ထိုင်းက မင်္ဂလာပွဲတခုမှာ သတို့သားက သတို့သမီးပါအဝင် လူလေးယောက်ကို ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

    ဘန်ကောက်၊ နိုဝင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ မင်္ဂလားပွဲတခုမှာ သတို့သားက သတို့သမီးအပါအဝင် လူလေးယောက်ကို ပစ်သတ်မှုပြီးနောက် သူ့ကိုယ်သူလည်း အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သတို့သားဟာ အသက် ၂၉ နှစ်အရွယ် ချာတူရွန်ဆိုသူဖြစ်ပြီး သူဟာ မသန်စွမ်းအားကစားလက်ရွေးစင်နဲ့ ထိုင်းစစ်သားဟောင်းတယောက်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သူဟာ အသက် ၄၄ နှစ်အရွယ် ကန်ချနာပါချွန်သက်နဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ စနေ့နေ့က လက်ထပ်ခဲ့ကြပြီး ညပိုင်းဧည့်ခံပွဲလုပ်ချိန်မှာ သတို့သမီးနဲ့ အခြားသူတွေကို ပစ်သတ်ခဲ့တာြ်ဖစ်ပါတယ်။ ချာတူရွန်ဟာ ