မြေထဲပင်လယ်မှာ ရဟတ်ယာဉ်ပျက်ကျမှု အမေရိကန်တပ်ဖွဲ့ဝင် ငါးယောက်သေဆုံး

 

 

ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၃

မျိုးဆက်(VOM)

မြေထဲပင်လယ်အရှေ့ပိုင်းမှာ လေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်ငါးယောက်သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။

ပုံမှန်လေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် ရဟတ်ယာဉ်ဟာ လေထဲမှာ ဆီဖြည့်နေစဉ်အတွင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်ဟာ ဒေသတွင်းမှာ သူ့ရဲ့အင်အားကို တိုးချဲ့လျှက်ရှိပါတယ်။

ရဟတ်ယာဉ်ဟာ ဘယ်နေရာကနေ ပျံသန်းလာပြီး ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ နေရာအသေးစိတ်အချက်အလက်တွေကို အမေရိကန်စစ်တပ်က အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။

ဒါပေမယ့် အမေရိကန်ဟာ မြေထဲပင်လယ်အရှေ့ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောနှစ်စင်းအပြင် အခြားစစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို လွန်ခဲ့တဲ့လမှာ ရွှေ့ပြောင်းချထားခဲ့ပါတယ်။

အထူးသဖြင့် အမေရိကန်ဟာ လက်ဘနွန်ရှိ အင်အားကြီး ဟဇ်ဘိုလာအဖွဲ့ အစ္စရေးဟားမတ်စ်ပဋိပက္ခမှာ ပါဝင်မလာစေရေး တားဆီးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအဖွဲ့ကို ဟားမတ်စ်တို့ကို လက်နက်နဲ့ ငွေကြေးထောက်ပံ့ထားတဲ့ အီရန်က ကျောထောက်နောက်ခံပြုထားပါတယ်။

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW