ဓါးစာခံတွေ မလွတ်မချင်း ဂါဇာကို ပိတ်ဆို့တိုက်ခိုက်တာ အဆုံးမသတ်ဘူးလို့ အစ္စရေးစစ်တပ် သတိပေး

ဂါဇာစီးတီး၊ အောက်တိုဘာ-၁၂-၂၀၂၃
မျိုးဆက်(VOM)
အစ္စရေး ဓါးစာခံတွေ မလွတ်မချင်း ဂါဇာကို ပိတ်ဆို့တိုက်ခိုက်တာတွေကို အဆုံးသတ်မှာမဟုတ်ကြောင်း အစ္စရေးက သတိပေးပြောကြားလိုက်ပါတယ်။
“ ဂါဇာမှ မီးခလုတ်ဖွင့်ထားလဲ မီးမရ၊ ရေဘုံဘိုင်ဖွင့်ထားလည်း ရေမလာ၊ လောင်စာဆီကားလည်း ဝင်လာမှာမဟုတ်ဘူး” လို့ အစ္စရေးစွမ်းအင်ဝန်ကြီးက ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တွေရဲ့ အလွန်ကြီးမားတဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်ကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နှစ်ဘက်ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး အခွင့်အရေးယူအသုံးမချဖို့ ဒေသတွင်းနိုင်ငံတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က သတိပေးထားပါတယ်။
အစ္စရေးမှာ လူပေါင်း ၁၂၀၀ ကျော်သေဆုံးခဲ့တဲ့ ဂါဇာအခြေစိုက် ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုပြီးနောက် ဟားမတ်စ်တွေဟာ အစ္စရေးကနေ လူ ၁၅၀ ထက်မနည်းကို ဓါးစာခံတွေအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အစ္စရေးကလည်း ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ခဲ့တာကြောင့် လူ ၁၀၀၀ ကျော်သေဆုံးပြီး ၃၃၈၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ဂါဇာမှာရှိတဲ့ တခုတည်းသော ဓါတ်အားပေးစက်ရုံဟာ မနေ့ကလောင်စာကုန်သွားတာကြောင့် ဒေသခံတွေဟာ သူတို့ရဲ့ မီးစက်တွေကိုပဲ မှီခိုနေရပါတယ်။
Ref: BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW