This Day in History

This Day in History Voice of Myanamar ရေနံတင်ပို့ရောင်းချသည့်နိုင်ငံများအဖွဲ့ (အိုပက်) ကို အီရန်၊ အီရတ်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် ဗင်နီဇွဲလားတို့ပါဝင်သော အဖွဲ့ဝင်ငါးနိုင်ငံဖြင့် ၁၉၆၀ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September14

Read More

သားနဲ့တူကို အစိုးရအဖွဲ့မှာ ရာထူးပေးတဲ့ ဇင်ဘာဘွေသမ္မတ ဝေဖန်ခံနေရ

ဟာရာရီ၊ စက်တင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဇင်ဘာဘွေသမ္မတ အီမာဆန်မနန်ဂါဂွါဟာ လွန်ခဲ့တဲ့လက အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် သူရဲ့သားနဲ့ တူဖြစ်သူကို အစိုးရအဖွဲ့၀န်ကြီးတနေရာ ခန့်အပ်လိုက်တဲ့အပေါ် အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမ္မတ မနန်ဂါဂွါဟာ ဇင်ဘာဘွေ ဘဏ္ဍာရေးဒုတိယ၀န်ကြီးအဖြစ် သူ့ရဲ့သားဖြစ်သူကို ခန့်အပ်ခဲ့ပြီး တူဖြစ်သူကို ခရီးသွား၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အခုလိုအစိုးရအဖွဲ့မှာ ခန့်အပ်တာ၀န်ပေးမှုတွေဟာ လူမျိုးရေးဝါဒကို လှုံ့ဆော်ပေးခြင်းဖြစ်ကြောင်း ဇင်ဘာဘွေအဓိကအတိုက်အခံ စီစီစီပါတီမှ လွှတ်တော်အမတ်ဖြစ်သူ ဖက်ဇာရီမာဟီရီက စွပ်စွဲပြောဆိုပါတယ်။ အဲဒီစွပ်စွဲချက်တွေကို အာဏာရပါတီ သို့မဟုတ် ဇင်ဘာဘွေသမ္မတရုံးက ထုတ်ပြန်မှုတစ်စုံတစ်ရာမရှိသေးပါဘူး။ ဒါပေမယ့် မစ္စတာမနန်ဂါဂွါကို ထောက်ခံသူတွေကတော့ သမ္မတရဲ့သားဖြစ်သူဟာ ရာထူးအတွက် အရည်အချင်းပြည့်မှီတယ်လို့ ပြောပါတယ်။ မစ္စတာမနန်ဂါဂွါ ရွေးကောက်ပွဲအနိုင်ရရှိပြီး ပြန်လည်ရွေးချယ်ခံရမှုဟာ ဒေသတွင်းနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောဆိုထားပြီး ရွေးကောက်ပွဲ မသမာမှုတွေရှိကြောင်း အတိုက်အခံတွေက…

Read More

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၄ ရက်၊ နံနက် ၁၀ နာရီ)

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၄ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၆၅၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September14

Read More

မြင်းခြံမြို့နယ်မှာ သေနတ်ဒဏ်ရာနဲ့ အမည်မသိ ရုပ်အလောင်း ၃ လောင်း စွန့်ပစ်ထားမှု ဖြစ်ပွား

စက်တင်ဘာ ၁၄ -၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ဂျုပ္ပင်ကျေးရွာရဲ့အရှေ့ဘက် မြင်းခြံ – ညောင်းဦးသွားကားလမ်း ရေကျော်တံတားရဲ့အနောက်ဘက်နေရာမှာ မနေ့ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက အမည်မသိ (စုံစမ်းဆဲ) လူ ၃ ယောက်ကို သတ်ဖြတ်စွန့်ပစ်ထားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူတွေကတော့ အမျိုးသား ၃ လောင်းဖြစ်တယ် ၊ အသက်အရွယ်အားဖြင့် ၄၀ တယောက် ၊ ၂၀ အရွယ် ၂ ယောက်ဖြစ်တယ် ၊ အဲ့ဒီ ၃ ယောက်ဟာ ဘယ်ရွာကလည်းဆိုတာ အခုထိ မသိရသေးဘူး ၊ သွားရင်းလာရင်း သေနတ်နဲ့ ဦးခေါင်းပိုင်းတွေမှာ ပစ်သတ်ခံထားရတာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး…

Read More

အိမ်ခြံမြေ အကျိုးဆောင်လိုင်စင် မရှိသူတွေကို အရေးယူဖို့ ဆောင်ရွက်မယ်

စက်တင်ဘာ ၁၄ – ၂၀၂၃ SN (VOM) ပြည်တွင်းမှာ အိမ်ခြံမြေ အကျိုးဆောင်လုပ်နေတဲ့သူတွေ လိုင်စင်မရှိပါက အရေးယူနိုင်ဖို့အတွက် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောပါတယ်။ စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၊ အေးရှားပလာဇာဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိ အိမ်ခြံမြေလောကမှာ အကျိုးဆောင်လိုင်စင်မရှိဘဲ လိမ်လည်ရောင်းချတာတွေ ရှိနေတဲ့အတွက် အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုက ပါးစပ်ပါရင် ပွဲစားဖြစ်တယ်ဆိုပြီး ဖြစ်သလိုလုပ်နေကြတာရှိတယ်။ အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်သူတယောက်အနေနဲ့ MRESA အသင်းဝင်ထားတဲ့အခါ အကျိုးဆောင်ခကို လိမ်လည်ရယူပြီး ရှောင်တိမ်းတာမျိုးတွေ ပြုလုပ်လို့မရသလို လိမ်လည်ခံရတဲ့သူတွေအနေနဲ့လည်း အသင်းကိုဆက်သွယ်တိုင်ကြားနိုင်တယ်” လို့ MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောပါတယ်။ အကျိုးဆောင်လိုင်စင် လျှောက်ထားဖို့အတွက် MRESA အသင်းဝင်…

Read More

တံတားဦးလေဆိပ်မှာ တာဝန်ကျနေတဲ့ ဒုရဲအုပ် လင်မယား ပစ်သတ်ခံရ

စက်တင်ဘာ ၁၄ ၊ ၂၀၂၃ SP( VOM) မန္တလေးတိုင်း ၊တံတားဦးခရိုင် ၊ တံတားဦးလေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေကြောင်းရဲ အရာရှိ(၁)ဦးဟာ မနေ့ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ပစ်သတ်ခံရတယ်လို့ လေကြောင်းရဲ အသိုင်းအဝိုင်းဆီက သိရပါတယ် ။ ” တံတားဦးလေဆိပ်ကနေ စစ်ကိုင်းမြို့နယ်က သလွန်ဖြူရွာကို သွားတယ် ၊ အဲ့ဒီ သလွန်ဖြူရွာနားမှာ ပစ်သတ်ခံရတာဖြစ်တယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ သေဆုံးသူက လေကြောင်းရဲ ဒုရဲအုပ် သန်းမင်းစိုး ဆိုသူဖြစ်တယ် ၊ သူရော သူ့မိန်းမပါ ပစ်သတ်ခံရတယ်လို့ ကနဦး သိရတယ် ၊ သူ့မိန်းမတော့ သေ ၊ မသေ မသိရသေးဘူး” လို့ တံတားဦးလေဆိပ် အသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့…

Read More

ကယားက စစ်ရှောင်ကလေးတွေသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာပြီး အကူအညီတွေလိုအပ်နေ

စက်တင်ဘာ ၊ ၁၄-၂၀၂၃ MM (VOM) ကယားပြည်နယ်က စစ်ဘေးရှောင် ကလေးတွေသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ ”ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ စတဲ့ မြို့နယ်တွေက စစ်ဘေးရှောင်ကလေးတွေမှာ သွေးလွန်တုပ်ကွေးတွေဖြစ်နေတာ၊ သြဂုတ်ဂုတ် လ နောက်ဆုံးအပတ်လောက်က (၁)ယောက်စ(၂) ယောက်ဖြစ်လာရင်းနဲ့ အခုဆို မနည်းဘူး အယောက် ၁၀၀ ဝန်းကျင်လောက်ရှိမယ်၊ တနေ့နဲ့ တနေ့အဖြစ်များလာတယ်၊ ကြာလာရင် မလွယ်ဘူး ချမ်းတုန်ပြီး ကိုယ်တွေပူ နေတယ်၊ ကိုယ်ခန္ခာမှာလည်း အနီစက်တွေပွနေတာ တွေ့ရတယ်၊ဘာရရ အကူအညီ အရမ်းလိုအပ်နေတယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ(၁)ဦးကပြောပါတယ်။ အဲ့ဒီ စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေသူ(၁)ဦးက”အခုလို မိုးတွင်းမှာ အိမ်မှာကောင်းကောင်း နေရင်တောင် သွေးလွန်တုပ်ကွေးက ဖြစ်တတ်တဲ့ ရောဂါပါ၊ စစ်ရှောင်နေရတဲ့ ကလေးတွေအဖို့ ပိုဆိုးတာပေါ့…

Read More

တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်း သုံးခုကနေ သွင်းကုန်လိုင်စင်လျှောက်ထားမှုနဲ့ပတ်သက်ပြီး လိုင်စင်ခွင့်ပြုပေးမယ့် အခြေအနေ

စက်တင်ဘာ ၁၃၊ ၂၀၂၃ Shy V(VOM) တရုတ်နယ်စပ်ကနေ မြန်မာဘက် တင်သွင်းမယ့် သွင်းကုန်လိုင်စင် လျှောက်ထားမှုအပေါ် Credit Advice နဲ့ Bank Statement မူရင်းတင်ပြရန် မလိုဘဲ လိုင်စင်ခွင့်ပြုပေးမှာဖြစ်တယ်လို့ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေးစခန်းတွေရဲ့ အသိပေး ထုတ်ပြန်စာနဲ့ နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။ “ကံပိုင်တည်ရယ်၊ ချင်းရွှေဟော်ရယ်၊ မူဆယ်ရယ် အဲ့ဒီသုံးပေါက်ကတော့ ပို့ကုန်ရငွေကို သွင်းကုန်အတွက် ပြန်ပြစရာမလိုဘူး။ Ending ဖြုတ်လိုက်တယ်လို့ ခေါ်တာပေါ့နော်။ Credit ပြစရာမလိုတော့ဘူးတဲ့။ ဒါပေမယ့် မြဝတီ တို့၊ တာချီလိတ်တို့တော့ မပါသေးဘူး။ အဲ့ဒီဘက်ကလည်း မကြာခင် ဖြေလျှော့မယ်လို့တော့ကြားတယ်”လို့ နယ်စပ် သွင်းကုန်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။ အရင်ကဆောင်နေကျကတော့ ဂျူတီအလိုက် ပေးဆောင်ရင် ပို့ကုန်ရငွေ စာရွက်စာတမ်းတွေပြမှ သွင်းကုန်အတွက် ဂျူတီဆောင်ခွင့်ပေးတာဖြစ်တယ်…

