ဘာကီနာဖာဆို အာဏာသိမ်းစစ်တပ်ကို အာဏာပြန်သိမ်းဖို့ ကြိုးပမ်းမှုဖြစ်ပွားခဲ့

အူဂါဒူဂူ ၊ စက်တင်ဘာ-၂၈-၂၀၂၃
မျိုးဆက်(VOM)

ဘာကီနာဖာဆို လုံခြုံရေးနဲ့ထောက်လှမ်းရေးအဖွဲ့တွေက အာဏာသိမ်းဖို့ကြိုးပမ်းမှုကို တားဆီးထိန်းချုပ်နိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စစ်ဘက်အရာရှိတွေနဲ့ အခြားသူတွေဟာ ဘာကီနာဖာဆို မတည်မငြိမ်ဖြစ်စေဖို့ စီစဉ်ခဲ့ပြီး အဖွ့ဲအစည်းတွေကို တိုက်ခိုက်ရန်ဖို့နဲ့ နိုင်ငံပရမ်းပတာဖြစ်စေဖို့ ရည်ရွယ်ခဲ့ကြကြောင်း ရုပ်မြင်သံကြားကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘာကီနာဖာဆိုမှာ ရွေးကောက်ခံသမ္မတကို ဖြုတ်ချပြီး ယာယီသမ္မတအဖြစ် အာဏာသိမ်းခေါင်းဆောင် အီဘရာဟင်တိုရေးက ဦးဆောင်နေတာ တနှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။

လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်ခဲ့ပြီး သူတို့ရဲ့နာမည်တွေအပါအဝင် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ မကြာသေးမီအချိန်အတွင်းကလည်း ဘာကီနာဖာဆိုစစ်တပ်အတွင်းမှာ မကျေနပ်မှုတွေတိုးပွားလာနေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိအစိုးရဟာ ရှစ်လအတွင်း ဒုတိယအကြိမ်မြောက် အာဏာသိမ်းခဲပြီး စက်တင်ဘာလမှာ အာဏာရယူခဲ့ပါတယ်။ ဘာကီနာဖာဆိုအာဏာပိုင်တွေဟာ အစ္စလာမ္မစ်သောင်းကျန်းမှုတွေကို နှိမ်နှင်းဖို့ လက်ရှိမှာ ရုန်းကန်နေရပါတယ်။

Ref:BBC
Photo:AFP
#voiceofmyanmar #VOM #BurkinaFaso #junta #foiledCoupAttempt

Related posts

Leave a Comment

VOM News

FREE
VIEW