Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreDay: November 20, 2023
ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်
နိုဝင်ဘာ ၂၀ – ၂၀၂၃ SN (VOM) နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ တပတ်တာကာလအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းခဲ့ပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။ စက်သုံးဆီဈေးကွက်မှာတော့ ဓာတ်ဆီဝယ်ယူရခက်နေပြီး တန်းစီ ဝယ်ယူနေရတဲ့အချိန်မှာဈေးနှုန်းအပြောင်းအလဲ နည်းခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံအနှံ့ တိုက်ပွဲတွေ ပြင်းထန်လာသလို ပြည်တွင်းဘဏ်တွေမှာ အကန့်အသတ်နဲ့သာ ငွေထုတ်ပေးတော့ခြင်း၊ ဘဏ်ခွဲတချို့ ပိတ်သိမ်းခြင်း စတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ငွေထက်စိတ်ချရတဲ့ ရွှေဘက်မှာ ရင်းနှီးမြှုပ်နှံသူများပြားလာတဲ့အတွက် ရွှေဈေး ထိုးတက်လာတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ တဖက်မှာလည်း ငွေလဲနှုန်းတွေ မြင့်တက်နေပြီး တဒေါ်လာကို ၃၅၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ ၃၃၀၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိခဲ့တာဖြစ်ပါတယ်။ …
Read Moreမြန်မာ့အရေးဖြေရှင်းရေး အာဆီယံအတွက် အလွန်ခက်တဲ့ပြသနာလို့ ဖိလစ်ပိုင်သမ္မတပြော
မနီလာ၊ နိုဝင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ အာဆီယံအဖွဲ့ ဖြေရှင်းဖို့ခက်ခဲ့တဲ့ကိစ္စဖြစ်ပြီး တိုးတက်မှုအနည်းသာရှိခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာ့အရေးဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့မှာ ကတိကဝတ်တွေရှိနေပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုတွေအပါအဝင် ပြသနာတွေဟာ ရှုပ်ထွေးနေကြောင်း ဖိလစ်ပိုင်သမ္မတက ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ “ အာဆီယံအတွက် ဒီပြသနာတွေကို ဖြေရှင်းဖို့ တွန်းအားအများကြီးရှိပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်ခက်ခဲ့တဲ့ ပြသနာတခုဖြစ်ပါတယ်” လို့ ဖာဒီနန်မားကို့စ်ဂျူနီယာကပြောပါတယ်။ ဖိလစ်ပိုင်ဟာ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌတာဝန်ကို အစားထိုးပြီး ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ မြန်မာနဲ့အာဆီယံအဖွဲ့အကြား ရရှိထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အပြည့်အဝအကောင်အထည်မဖော်မချင်း အာဆီယံအစည်းအဝေးတွေမှာ မြန်မာခေါင်းဆောင်တွေတက်ရောက်ခွင့်…
Read Moreပြင်သစ်ဘုရင် နပိုလီယံရဲ့ ဦးထုပ်ကို ဒေါ်လာ ၂ ဒသမ ၁ သန်းနဲ့ လေလံတင်ရောင်းချ
ပါရီ၊ နိုဝင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) ၁၉ ရာစုက ပြင်သစ်အင်ပါယာကို အုပ်စိုးခဲ့တဲ့ ပြင်သစ်ဘုရင် နပိုလီယံဘိုနာပတ်ပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ ဦးထုပ်တလုံးကို ပြင်သစ်နိုင်ငံ ပါရီမှာ ပြုလုပ်တဲ့ လေလံပွဲမှာ ဒေါ်လာ ၂ ဒသမ ၁ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ ဒီဦးထုပ်ဟာ နပိုလီယံဝတ်ဆင်နေကြ ရိုးရာပုံစံဖြစ်ပြီး လေလံတင်ရောင်းချခဲ့တဲ့ ဦးထုပ်ဟာ နပိုလီယံပြည်နှင်ဒဏ်ခံခဲ့ရတဲ့ အယ်လ်ဘာကျွန်းကနေ မြေထဲံပင်လယ်ကို ဖြတ်ကျော်လွတ်မြောက်လာပြီးနောက် အာဏာရလာတဲ့ ၁၈၁၅ ခုနှစ်မှာ သူကိုယ်တိုင်ရေးထိုးထားတဲ့ တံဆိပ်တခုလည်း ပါဝင်ပါတယ်။ နပိုလီယံဟာ ဦးထုပ်မျိုး ၁၂၀ ပိုင်ဆိုင်တယ်လို့ ယုံကြည်ရပြီး ဒီထဲက ဦးထုပ်အလုံး ၂၀ ဟာ ယနေ့ခေတ်မှာ ကျန်ရှိနေသေးတယ်လို့ ယုံကြည်ရကာ အများစုကတော့ ပုဂ္ဂလိက စုဆောင်းသူတွေဆီမှာဖြစ်ပါတယ်။ လက်ရှိရောင်းချခဲ့တဲ့ဦးထုပ်ရဲ့ ဈေးနှုန်းဟာ ၂၀၁၄ ခုနှစ်မှာ ယူရို ၁ဒသမ ၈၈ သန်းရရှိခဲ့တဲ့…
Read Moreပခုက္ကူ – ပေါက် – ကျောက်ထု ကားလမ်းပေါ်က ယောချောင်းအမှတ် ၂ တံတား ၊ နှစ်လအတွင်း သုံးကြိမ် မိုင်ဒဏ်သင့်လို့ ကားလမ်းတွေ ပိတ်ထားရ
နိုဝင်ဘာ ၂၀ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူ – ကမ္မ – ရေပြာ – ပေါက် – ကျောက်ထုကားလမ်းပိုင်းပေါ်မှာရှိတဲ့ ယောချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ အမှတ် ၂ ယောချောင်းတတား ခေါ် ရေပြာတံတား ခေါ် အုန်းတော တံတားဟာ ဒီ နှစ်လအတွင်း သုံးကြိမ် မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ယာဥ်အသွားအလာတွေ သွားမရတာကြောင့် ပခုက္ကူ – ပေါက် – ကျောက်ထု လမ်းတွေ ပိတ်ထားရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပထမတကြိမ် ၊ မိုင်းခွဲခံရတယ် ၊ အချိန်တိုအတွင်း ပြုပြင်ပြီးနောက် ၊ ကားတွေ ဆိုင်ကယ်တွေ သွားလာလို့ ရသေးတယ် ၊…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၀ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၀ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပင်လယ်နီမှာ အစ္စရေးကုန်တင်သင်္ဘောတစင်းကို သိမ်းပိုက်လိုက်ကြောင်း ဟူသီအဖွဲ့ထုတ်ပြန်
ဆာနား၊ နိုဝင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေဟာ ပင်လယ်နီမှာ အစ္စရေးကုန်တင်သင်္ဘောတစင်းကို သိမ်းပိုက်လိုက်ကြောင်း သူပုန်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အခုလိုသိမ်းပိုက်ပြီးနောက် ကုန်တင်သင်္ဘောကို ယီမင်ရှိ ဆိပ်ကမ်းတခုဆီကို ယူဆောင်သွားခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့ကပြောပါတယ်။ ဒါဟာ အီရန်အကြမ်းဖက်ဝါဒရဲ့ နောက်ထပ်လုပ်ရပ်တခုဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဆိုပါတယ်။ အဲဒီသင်္ဘောဟာ အစ္စရေးသင်္ဘောမဟုတ်ကြောင်း၊ သင်္ဘောအမှုထမ်းတွေထဲမှာ အစ္စရေးတယောက်မှ မပါဝင်ဘူးလို့ အစ္စရေးက ပြောဆိုထားပေမယ့် အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ပိုင်ရှင်ဟာ အစ္စရေးတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အီရန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ အစ္စရေးနဲ့ ဟားမတ်စ်တို့ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ပွဲဖြစ်နေချိန်မှာ အစ္စရေးသင်္ဘောတွေကို ပြန်ပေးဆွဲမယ်လို့ ဟူသီသူပုန်အဖွဲ့က ခြိမ်းခြောက်ထားပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးခဲ့ပြီး ဂါဇာကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူတသောင်းကျော် သေဆုံးသွားပြီဖြစ်ပါတယ်။…
Read MoreThis Day in History
Voice of Myanamr ဆိုဗီယက်ဗုံးကြဲလေယာဉ်များ ကျွန်းမှဖယ်ရှားမည်ဟု ကတိပြုထားသည့်အတွက် ကျူးဘားကို အမေရိကန်က ပိတ်ဆို့ဝိုင်းရံထားခြင်းကို သမ္မတကနေဒီက ၁၉၆၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။
Read Moreလွိုင်ကော်မြို့ပေါ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကိုရင် နှစ်ပါး ပျံတော်မူ ၊ ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံ ၆၀ ဝန်းကျင်သေဆုံး
နိုဝင်ဘာ ၊၂၀၊ ၂၀၂၃ SP ( VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်မှာ မနေ့ နိုဝင်ဘာ ၁၉ ရက် ၊ မနက် ၇ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ဆွမ်းခံသွားဖို့ ပြင်ဆင်နေတဲ့ ကိုရင်လေး နှစ်ပါး ထိမှန်ပြီး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်းက ကိုရင်လေး နှစ်ပါး လက်နက်ကြီးကျည် ထိမှန်လို့ ပျံလွန်တော်မူတယ် ၊ ဘွဲ့တော်နဲ့ အသက် မသိရသေးဘူး ၊ ဒီရက်ပိုင်း နိုဝင်ဘာ ၁၁ ရက်ကနေပြီး ၁၉ ရက်အထိ နှစ်ဘက်တိုက်ပွဲတွေကြားမှာ ၊ လွိုင်ကော် မြို့ပြင်ရပ်ကွက်တွေဖြစ်တဲ့ ထေးငှားလျားရပ်ကွက်၊ ချီကယ် ရပ်ကွက်၊ နာနတ်တောရပ်ကွက် ၊…
Read More