ဇင်ဘာဘွေမှာ ရွှေတွင်းပြိုကျမှုကြောင့် ခြောက်ယောက်သေဆုံး၊ (၁၅) ယောက်ပိတ်မိနေ

ဟာရာရေး၊ စက်တင်ဘာ-၃၀
မျိုးဆက်(VOM)

ဇင်ဘာဘွေနိုင်ငံမှာ ရွှေတွင်းပြိုကျမှုကြောင့်လူခြောက်ယောက်သေဆုံးပြီး ၁၅ ယောက်ပိတ်မိနေကြောင်း နိုင်ငံပိုင် သတင်းဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

မြို့တော်ဟာရာရေးရဲ့အနောက်ဘက် ၆၂ အကွာ ချီဂူတူရှိ ဘေးဟော့ရွှေတွင်း ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကနဦးမွာ လူ ၃၀ ကျော်ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရွှေတွင်းပြိုကျရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေ။ လက်ရှိတွင် ပိတ်မိနေသူတွေကို ကယ်တင်နိုင်အတွက် ကယ်ဆယ်ရေးသမားတွေက အပူတပြင်းကြိုးပမ်းနေကြပါတယ်။

ရွှေ၊ ပလက်တီနမ်နဲ့ စိန်အများအပြားထွက်ရှိရာ ဇင်ဘာဘွေနိုင်ငံမှာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် သတ္တုတွင်းမတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

၂၀၁၉ ခုနှစ်ကလည်း နိုင်ငံအလယ်ပိုင်း ကာဒိုမာမြို့အနီး ဆေးလ်ဗားမွန်းနဲ့ ခရစ်ကတ်သတ္တုတွင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းမပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့တာကြောင့် ဒါဇင်နဲ့ချီတဲ့ မိုင်းလုပ်သားတွေ သေဆုံးခဲ့ရပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #SixDead #15Trapped #Zimbabwe #goldMine #collapse

Related posts

Leave a Comment

VOM News

FREE
VIEW