This Day in History

This Day in History Voice of Myanmar အယ်လ်ခိုင်ဒါအဖွဲ့နှင့်ဆက်နွယ်နေသော စစ်သွေးကြွ ၁၉ ဦးက လေယာဉ်လေးစင်း ပြန်ပေးဆွဲပြီး အမေရိကန်ရှိ ကမ္ဘာ့ ကုန်သွယ်ရေးအဆာက်အအုံနှင့် ပင်တဂွန်စစ်ဌာနချုပ်တို့ကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၃၀၀၀ ကျော်သေဆုံးခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September11

Read More

ငါန်းဇွန်မှာ သေနတ်ဒဏ်ရာတွေနဲ့ စွန့်ပစ်ထားတဲ့ အလောင်း ၄ လောင်းတွေ့

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၃ SP( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သားကျင်းကျေးရွာအနီး ငါန်းဇွန် – ငါးမြာကားလမ်းဘေးမှာ မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ကသတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄ လောင်း တွေ့ခဲ့ရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အသတ်ခံထားရတဲ့သူတွေက အသက် ၃၀ နဲ့ ၄၀ ကြား ၊ အမျိုးသားတွေ ဖြစ်တယ် ၊ သေဆုံးသူ ၄ ယောက်စလုံးက သေနတ်ကျည်ဆံ ဖောက်ဝင်ဒဏ်ရာတွေနဲ့ ဖြစ်တယ် ၊ ဘယ်ရွာက ဘယ်သူတွေဖြစ်တယ်ဆိုတာ မသိရသေးဘူး “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က”…

Read More

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၁ ရက်၊ နံနက် ၁၀ နာရီ)

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September11

Read More

အခွန်ကောက်ခံခြင်းကြောင့် စင်တင်တေးဂီတပါတဲ့ စားသောက်ဆိုင်တချို့ ဖျော်ဖြေရေးအစီအစဥ်တွေ ပယ်ဖျက်

စက်တင်ဘာ ၁၁ – ၂၀၂၃ SN (VOM) အခွန်ကောက်ခံခြင်းကြောင့် စင်တင်တေးဂီတပါတဲ့ စားသောက်ဆိုင်နဲ့ ဘားဆိုင်တချို့ သူတို့ရဲ့ ဖျော်ဖြေရေးအစီအစဥ်တွေကို ပယ်ဖျက်လာတယ်လို့ စားသောက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ ရန်ကုန်မှာ ဖွင့်လှစ်လုပ်ကိုင်နေကြတဲ့ စင်တင်တေးဂီတဖျော်ဖြေရေး တွဲဖက်လုပ်ကိုင်နေတဲ့ စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေအနေနဲ့ ဖျော်ဖြေရေးလိုင်စင်လျှောက်ထားပြီး တလကို ကျပ် ၃ သိန်းနှုန်းနဲ့ တနှစ်စာ ၃၆ သိန်းကို အခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ကြဖို့ သက်ဆိုင်ရာက စားသောက်ဆိုင်လုပ်ငန်းရှင်တွေနဲ့ ဘားဆိုင်လုပ်ငန်းရှင်တွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အရက်နဲ့ ဘီယာကိုသာ သီးသန့်ရောင်းချခွင့်ပြုထားတဲ့ စားသောက်ဆိုင်လိုင်စင်အပြင် နောက်ထပ် ဖျော်ဖြေရေးလိုင်စင်ကိုပါ ထပ်လျှောက်ပြီး အခွန်ဆောင်ရရင် အခက်အခဲရှိနိုင်တဲ့အတွက် တချို့သော စားသောက်ဆိုင်တွေနဲ့ ဘားဆိုင်တွေက သူတို့ရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ရပ်ဆိုင်းလာတာလို့ သိရပါတယ်။…

Read More

နယ်စပ်ယာယီဖြတ်သန်းခွင့်ကဒ် တိုကင်ကို ပွဲစားတွေက သောင်း၊ သိန်းချီ ဈေးနဲ့ ရောင်းစားနေ

စက်တင်ဘာ ၁၁-၂၀၂၃ Shy V(VOM) တရုတ် – မြန်မာနယ်စပ်၊ မူဆယ်က နန်းတော်နဲ့ ဆင်ဖြူဂိတ်တွေမှာ နယ်စပ်ယာယီ ဖြစ်သန်းခွင့် (TBP)ကဒ်ရဖို့ တန်းစီစရာမလိုအောင် သက်ဆိုင်ရာလူကြီးတွေက စီစဉ်ပေးထားတဲ့ တိုကင်ကို ပွဲစားတွေက သောင်းချီ၊ သိန်းချီ ဈေးနဲ့ ရောင်းစားနေကြတယ်လို့ တိုကင်ဝယ်ယူပြီး တရုတ်ဘက်ထဲ ဝင်လာသူတွေဆီက သိရပါတယ်။ “တရုတ်ငွေ ၅၀၀ ယွမ်နဲ့ ဝယ်ရတာ။ ဟုတ်တယ်။ ဝင်တဲ့သူတွေ ဝင်လာကြပြီ။ အခုဈေးတက်သွားပြီ၊ တိုကင် ၁ ခုကို မြန်မာငွေ ကျပ် ငါးသောင်း ကနေ သုံးသိန်း၊ ငါးသိန်း အထိတောင် ဈေး ပေါက်နေတယ်”လို့ တရုတ်ဘက် တိုကင်ဝယ်ပြီး ဝင်လာခဲ့တဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။ မူဆယ်ခရိုင် တာဝန်ရှိသူ(၁)ဦးက “ကြားထဲက ပွဲစား မရှိအောင်လေ။ ရောင်းလို့ မရအောင်…

Read More

ငရုတ်ကောင်းမြို့မှာ ရေစီးနဲ့မျောပါလို့ အမျိုးသား(၁)ဦး သေဆုံးခဲ့

စက်တင်ဘာ၊ ၁၀-၂၀၂၃ MM (VOM) ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ မနေ့ စက်တင်ဘာ ၉ ရက်က မိုးသည်းထန်စ္စာရွာသွန်းတဲ့ ဒဏ်ကြောင့် တောင်ကျရေတွေကျလာပြီး နေအိမ်(၁)လုံး ရေစီးထဲမျောပါကာအမျိုးသား(၁)ယောက်လည်းရေထဲမျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”တင်းချောင်းကျေးရွာအုပ်စု၊ ယောင်းယင်းကျေးရွာမှာ ဖြစ်တာ မနေ့က ၊ရုတ်တရက် တောင်ကျရေတွေထိုး ဆင်းလာတဲ့အချိန် နေမျိုးထွန်းဆိုသူက အသက်က ၃၀ ကျော်လောက်ရှိမယ်၊ ရေစီထဲပါသွား ပြီးသေဆုံးသွာတယ်၊ မနေ့ကပဲ သူ့ရဲ့အလောင်းပြန်တွေ့တယ်”လို့ ဒေသခံ (၁)ဦးကပြောပါတယ်။ ဒေသခံ ပရဟိတအဖွဲ့ဝင်(၁)ဦးကလည်း ”မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ အဆမတန်ထိုးဆင်းလာပြီး အဲ့ဒီရွာက အိမ်တစ်လုံးလည်း ရေစီးနဲ့ပါသွားတယ်၊ ဘာမှပြန်မရလိုက်ဖူး အကုန်ဆုံးရှုံးသွားတာ၊လူ ၆ ယောက်နေတဲ့အိမ် လူတွေတော့ ဘာမှမဖြစ်ဖူး ၊ အိမ်မျောပါတဲ့ မိသားစုကသက်သက်ပါ ၊ လူ ၁ ယောက် သေဆုံးတာကသက်သက်။”လို့ ပြောပါတယ်။ အဲ့ဒီ ဖြစ်စဉ်ကြောင့်…

Read More

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တချို့ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သိရ

စက်တင်ဘာ ၁၀ – ၂၀၂၃ SN (VOM) လတ်တလောဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေအတွက် ဗဟိုဘဏ်ပေါက်ဈေးနဲ့ အစိုးရထံမှ ဒေါ်လာဝယ်ယူကာ ပြည်တွင်းသို့သွင်းကုန်တွေ တင်သွင်းခဲ့တဲ့ လုပ်ငန်းရှင်တချို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဆက်တိုက်ခေါ်ယူစစ်ဆေးနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ စက်သုံးဆီနဲ့ စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို ဗဟိုဘဏ်ကရောင်းချပေးတဲ့ ဒေါ်လာပေါက်ဈေးနဲ့ ဈေးကွက်ပေါက်ဈေးကြား ကွာခြားချက်တွေရှိနေတာကြောင့် သူတို့ရဲ့ကုန်စည်ဈေးနှုန်းတွေကို မှတ်တမ်းယူ စစ်ဆေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ “အခုက ‌စောင့်ကြည့်စစ်ဆေးတာတွေ၊ ခေါ်မေးတာတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။ အရင်က ဒေါ်လာဈေးနဲ့ ရွှေဈေးကစားတဲ့သူတွေကိုပဲ ဖမ်းတာစစ်ဆေးတာလုပ်တာ။ အခုနောက်ပိုင်းက ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ၊ တခြား စီးပွားရေးလုပ်ငန်းရှင်တွေဘက် လှည့်လာတယ်။ ဒါက စသုံးလုံးညွှန်ချုပ်နေရာကို ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိအဆင့်တယောက်နဲ့ အစားထိုးလိုက်ပြီး နောက်ပိုင်းမှာ ဖြစ်လာတာတွေပေါ့။ အရာရှိ အပြောင်းအလဲက လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေ၊ ဒေါ်လာ ဈေးကစားတာနဲ့ပတ်သက်ပြီး အပြောင်းအလဲလုပ်လိုက်တဲ့…

Read More

အမျိုးသမီးတစ်ဦး ဓားဒဏ်ရာတွေနဲ့ အသတ်ခံရပြီး အဝတ်မပါဘဲ အောင်ဇေယျတံတားပေါ်မှာ အလောင်းစွန့်ပစ်ခံခဲ့ရ

စက်တင်ဘာ ၁၀ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)က အောင်ဇေယျကြိုးတံတားပေါ်မှာ ဓားဒဏ်ရာများစွာနဲ့အသတ်ခံထားရတဲ့ အဝတ်ဗလာ အမျိုးသမီးတစ်ဦးရုပ်အလောင်း စွန့်ပစ်ခံခဲ့ရမှု မနေ့ စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအမျိုးသမီးရဲ့ခန္ဒာကိုယ်မှာ ဓားဒဏ်ရာပေါင်း ၁၅ ချက်ထက်မနည်းတွေ့ရှိရပြီး လက်ရှိမှာ အသတ်ခံရတဲ့အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းနေဆဲပဲလို့ သိရပါတယ် ။ “အဝတ်မပါဘူး မှောက်လျက်အနေအထားနဲ့သေနေတာပေါ့၊ဘယ်နေရာမှာ ဘယ်လိုသတ်ပြီး လာစွန့်ပစ်တာလဲ မသိရသေးဘူး။သတ်ပြီးအဝတ်ဗလာနဲ့ တံတားပေါ်လာထားတယ်ဆိုကတည်က အငြိုးနဲ့လုပ်တယ်လို့ထင်တယ်။အသက်က ၃၃ နှစ်လောက်ဆိုတာပဲ သိရသေးတယ်၊ကျန်တာမသိရသေးဘူး။ ဓားဒဏ်ရာတွေက ညာဘက် နားထင်၊ နားရွက်အောက်၊ လည်ပင်းနဲ့ လက်မောင်းမှာ ထိုးသွင်းဒဏ်ရာ၁ချက်စီတွေ့တယ်၊နောက် ဘယ်ညာ ရင်ဘတ်နဲ့ ဗိုက်မှာလည်း ဒဏ်ရာ ၅ချက်နဲ့ လက်ဖျံမှာ ပြတ်ရှုဒဏ်ရာ၆ ချက်တွေ့ရတယ်။ “လို့ လုံခြုံရေး တပ်ဖွဲ့ နဲ့နီးစပ်သူ(၁)ဦးကပြောပါတယ်။ လက်ရှိမှာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက…

Read More

အမြန်လမ်းယာဉ်တိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၁၀ – ၂၀၂၃ SN (VOM) မနေ့ စက်တင်ဘာ ၉ ရက်၊ ည ၁၀ ခွဲ ဝန်းကျင်က အမြန်လမ်းမှာ အိမ်စီးကား ၁ စီး လမ်းလယ်ရှိ ဘယ်ရီယာတုံးတွေကို ဝင်တိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၀/၂) နဲ့ (၁၁၀/၃) ကြားမှာ Toyota Corolla Van (ခဲရောင်ယာဉ်) ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘယ်ရီယာတုံးကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တာပါ။ “ကားက ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်တက်တဲ့ကားပါ။ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်က ဘယ်ရီယာတုံးတွေကို ဝင်တိုက်မိတာ။ အခုတလော မိုးလေများတော့ အခုလိုတွေ ခဏခဏဖြစ်တယ်။ အခုဖြစ်စဉ်မှာ ကလေးက တယောက်တည်းပါတာပါ။…

Read More

စက်တင်ဘာလ ပထမပတ်အတွင်း ဆန် ၊ စပါး စျေးကွက်အခြေအနေ သုံးသပ်ချက်

စက်တင်ဘာ ၁၀ – ၂၀၂၃ GG (VOM) ဆက်တိုက် မြင့်တက်လာခဲ့တဲ့ ပြည်တွင်းဆန်စျေးနူန်းတွေကတော့ အခုစက်တင်ဘာလ ပထမပတ်မှာလည်း အမြင့်စျေးတန်းမှာပဲ ရှိနေပါတယ်။ မြင့်တက်လာခဲ့တဲ့ ဆန်စျေးကို ကျဆင်းအောင်နဲ့ တည်ငြိမ်အောင်အတွက်ဆိုပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်ကနေ ဆန်စျေးတွေ‌ လျှော့ချရောင်းပေးတာတွေ လုပ်နေပေမယ့်လည်း ဆန်စျေးက ကျဆင်းသွာခြင်းမရှိဘဲ အမြင့်စျေးတန်းမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နဲ့ ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်းနယ်စုံ၊ပေါ်ဆန်းသစ်ရှယ် ဆန်အမျိုးအစားတွေကို (၁)သိန်းကျပ် ၊ရွှေဘိုပေါ်ဆန်းကို (၁၂၅၀၀၀) ကျပ်နဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဧည့်မထ ၂၅ မှတ်တန် ဆန်ကိုလည်း ၁ ပြည် ၂၅၀၀ နဲ့ရောင်းချပေးနေပါတယ်။ ဒါ့အပြင် မြို့နယ်တိုင်းက ဆန်အရောင်းဆိုင်ကြီးတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကခေါ်ယူဆွေးနွေးကာ သူတို့သတ်မှတ်တဲ့ဆန်ကို သတ်မှတ်နူန်းထားနဲ့ ရောင်းချပေးဖို့ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW