တောင်ကိုရီးယားနဲ့ စစ်ရေးသဘောတူညီချက် မြောက်ကိုရီးယားရုပ်သိမ်း၊ နယ်စပ်ကို တပ်ဖွဲ့ဝင်နဲ့ လက်နက်တွေ ပိုမိုဖြန့်ကြက်တော့မယ်

 

ပြုံးယမ်း၊ နိုဝင်ဘာ-၂၃-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့အကြား စစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့ရည်ရွယ်ထားတဲ့ ငါးနှစ်သက်တမ်းရှိ စစ်ရေးသဘောတူစာချုပ်ကို မြောက်ကိုရီးယားက အပြည့်အဝရုပ်သိမ်းလိုက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေပါတယ်။

မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၂၁ ရက်မှာ အာကာသထဲကို စစ်ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားက နယ်စပ်တလျှောက်မှာ ထောက်လှမ်းရေးလေယာဉ်တွေကို ဖြန့်ကြက်မှုတွေကိုပြန်လည်စတင်မယ်လို့ ပြောကြားခဲ့ဲပြီး နှစ်နိုင်ငံကြား စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ထားခဲ့သည်။

အဲဒီနောက်မှာတော့ မြောက်ကိုရီးယားဟာ စစ်ရေးသဘောတူညီချက်ကို အပြည့်အဝရပ်ဆိုင်းလိုက်ပြီး နယ်စပ်ကို တပ်ဖွဲ့ဝင်အများပြားနဲ့ လက်နက်တွေ ဖြန့်ကြက်မယ်လို့ ကတိပြုပြောဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယားစစ်တပ်ဟာ စက်တင်ဘာ ၁၉ တောင်-မြောက်စစ်ရေးသဘောတူညီချက်အရ ဘယ်လိုစည်းနှောင်မှုမျိုးမှ မရှိတော့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

မြေပြင် ဝေဟင် နဲ့ ရေပြင် အပါဝင် နယ်ပယ်အားလုံးမှာ စစ်ရေးပဋိပက္ခတွေကို တားဆီးဖို့လုပ်ဆောင်တဲ့ အစီအမံတွေအားလုံးကို ရုပ်သိမ်းပြီး နယ်စပ်ဒေသမှာ ပိုမိုအားကောင်းတဲ့ တပ်ဖွဲ့တွေနဲ့ စစ်လက်နက်အသစ်တွေကို ဖြန့်ကြက်ချထားမယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW