စက်တင်ဘာ ၇-၂၀၂၃ GG (VOM) ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်မှုလုပ်တဲ့နေရာမှာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံနဲ့ ကြက်သွန်နီ နဲ့ ရေချို၊ ရေငန်ငါးမျိုးစုံကို မောင်တောကုန်သွယ်ရေးစခန်းကနေ တင်ပို့ခွင့်မပြုတော့ဘဲ စစ်တွေကုန်သွယ်ရေးစခန်းကသာ တင်ပို့ရမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်းတွေကို စစ်တွေကုန်သွယ်ရေးစခန်းကနေ တင်ပို့ခြင်းက နှစ်နိုင်ငံ ကုန်သွယ်မှု ပိုပြီးလုပ်နိုင်လို့ အကျိုးထိရောက်မှုရှိပေမယ့် ရေထွက်ကုန်ပစ္စည်းတွေကတော့ အရည်အသွေးပိုင်းဆိုင်ရာမှာ အခက်အခဲတွေရှိနိုင်တယ်လို့ မောင်တောနယ်စပ်ကုန်သည်(၁)ဦးကပြောပါတယ်။ ” မောင်တောနဲ့ဆိုရင် တစ်ရက်ကို ၁၀ စီးပို့နိုင်ရင် စစ်တွေကနေ အစီး၂၀ ပို့နိုင်တယ်ပေါ့။ဒီထက်မက ပို့နိုင်အောင် စဥ်းစားတာမှန်တယ်၊ငါး တို့ကျ အဆင်မပြေလောက်ဘူး အခက်အခဲရှိနိုင်မယ် စိုးရိမ်တာပေါ့ ၊အရည်အသွေးပိုင်းပေါ့၊ စစ်တွေကနေ ဘင်္ဂလားဒေ့ရှ်ကို လမ်းခရီးကဝေးတယ် ၊မောင်တောက နီးတယ် လမ်းခရီးက ၁ နာရီလောက်ပဲ၊စစ်တွေကကျတော့ အနည်းဆုံး ၁၀ နာရီသွားရတယ်၊…
Read MoreMonth: September 2023
စစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်တည်း လူ ၈ ယောက် အသေပစ်ခတ် ဖမ်းဆီးခံရ
စက်တင်ဘာ ၇ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် ၊ ကျွဲရဲကျေးရွာနားနဲ့ ကြေးမုံကျေးရွာအနီးမှာ မနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်းကစလို့ နေ့ခင်းပိုင်းအထိ လူ ၈ ယောက် ပစ်သတ်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ မနက် ၇ နာရီဝန်းကျင်က ကြေးမုံကျေးရွာနားမှာ လူ ၆ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒီမှာ ၆ ယောက်စလုံး သေတယ် ၊ နောက်ပြီး နေ့ခင်း ၂ နာရီဝန်းကျင်မှာ ကျွဲရဲကျေးရွာနားမှာ နောက်ထပ် လူငယ် ၁ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒါလည်း သေတယ်၊ အဲ့ဒီအပြင် တမူးမြို့နယ် ၊ ခို့မွန်းနွံကျေးရွာနားမှာ ညနေ…
Read Moreမြန်မာ့နိုင်ငံရေး အကျပ်အတည်း အာဆီယံသုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်ရန် အာဆီယံခေါင်ဆောင်တွေ သဘောတူ
ဂျကာတာ၊ စက်တင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်ရှိမြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ဝင်သုံးနိုင်ငံက တာဝန်ယူသွားဖို့ အာဆီယံခေါင်းဆောင်တွေက သဘောတူလိုက်ကြပါတယ်။ အဲဒီလိုမြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ တုံ့ပြန်မှုတွေကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ၊ ယခင်အလှည့်ကျဥက္ကဌနဲ့ လာမည့်အလှည့်ကျဥက္ကဌနိုင်ငံ သုံးနိုင်ငံက ဦးဆောင်တာဝန်ယူသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူနိုကပြောပါတယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ တနှစ်အတွင်း ပြေလည်မှာမဟုတ်ဆိုတာကို လူတိုင်းနားလည်သဘောပေါက်ကြောင်း ၊ လက်ရှိသဘောတူခဲ့တဲ့ အလွတ်သဘော ထရွိုက်ကာ “troika”လမ်းစဉ်နဲ့ အကျပ်အတည်းကို အချိန်ယူဖြေရှင်းသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ဒီလမ်းစဉ်အရ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှား၊ ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဌ လာအိုနဲ့ ၂၀၂၅ ခုနှစ်အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံတို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာအာဏာပိုင်တွေအကြား ၂၀၂၁ ခုနှစ် ဧပြီလမှာ ရရှိခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ လက်ရှိ…
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ-၇ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ-၇ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအရှေ့မြောက် စီးပွားရေး တံခါးပေါက် ၂ ခုရဲ့ အခုရက်ပိုင်း ကုန်သွယ်မှုအခြေအနေ
စက်တင်ဘာ ၇- ၂၀၂၃ Shy V(VOM) ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းရဲ့ ဩဂုတ် ၂၆ ရက် ကနေ စက်တင်ဘာ ၅ ရက် အထိ အမေရိကန်ဒေါ်လာ ၃၉.၉၇၈ သန်း ကုန်သွယ်နိုင်ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၀.၄၃၂ သန်းရှိပြီး သွင်းကုန် အမေရိကန် ဒေါ်လာ ၂၉.၅၄၆ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ရာဘာ၊ ပဲတီစိမ်း၊ ပဲယင်း၊ ပဲလွန်းဖြူ၊ နှမ်းနက်၊ စွန်တာနီပဲ၊ မြေထောက်ပဲ၊ ဆန်ကွဲ၊ မြေပဲဆံ နဲ့ ပြောင်း တွေ အများဆုံး တင်ပို့ခဲ့ အများဆုံးတင်သွင်းခဲ့တဲ့ သွင်းကုန်ပစ္စည်းတွေကတော့ သံနဲ့ သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ စက်နဲ့ စက်အပိုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဇာနဲ့ ဇာထိုးထားသောအထည်အလိပ်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ လုပ်ငန်းသုံး…
Read MoreThis Day in History
This Day in History Voice of Myanmar ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စ်စမွန်တူးတူးသည် တောင်အာဖရိကတွင် အသားအရောင်ခွဲခြားမှုကို အကြမ်းမဖက်သောနည်းဖြင့် ဆန့်ကျင်တိုက်ဖျက်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ပြီးနောက် နှစ်နှစ်အကြာ ၁၉၈၆ ခုနှစ် စက်တင်ဘာ ရက်တွင် တောင်အာဖရိက၏ ပထမဆုံးသော လူမည်းဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September7th
Read Moreရုရှားအတွက် လက်နက်ထောက်ပံ့ရင် တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ မြောက်ကိုရီးယားကို အမေရိကန် သတိပေး
ဝါရှင်တန်၊ စက်တင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားအနေနဲ့ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို လက်နက်များထောက်ပံ့မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးများနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး တန်ဖိုးကြီးကြီးပေဆပ်ရမယ်လို့ အမေရိကန်က သတိပေးပြောဆိုလိုက်ပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား လက်နက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ အရှိန်မြှင့်နေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားအတွက် လက်နက်တွေထောက်ပံ့တာဟာ မြောက်ကိုရီးယားအတွက် ကောင်းမွန်တဲ့ အကျိုးဆက်ရှိလာမှာမဟုတ်ကြောင်း၊ ဒီကိစ္စအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ တန်ဖိုးကြီးကြီး ပေးဆပ်ရမှာဖြစ်ကြောင်း သူကသတိပေးပြောဆိုပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားအတွက် လက်နက်ခဲယမ်းမီးကျောက်တွေ သို့မဟုတ် အခြားစစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချမှုကိုတော့ လက်ရှိအချိန်ထိ အမေရိကန်က အတည်မပြုနိုင်သေးကြောင်း ဂျိတ်ဆူလီဗန်ကပြောပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ လက်နက်ဆိုင်ရာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ယခုလအတွင်း ရုရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ Ref:NHK #voiceofmyanmar #VOM #မြောက်ကိုရီးယား #ရုရှား…
Read Moreရွှေလုပ်ငန်းလိုင်စင် ၅ မျိုးအတွက် YGEA က ထောက်ခံချက် အခမဲ့ ထုတ်ပေးနေ
စက်တင်ဘာ ၇ – ၂၀၂၃ SN (VOM) ရွှေနဲ့ ပတ်သက်တဲ့ လုပ်ငန်းလိုင်စင် ၅ မျိုးအတွက် ထောက်ခံချက်တွေ အခမဲ့ ထုတ်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က မနေ့ စက်တင်ဘာ ၆ ရက်မှာ အသိပေးချက် ထုတ်ပြန်ထားပါတယ်။ လုပ်ငန်းလိုင်စင် လျှောက်ထားရာမှာ လိုအပ်တဲ့ ရွှေဆိုင်လိုင်စင်ထောက်ခံချက်၊ ရွှေသန့်စင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ပန်းတိမ်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ အပေါင်ဆိုင်လုပ်ငန်းလိုင်စင် ထောက်ခံချက်နဲ့ ရွှေအတုံးအခဲ အရောင်းအဝယ် လိုင်စင်ထောက်ခံချက်တွေကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ အခမဲ့ ထောက်ခံပေးလျက်ရှိတယ်လို့ သိရပါတယ်။ “ရွှေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေကို သက်တမ်း ၁ နှစ်ပဲ ပေးထားတာလေ။ လာမယ့် ဒီဇင်ဘာဆိုရင် သက်တမ်းကုန်တော့မှာပေါ့။ အဲ့ဒါကြောင့် အချိန်မီ လိုင်စင် ပြန်လျှောက်နိုင်ဖို့ လိုတယ်။ အခုက တော်တော်များများ ဆိုင်သစ်တွေလည်း ဖွင့်လာတာတွေ့ရတယ်။ လိုင်စင်လျှောက်ထားတာမရှိရင် သက်ဆိုင်ရာက အရေးယူတာမျိုးတွေ…
Read Moreမြန်မာနောင်း ဓာတ်ပုံသတင်းထောက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ
စက်တင်ဘာ ၆-၂၀၂၃ SP + SN (VOM) ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မေ ၂၃ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက် ကို ဒီကနေ့မှာပဲ ရန်ကုန် အင်းစိန် ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံလိုက်ရတယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ် ။ ” ဒီကနေ့ပဲ Myanmar Now သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက် ဆိုသူကို အမိန့်ချတယ် ၊ အမိန့်ချခံရတဲ့ ပုဒ်မတွေကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆…
Read Moreယူကရိန်းသမ္မတ ဇီလန်စကီး ရုရှားတပ်တွေနဲ့တိုက်နေတဲ့ အဓိကရှေ့တန်းစစ်မျက်နှာတွေကို သွားရောက်
ကိယက်ဗ်၊ စက်တင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအားပေးဖို့ အဓိကရှေ့တန်းစစ်မျက်နှာကို သွားရောက်ခဲ့ကြောင်း ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ပါတယ်။ သမ္မတဇီလန်စကီးဟာ နိုင်ငံအရှေ့ပိုင်း ဒွန်နက်ခ်ဒေသနဲ့ တောင်ပိုင်းရှိ ဇာပိုရစ်ဇီးယားဒေသတို့ကို သွားရောက်ခဲ့ကြောင်း သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒွန်နက်ခ်ရှိ ဘက်မွတ်ခ်မြို့အနီး ရှေ့တန်းစစ်မျက်နှာမှာ ရိုက်ယူထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ သမ္မတဇီလန်စကီးနဲ့ တပ်မှူးဖြစ်သူ အိုလက်ခ်ဆန်ဒါဆီစကီး တို့ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ “ ဒီနေ့ ဒီၤမှာရှိနေရတာကို ဂုဏ်ယူမိပါတယ်။ ယူကရိန်းပြည်သူတရပ်လုံးရဲ့ကိုယ်စား နိုင်ငံနဲ့ နယ်နိမိတ်ကို ကာကွယ်ပေးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ခွန်အားနဲ့ ကာကွယ်ပေးမှုတွေအတွက် နှလုံးသားထဲက ကျေးဇူးတင်ပါတယ်” လို့ ရှေ့တန်းစစ်မျက်နှာမှာ သမ္မတဇီလန်စကီးက ပြောပါတယ်။ ရုရှားရဲ့ ပထမဆုံးကာကွယ်ရေးစည်းကို ထိုးဖောက်နိုင်ခဲ့တယ်လို့ ယူဆရတဲ့ ဇာပိုရစ်ဇီးယားရှိ အဓိကမြို့တွေမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ယူကရိန်းလက်ထောက်ကာကွယ်ရေးဝန်ကြီး ဟန်နာမီလာက ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး…
Read More