ကျူအာစနစ်နဲ့ စက်သုံးဆီ​ရောင်းတဲ့ စနစ် ဆီဆိုင်တွေအတွက် လတ်တလောအခက်အခဲရှိ​နေ​သေး

မတ် ၁၂ -၂၀၂၆
KKL(VOM)
ဒီကနေ့ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းကနေစတင်ပြီး နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တ​လေးနဲ့ ​တောင်ကြီးက စက်သုံးဆီဆိုင်တွေကို ကျူအာ စနစ်နဲ့ စတင်ရောင်းချဖို့ လုပ်ဆောင်ခိုင်းနေတာမှာ ဆီဆိုင်တွေဖက်က လတ်တလောအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။
“မနေ့က ကျွန်တော်တို့ဆိုင်က ဝန်ထမ်းတယောက်ကို စွမ်းအင်ဝန်ကြီးဌာနက ကျူအာစနစ်အတွက် သင်တန်းပို့ချဖို့ခေါ်ပါတယ် အဲ့ဒီဝန်ထမ်းကလည်း ညနေကျမှပြန်ရောက်တယ် ဒီနေ့မနက်မှာ အဲ့ဒီစနစ်နဲ့ရောင်းချဖို့ စွမ်းအင်ဖက်ကပြောလာပါတယ် ။ ဆိုင်မှာရှိတဲ့ တခြားဝန်ထမ်းတွေကို ကျူအာစနစ်အတွက် ပြန်လည်မျှဝေဖို့ နှစ်ရက်တန်သည် သုံးရက်တန်သည်ဆိုတဲ့အချိန်ပေးရမှာဖြစ်ပါတယ် ။ ချက်ခြင်းကြီးစတင်ခိုင်းတော့ ကျွန်တော်တို့ စက်သုံးဆီဆိုင်တွေအားလုံးအခက်အခဲဖြစ်ကြမှာပါ” လို့ နေပြည်တော် DENKO ဆီဆိုင် မန်နေဂျာ ဦးသန်းမင်းက VOM ကိုပြောပါတယ်။
လတ်တ​လော ဆီ​ရောင်းချရာမှာ ယာဥ်ပိုင်ရှင်​နွေနဲ့ ဝန်ထမ်း​တွေ အဆင်မ​ပြေမှု​တချို့ရှိတဲ့အ​ကြောင်း ဆက်ပြောတာက
“တချို့တချို့ကားတွေကဆိုရင် အခုလို ဆီထိန်းချုပ်ပြီးပေးနေတာကိုတောင် ပြသနာရှာတဲ့အပိုင်းလေးတွေရှိကြတယ် ကျူအာကုတ်နဲ့ပေးတဲ့အခါ တခြားဆိုင်မှာထည့်ခဲ့ပြီး ကျွန်တော်တို့ဆီကိုရောက်တဲ့အခါ သူတို့မထည့်ရသေးဘူးဆိုပြီးပြသနာရှာနိုင်ပါတယ် ။ အဓိကကတော့ လိုင်စင်မဲ့တွေပေါ့ သူတို့အတွက်ပိုဆိုးသွားနိုင်မယ့်အနေအထားရှိပါတယ်။ ဝန်ထမ်းတွေဖက်ကတော့ ပုံမှန်ထည့်နေတဲ့အနေအထားထက်တော့ နှောင့်နှေးမှုတော့ရှိသွားမှာပေါ့ ဆိုင်ကယ်သမားတွေဆိုလည်း အထူးသဖြင့် လိုင်စင်မဲ့တွေပေါ့ အဓိက ဆိုင်ကိုပဲပြသနာရှာသွားကြတယ် ဒီစနစ်ကိုလုပ်လို့တော့ ရနိုင်ပါတယ် နောက်တော့ တဖြေးဖြေးခြင်း အဆင်ပြေသွားမယ်လို့ ယူဆပါတယ်” လို့ DENKO ဆီဆိုင်မန်နေဂျာက ထပ်ပြောပါတယ်။
ကျူအာစနစ်ကတော့ ကားဝှီးတက်မှာပါတဲ့ ဘားကုတ်ကို ကျူအာစနစ်ထဲရိုက်ထည့်ပြီး တနေ့ကို တကြိမ်သာဆီထည့်ခွင့်ရှိမှာဖြစ်ပြီး ဆိုင်ကယ်တွေအနေနဲ့ကတော့ ဝှီးတက်မှာပါတဲ့ အချက်အလက်တွေအပေါ် ဆိုင်က ကျူအာကုတ်ထုတ်ပေးတာတွေ Application နဲ့အလိုအလျှောက်စစ်ဆေးတဲ့နည်းလမ်းကိုအသုံးပြုသွားမယ်လို့သိရပြီး အခု မတ်လ ၁၂ ရက်နေ့ကစတင်ပြီး နေပြည်တော် ရန်ကုန် မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကျူအာကုတ် အသုံးပြုတဲ့စနစ်ကို စတင်အသုံးပြုသွားမယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW