တိုက်မှုကြောင့် Hijet ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း သတင်းအရ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ “Hijet က အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာရပ်ထားတဲ့ကားကို နောက်ကနေ ဝင်တိုက်လိုက်တာပါ။ ဒီဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်တဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားပါတယ်”…

Read More

ဘာကီနာဖာဆို အာဏာသိမ်းစစ်တပ်ကို အာဏာပြန်သိမ်းဖို့ ကြိုးပမ်းမှုဖြစ်ပွားခဲ့

အူဂါဒူဂူ ၊ စက်တင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) ဘာကီနာဖာဆို လုံခြုံရေးနဲ့ထောက်လှမ်းရေးအဖွဲ့တွေက အာဏာသိမ်းဖို့ကြိုးပမ်းမှုကို တားဆီးထိန်းချုပ်နိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စစ်ဘက်အရာရှိတွေနဲ့ အခြားသူတွေဟာ ဘာကီနာဖာဆို မတည်မငြိမ်ဖြစ်စေဖို့ စီစဉ်ခဲ့ပြီး အဖွ့ဲအစည်းတွေကို တိုက်ခိုက်ရန်ဖို့နဲ့ နိုင်ငံပရမ်းပတာဖြစ်စေဖို့ ရည်ရွယ်ခဲ့ကြကြောင်း ရုပ်မြင်သံကြားကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဘာကီနာဖာဆိုမှာ ရွေးကောက်ခံသမ္မတကို ဖြုတ်ချပြီး ယာယီသမ္မတအဖြစ် အာဏာသိမ်းခေါင်းဆောင် အီဘရာဟင်တိုရေးက ဦးဆောင်နေတာ တနှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်ခဲ့ပြီး သူတို့ရဲ့နာမည်တွေအပါအဝင် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ မကြာသေးမီအချိန်အတွင်းကလည်း ဘာကီနာဖာဆိုစစ်တပ်အတွင်းမှာ မကျေနပ်မှုတွေတိုးပွားလာနေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိအစိုးရဟာ ရှစ်လအတွင်း ဒုတိယအကြိမ်မြောက် အာဏာသိမ်းခဲပြီး စက်တင်ဘာလမှာ အာဏာရယူခဲ့ပါတယ်။ ဘာကီနာဖာဆိုအာဏာပိုင်တွေဟာ အစ္စလာမ္မစ်သောင်းကျန်းမှုတွေကို နှိမ်နှင်းဖို့ လက်ရှိမှာ ရုန်းကန်နေရပါတယ်။ Ref:BBC Photo:AFP #voiceofmyanmar #VOM #BurkinaFaso #junta…

Read More

ထိုင်ဝမ်ရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ် ထုတ်ဖော်ပြသ

တိုင်ပေ၊ စက်တင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ တိုက်ခိုက်နိုင်ခြေကို ကာကွယ်နိုင်ဖို့အတွက် ပထမဆုံးသော ပြည်တွင်းဖြစ်ရေငုပ်သေင်္ဘာသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ပြည်တွင်းဖြစ်ရေငုပ်သင်္ဘောထုတ်လုပ်ရေးစိတ်ကူးကို ယခင်ကမဖြစ်နိုင်လို့ ယူဆခဲ့ပေမယ့် လက်ရှိမှာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ကြောင်း သမ္မတဆိုင်အင်းဝမ်ကပြောပါတယ်။ ရေငုပ်သင်္ဘောဟာ ဒေါ်လာ ၁ ဒသမ ၅၄ ဘီလီယံတန်ဖိုးရှိပြီး ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံးရေငုပ်သင်္ဘောဖြစ်ကာ စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ်အတွင် ထိုင်ဝမ်ရေတပ်မှာ စတင်တာဝန်ထမ်းဆောင်ဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူ့ရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာသတ်မှတ်ထားပြီး တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်အင်အားသုံးမည်ဟု ထုတ်ဖော်ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်နိုင်ခြေရှိကြောင်း အမေရိကန်က သတိပေးပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ထိုင်ဝမ်ကျွန်းကို ချက်ချင်းတိုက်ခိုက်နိုင်ခြေမရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက ယူဆထားပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #VOM #Taiwan…

