လှိုင်သာယာ မီးလောင်မှု အိမ်ခြေ ၃၀ ခန့် ပျက်စီးဆုံးရှုံး

 

အောက်တိုဘာ ၂၉ – ၂၀၂၃

SN (VOM)

ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်)၊ ရှမ်းချောင်းကျေးရွာ၊ အောင်ချမ်းသာ (၂) လမ်းမှာ မနေ့ အောက်တိုဘာ ၂၈ ရက်၊ ည ၇ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သွားရောက် ကူညီပေးခဲ့တဲ့ လူမှုရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။

“အိမ်ခြေကတော့ ၃၀ ပတ်ဝန်းကျင် ပါသွားတာတွေ့တယ်။ အိမ်ခြေ ၃၀ ဆိုတာ အရမ်းကြီး အိမ်ခြံ အကျယ်ကြီးတွေမဟုတ်ဘူး။ သူ့ရဲ့အိမ်လေးတွေက အရမ်းစိပ်ပြီးတော့ လိုင်းခန်းတွဲသာသာလောက် အဲ့လိုမျိုးလေးတွေဆိုတော့ အဲ့ဒီ့နားတဝိုက် ကွက်ပြီးပါသွားတာပေါ့။ လူထိခိုက်တာတော့ မကြားမိပါဘူး” လို့ အဲ့ဒီ့ မီးလောင်မှုဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အဲ့ဒီ့ မီးလောင်မှုကို လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပေမယ့် မီးအရမ်းများတဲ့အတွက် ည ၇ နာရီ ၂၄ မိနစ်ဝန်းကျင်မှာ Level 1 အဆင့် သတ်မှတ်ကာ ဆက်လက် ငြှိမ်းသတ်ခဲ့ရလို့ သိရပါတယ်။

ဒါ့ကြောင့် ည ၇ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက စစ်ဆေးလျက် ရှိတယ်လို့ သိရပါတယ်။

Photo:Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW