အစ္စလာမ္မာဘတ်၊ အောက်တိုဘာ-၃-၂၀၂၃
မျိုးဆက်(VOM)
ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ကိုယ်အင်္ဂါရောင်းဝယ်ဖောက်ကားသည့်ဂိုဏ်းတခုမှ လူရှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဖာဝက်ဒ်မူခ်တားဟာ လူပေါင်း ၃၀၀ ကျော်ရဲ့ ကျောက်ကပ်တွေကို ထုတ်ယူပြီး ကျောက်ကပ်အစားထိုးလိုတဲ့ လူချမ်းသာတွေကို အစားထိုးလှဲလှယ်မှုအတွက် ရောင်းချခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
အခုလို ကိုယ်တွင်းအင်္ဂါတွေထုတ်ယူမှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တွေကပြောပါတယ်။ ကျောက်ကပ်ထုတ်ယူမှုတွေကို သီးသန့်နေအိမ်တွေမှာ ပြုလုပ်လေ့ရှိပြီး ရံဖန်ရံခါ ထုတ်ယူခံရတဲ့သူတွေကိုယ်တိုင် မသိရှိခဲ့ကြောင်း ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် မော့ဆင်နက်ဗီက ပြောပါတယ်။
အဲဒီဂိုဏ်းဟာ ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းတလျှောက်နဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတို့မှာ လှုပ်ရှားနေတယ်လို့ ယုံကြည်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
ဂိုဏ်းဝင်တွေဟာ ကျောက်ကပ်များကို ရူပီး ၁၀ သန်း သို့မဟုတ် ဒေါ်လာ တစ်သိန်းနှစ်သောင်း ဈေးနဲ့ ရောင်းချခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကဆိုပါတယ်။ ပါကစ္စတန်နို်င်ငံမှာ လူ့အင်္ဂါအစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားခြင်းကို ၂၀၁၀ ခုနှစ်မှာ တရားမဝင်ကြောင်း သတ်မှတ်ခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
Telegram link : https://t.me/VOMNEWS2023/2735