Read More

ပုသိမ် ပြည်တော်သာ ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ မိသားစု ၁၄၉ စုကို ဖယ်ရှားဖို့ အမိန့်ထုတ်

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP (VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ စည်ပင်သာယာရေး ဦးစီးဌာန ၊ အိုးအိမ်ဌာနပိုင် ပြည်တော်သာ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ အိမ်ထောင်စုတွေကို မနက်ဖန် စက်တင်ဘာ ၂၉ ရက်နောက်ဆုံးထားပြီး နေအိမ်က ထွက်ခွာပေးဖို့ အမိန့်ထုတ်ထားတယ်လို့ ​အဲ့ဒီ အိမ်ရာမှာနေထိုင်တဲ့ သူတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိမ်ခန်း ၃၃ ခန်းမှာနေထိုင်တဲ့သူတွေကို ဖယ်ရှားပြီးပြီ ၊ မနက် စက်တင်ဘာ ၂၉ ရက်မှာ နောက်တကြိမ် အိမ်ခန်းပေါင်း ၁၄၉ ခန်း ထွက်ပေးဖို့ အမိန့်ထုတ်ထားတာ ” လို့ ပြည်တော်သာ အိမ်ရာမှာနေတဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြည်တော်သာ…

Read More

အမေရိကန်စစ်ပြေး ထရာဗစ်ကင်း မြောက်ကိုရီးယားရဲ့ ဖမ်းဆီးထိန်းသိမ်းမှုမှ ပြန်လည်လွတ်မြောက်လာ

ဝါရှင်တန်၊ စက်တင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားကနေ မြောက်ကိုရီးယားနိုင်ငံထဲကို ထွက်ပြေးခဲ့တဲ့ အမေရိကန်စစ်သား ထရာဗစ်ကင်းကို မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ အမေရိကန်က စစ်သုံ့ပန်းအဖြစ်သတ်မှတ်ခြင်းမရှိခဲ့တဲ့ ထရာဗစ်ကင်းကို အမေရိကန်သို့မပို့ဆောင်မီ တရုတ်နိုင်ငံရှိ အမေရိကန်ထိန်းသိမ်းရေးစခန်းကို လွှဲပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ အမေရိကန်စစ်တပ်မှာ ကင်းထောက်ကျွမ်းကျင်သူဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ထရာဗစ်ကင်းဟာ ဇုူလိုင်လအတွင်း မြောက်ကိုရီးယားနိုင်ငံထဲကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်စစ်တပ်အတွင်း လူမဆန်စွာပြုမူဆက်ဆံမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သူဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ အမေရိကန်ကို ရောက်ရှိပြီး မိသားစုနဲ့ တွေ့ဆုံနိုင်ဖွယ်ရှိပါတယ်။ လွတ်မြောက်လာမှုအတွက် မြောက်ကိုရီးယားနဲ့ အပေးအယူမရှိခဲ့ကြောင်း ၊တရုတ်နယ်စပ် ဒန်ဒေါင်းကနေ သူ့ကို လေယာဉ်နဲ့ တာင်ကိုရီးယားရှိ အမေရိကန်လေတပ်စခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုထားပါတယ်။ Ref: BBC Photo:Yahoo #voiceofmyanmar…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၂၈ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၂၈ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၁၅ ကျပ် ဝယ်ဈေး – ၃၂၆၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၃၉၀ ကျပ် ဝယ်ဈေး – ၂၃၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၈၀ ကျပ် ဝယ်ဈေး – ၃၄၁၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၀ ကျပ် ဝယ်ဈေး – ၆၉၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၇ ကျပ် ဝယ်ဈေး –…

Read More
VOM News

FREE
VIEW