မတ် ၁၃-၂၀၂၆
MT(VOM)
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီး အရှေ့အလယ်ပိုင်း စစ်ပွဲကြီး မဖြစ်ပွားခင် နှစ်ရက်အလို ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။
အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ ပါကစ္စတန်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေနဲ့ မော်တာကျည်တွေကြောင့် မိသားစုဝင်တွေ သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ကလေး နှစ်ယောက်လည်း ပါဝင်ပါတယ်။
အာဖဂန်အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အင်္ဂါနေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် အခု ကြာသပတေးနေ့အထိဆိုရင် အာဖဂန်ဘက်မှာ သေဆုံးသူ ၇ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ အာဖဂန်ဘက်က နယ်စပ်တစ်လျှောက် စစ်ဆင်ရေးတစ်ခု စတင်ခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန်ဘက်က အာဖဂန်တာလီဘန်တွေကို အရင် လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေဟာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီး ဒေသတွင်းစစ်ပွဲကြီး မစတင်ခင် နှစ်ရက်အလိုမှာ ပြင်းထန်လာခဲ့တာပါ။
အစိုးရရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Hamdullah Fitrat က ပြောကြားရာမှာတော့… နောက်ဆုံးဖြစ်ပွားခဲ့တဲ့ သေဆုံးမှုတွေဟာ ကြာသပတေးနေ့ မနက်အစောပိုင်းမှာ Khost ခရိုင်၊ Sadqo ရွာမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ပါကစ္စတန်ဘက်က အရပ်သားတွေနေတဲ့ အိမ်တွေနဲ့ လှည့်လည်သွားလာနေထိုင်သူ (Nomads) တွေရဲ့ တဲတွေကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့လည်း သူက စွပ်စွဲထားပါတယ်။
သူ့ရဲ့ X (Twitter) လူမှုကွန်ရက် စာမျက်နှာမှာတော့ “ခြေသလုံးအိမ်တိုင် လှည့်လည်နေထိုင်တဲ့ မိသားစုတစ်ခုက အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက် (ကလေးနှစ်ဦး) စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး၊ တခြား ကလေး ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်” လို့ ရေးသားထားပါတယ်။
ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကလည်း အရေအတွက် အတူတူပဲလို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။
Ref : Al Jazeera
