တရုတ်မြောက်ပိုင်းမှာ ကလေးငယ်တွေကြား အမည်မသိအဆုတ်ရောင်ရောဂါ အစုလိုက်အပြုလိုက် ကူးစက်နေ

 

ပေကျင်း၊ နိုဝင်ဘာ-၂၃-၂၀၂၃

မျိုးဆက်(VOM)

တရုတ်နိုင်ငံမြောက်ပိုင်းမှာ ကလေးငယ်တွေကြားပျံ့နှံ့နေတဲ့ အမည်မသိအဆုတ်ရောင်ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်နေတာနဲ့ပတ်သက်ပြီး နောက်ထပ်အချက်အလက်တွေ ပိုမိုပေးအပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံတဝန်းရှိ ကလေးဆေးရုံတွေမှာ ဖျားနာနေတဲ့ ကလေးငယ်တွေနဲ့ ပြည့်နှက်နေကြောင်း အစိုးရမဟုတ်တဲ့ သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။

ယခုဆောင်းရာသီမှာ တုပ်ကွေးလိုမျိုး အဖျားအနာတွေတိုးလာတာဟာ ကိုဗစ်အစီအမံတွေကို ရုပ်သိမ်းလိုက်တာကြောင့်လို့ တရုတ်အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အဖျားရောဂါနဲ့ပတ်သက်ပြီး လူတွေကို ကူးစက်မှုလျှော့ချနိုင်ရေး အစီအမံတွေ ဆောင်ရွက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံကို တိုက်တွန်းထားပါတယ်။

အောက်တိုဘာလမှစပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာ လွန်ခဲ့တဲ့သုံးနှစ် အလားတူကာလနဲ့နှိုင်းယှဉ်မယ်ဆိုရင် တုပ်ကွေးရောဂါလို ဖျားနာမှုတွေ တိုးလာကြောင်း ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှု စောင့်ကြည့်ရေးအဖွဲ့က ProMed ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်းမီဒီယာတွေနဲ့ ထုတ်ပြန်ထားတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ ရောဂါအမည်မသိသေးတဲ့ အဆုတ်ရောင်ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆီက အချက်အလက်တွေ ပိုမိုရရှိလိုကြောင်း WHO ကဆိုပါတယ်။

တရုတ်နိုင်ငံတဝန်းတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု တိုးမြင့်လာပေမယ့် ငယ်ရွယ်တဲ့ကလေးငယ်တွေမှာ အဖြစ်များတဲ့ ဘက်တီးရီးယားနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တို့ကြောင့် ဖြစ်တယ်လို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ထားပါတယ်။

ဒါဟာ ကိုဗစ်အစီအမံတွေကို ရုပ်သိမ်းလိုက်တာကြောင့်လို့ အာဏာပိုင်တွေက ယူဆထားပြီး ဗြိတိန်နဲ့ အမေရိကန်တို့မှာလည်း ကိုဗစ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းပြီးနောက်မှာ တုပ်ကွေးလိုမျိုး အဖျားရောဂါတွေကူးစက်မှု မြင့်တက်ခဲ့ပါတယ်။

Ref:BBC

Photo:Mayur Kakade

 

Related posts

Leave a Comment

VOM News

FREE
VIEW