ကျူအာစနစ်နဲ့ စက်သုံးဆီ​ရောင်းတဲ့ စနစ် ဆီဆိုင်တွေအတွက် လတ်တလောအခက်အခဲရှိ​နေ​သေး

မတ် ၁၂ -၂၀၂၆ KKL(VOM) ဒီကနေ့ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းကနေစတင်ပြီး နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တ​လေးနဲ့ ​တောင်ကြီးက စက်သုံးဆီဆိုင်တွေကို ကျူအာ စနစ်နဲ့ စတင်ရောင်းချဖို့ လုပ်ဆောင်ခိုင်းနေတာမှာ ဆီဆိုင်တွေဖက်က လတ်တလောအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ “မနေ့က ကျွန်တော်တို့ဆိုင်က ဝန်ထမ်းတယောက်ကို စွမ်းအင်ဝန်ကြီးဌာနက ကျူအာစနစ်အတွက် သင်တန်းပို့ချဖို့ခေါ်ပါတယ် အဲ့ဒီဝန်ထမ်းကလည်း ညနေကျမှပြန်ရောက်တယ် ဒီနေ့မနက်မှာ အဲ့ဒီစနစ်နဲ့ရောင်းချဖို့ စွမ်းအင်ဖက်ကပြောလာပါတယ် ။ ဆိုင်မှာရှိတဲ့ တခြားဝန်ထမ်းတွေကို ကျူအာစနစ်အတွက် ပြန်လည်မျှဝေဖို့ နှစ်ရက်တန်သည် သုံးရက်တန်သည်ဆိုတဲ့အချိန်ပေးရမှာဖြစ်ပါတယ် ။ ချက်ခြင်းကြီးစတင်ခိုင်းတော့ ကျွန်တော်တို့ စက်သုံးဆီဆိုင်တွေအားလုံးအခက်အခဲဖြစ်ကြမှာပါ” လို့ နေပြည်တော် DENKO ဆီဆိုင် မန်နေဂျာ ဦးသန်းမင်းက VOM ကိုပြောပါတယ်။ လတ်တ​လော ဆီ​ရောင်းချရာမှာ ယာဥ်ပိုင်ရှင်​နွေနဲ့ ဝန်ထမ်း​တွေ အဆင်မ​ပြေမှု​တချို့ရှိတဲ့အ​ကြောင်း ဆက်ပြောတာက “တချို့တချို့ကားတွေကဆိုရင် အခုလို…

Read More

အစ္စရေးလ်နိုင်ငံ ဆိုင်ရာ စပိန် သံအမတ်ကြီး ကို အပြီးအပိုင် ရုတ်သိမ်းပြီ

မက်ဒရစ် မတ် ၁၂၊ ၂၀၂၆ MT(VOM) ​စပိန်နဲ့ အစ္စရေးလ် ဆက်ဆံရေး အပြန်အလှန် အက်ကြောင်းထင်မှု ပိုနက်ရှိုင်းလာတာနဲ့အမျှ စပိန်က သံအမတ်ကြီးကို အပြီးအပိုင် ရုပ်သိမ်းလိုက်ပြီလို့ ​ရိုက်တာသတင်းဌာန က မတ်လ ၁၁ ရက်၊ ၂၀၂၆ မှာ ကြေညာပါတယ်။ ​ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်နေတာကို စပိန်က ကန့်ကွက်နေတာကြောင့် နှစ်နိုင်ငံကြား သံတမန်ရေးအရ အခြေအနေ တင်းမာနေတဲ့ကြားကပဲ၊ စပိန်အစိုးရဟာ အစ္စရေးနိုင်ငံဆိုင်ရာ သူတို့ရဲ့ သံအမတ်ကြီးကို အင်္ဂါနေ့မှာ အပြီးအပိုင် ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ​ဂါဇာဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် အစ္စရေးကို လက်နက်သယ်ဆောင်မယ့် လေယာဉ်တွေနဲ့ သင်္ဘောတွေကို စပိန်ရဲ့ ဆိပ်ကမ်းတွေ ဒါမှမဟုတ် လေပိုင်နက် အသုံးမပြုဖို့ စပိန်ဘက်က ပိတ်ပင်ကန့်သတ်ခဲ့ပါတယ်။ အဲဒီလို ပိတ်ပင်တာနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ အငြင်းပွားစရာတွေ…

Read More

စက်သုံးဆီ အလွယ်တကူ ဝယ်ယူလို့မရတာကြောင့် တောင်သူတွေ အခက်တွေ့နေ

မတ် ၁၂ – ၂၀၂၆ SS (VOM) စက်သုံးဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူရရှိနေရတာအပြင် ဆိုင်တွေက ပေပါ၊ ပုံးတွေနဲ့လည်း ရောင်းချမပေးတာကြောင့် တောင်သူတွေအနေနဲ့ မိုးကြိုကာလ လယ်ယာမြေတွေ ထွန်ယက်နိုင်ဖို့အတွက် ဆီရရှိဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့က လယ်ဧက ၁၀၀ ကျော် လုပ်ပါတယ်။ ထွန်စက်ကြီး လည်း ရှိပါတယ်။ လယ် တဧကကို ပျမ်းမျှ ဆီကုန်နှုန်းက စိမ်းခွဲ ထယ်ရေး ၁ ဂါလံ၊ ခဲကြေထယ်ရေး ၁ ဂါလံ။ အဲဒီနှစ်ခုက မိုးကြိုပေါ့။ မိုးမရွာခင် ကြိုမောင်းရတာပါ။ မိုးရွာတာနဲ့ စက်ခုတ် ရပါတယ်။ နှစ်လွှာ ဆီ ၁ ဂါလံဝန်းကျင် ကုန်ပါတယ်။ တဧက အပေါ်ကို ဆီပျမ်းမျှ ၃ ဂါလံဝန်းကျင် ကုန်ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ စိုက်ပျိုးရေး…

Read More

ငွေကြေးခဝါချမှု ဥပဒေသစ် ပြဋ္ဌာန်းတာ ဘာ့​ကြောင့်လဲ

မတ် ၁၂ – ၂၀၂၆ SN (VOM) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး လက်ရှိ ဥပဒေဟာ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ရုပ်သိမ်းပြီး အသစ် ပြင်ဆင် ပြဋ္ဌာန်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီဥပဒေ လေ့လာကြည့်ရသလောက်က အကြမ်းဖက်မှုအတွက် ထောက်ပံ့ပေးနေတာတွေကို အဓိက ဆိုလိုချင်တဲ့သဘော သက်ရောက်ပါတယ်။ ဒါတွေကို အမြစ်ဖြတ်ချင်တာပေါ့။ ဒါကြောင့် နောက်ပိုင်းမှာ ဒီဥပဒေကို ကိုင်တွယ်ပြီး အရေးယူမှုတွေ တင်းတင်းကြပ်ကြပ် ပိုပြီး လုပ်ဆောင်လာနိုင်တယ်” လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။ လက်ရှိ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပါ ရည်ရွယ်ချက်တွေထဲမှာ ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတို့ကို ထိရောက်စွာ အရေးယူနိုင်ဖို့နဲ့ ဆင့်ပွားပေါ်ပေါက်နိုင်တဲ့ ပြစ်မှုတွေကို…

Read More

ပါကစ္စတန်ရဲ့ ပစ်ခတ်မှုကြောင့် အာဖဂန်က ကလေးငယ်တွေ သေဆုံး

မတ် ၁၃-၂၀၂၆ MT(VOM) ​အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီး အရှေ့အလယ်ပိုင်း စစ်ပွဲကြီး မဖြစ်ပွားခင် နှစ်ရက်အလို ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။ ​အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ ပါကစ္စတန်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေနဲ့ မော်တာကျည်တွေကြောင့် မိသားစုဝင်တွေ သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ကလေး နှစ်ယောက်လည်း ပါဝင်ပါတယ်။ ​အာဖဂန်အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အင်္ဂါနေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် အခု ကြာသပတေးနေ့အထိဆိုရင် အာဖဂန်ဘက်မှာ သေဆုံးသူ ၇ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ အာဖဂန်ဘက်က နယ်စပ်တစ်လျှောက် စစ်ဆင်ရေးတစ်ခု စတင်ခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန်ဘက်က အာဖဂန်တာလီဘန်တွေကို အရင် လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေဟာ…

Read More

သူတို့အိမ် အခန်း – ၇၅

ဆူးငှက်     လက်တစ်ကမ်းနှင့် လှမ်းမီနိုင်သမျှ —————————————- သည်တစ်ခေါက် ရွာကပြန်လာပြီး ကျောင်းပိတ်ရက်များတွင် ပိုမိုလွတ်လပ် ပေါ့ပါးနေသည်။ ၁၀တန်းစာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်သည်နှင့် မိမိကိုယ် မိမိ စာကျက်ရသော ကျောင်းသားဘဝက ကျွတ်လွတ် သွားသည်ဟု ခံစားနေရသည်။ ဖတ်ခဲ့ရသော စာတွေ ပေတွေထဲမှာ တက္ကသိုလ်ဟူသည် ပညာရပ်များကို မိမိဘာသာ စုဆောင်း ရှာဖွေကြပုံ၊ တက္ကသိုလ်တွင် နိုင်ငံရေး စာပေ အနုပညာ အားကစား စသည်တို့ အသင်းအဖွဲ့များနှင့် လွတ်လပ်စွာ လုပ်ဆောင်ကြပုံ တွေပါတော့ သည်ပုံစံအတိုင်း မိမိတို့လည်း တက္ကသိုလ်တွင် နေပျော်ကြရတော့မည်ဟု ကြိုတင် တွေးနေမိသည်။ ထိုအတွေးများဖြင့် ကိုယ်တိုင် လေ့လာ သင်ယူတာ၏ အခြေခံအကျဆုံးက စာတွေ ဖတ်ဖို့ပဲဟု သုံးသပ်ကာ စာတွေ အစုံ ဖတ်ဖြစ်တော့သည်။ အထူးသဖြင့် လူကြီးများ၏ ပြောစကားမျာ ပါသော…

Read More
VOM News

FREE
VIEW