Read More

ရန်ကုန်ကို အလည်ရောက်နေတဲ့ ရဲအုပ်တဦး ပစ်သတ်ခံရ

စက်တင်ဘာ ၁၃ – ၂၀၂၃ SP -GG (VOM ) ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊(၈)ရပ်ကွက်၊တပင်ရွှေထီးလမ်းက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်လာသောက်တဲ့ ရဲအုပ်အောင်သက်ထွေးဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရမှု ဒီနေ့ စက်တင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ” ဝေယံလက်ဘက်ရည်ဆိုင်ထဲမှာ ထိုင်နေတာကို ဝင်ပြီးပစ်သွားတာ၊ ပစ်သွားသူက ၂ ယောက် ပါ။ပစ်တာတော့ ၃ ချက်လို့ သိရတယ်။ ဖြစ်ပြီး ဆေးရုံခေါ်သွားပေမယ့် သေသွားတယ် သိရတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အဆိုပါ ရဲအုပ်အောင်သက်ထွေးဆိုသူဟာ ရန်ကုန်မှာတာဝန်ကျတဲ့ ရဲအုပ်မဟုတ်ဘဲ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တာဝန်ကျတဲ့ ရဲအုပ်ဖြစ်တယ်လို့သိရပါတယ်။ ” ဒီနေ့လယ်ပိုင်းက ပစ်ခံရတာဖြစ်တယ် ၊ သူက ရန်ကုန် ရွှေပြည်သာက မဟုတ်ဘူး ၊ ကယားပြည်နယ် လွိုင်ကော်မှာ တာဝန်ကျတယ် ၊ အခုဟာက…

Read More

အင်အားကြီး နိုင်ငံတွေအကြား ပြင်းထန်လာတဲ့ ဟိုက်ပါဆိုးနစ်လက်နက် အားပြိုင်ပွဲ

မျိုးဆက်(VOM) စက်တင်ဘာ-၁၃-၂၀၂၃ လွန်ခဲ့တဲ့ နှစ်အတန်ကြာအချိန်ကတည်းက ကမ္ဘာ့နျူကလီးယားအင်အားကြီး နိုင်ငံအချို့ဟာ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်လို လက်နက်သစ်တွေ တီထွင်ထုတ်လုပ်ရေးမှာ အပြိုင်အဆိုင်ဖြစ်လာကြပါတယ်။ လက်ရှိချိန်ထိ Hypersonic cruise missiles (HCMs) နဲ့ Hypersonic glide vehicles (HGVs) တို့ထုတ်လုပ်ရေးမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့က လက်ရှိအချိန်ထိ ဦးဆောင်နေပြီး တောင်အာရှဒေသမှာတော့ အိန္ဒိယနိုင်ငံကလည်း ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ လက်ရှိကာလရဲ့ စစ်မြေပြင်အနေအထားဟာ လက်နက်တွေရဲ့အမြန်နှုန်းနဲ့တိကျမှုတို့က အရေးပါလာတာကြောင့် အသံထက်မြန်တဲ့နှုန်းနဲ့ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေကို သယ်ဆောင် ပစ်ခတ်နိုင်တဲ့ ဟိုက်ပါဆိုးနစ်လက်နက်တွေကို ခေတ်သစ်စစ်မြေပြင်ရဲ့ လိုအပ်ချက်အရ အင်အားကြီးနိုင်ငံတွေက ပိုင်ဆိုင်ချင်နေကြတာဖြစ်ပါတယ်။ နျူကလီးယားတိုက်ခိုက်မှုနဲ့ ဟန့်တားခြင်းတွေမှာ အမြန်နှုန်းဟာ အရေးပါတဲ့ အချိုးကျမှု သဟဇာတဖြစ်မှုလည်း ဖြစ်ပါတယ်။ ။၁၉၅၀ ပြည့်အလွန်နှစ်တွေအတွင်း တိုက်ချင်းပစ်ဒုံးကျည် (ICBMs) တွေပေါ်လာပြီးနောက် ပစ်ခတ်တိုက်မှုတွေပြုလုပ်ရာမှာ ပစ်မှတ်ကိုရောက်ရှိရန် ကြာမြင့်ချိန်ကို ချုံ့နိုင်ခဲ့ကြပါတယ်။…

Read More
VOM News

FREE
VIEW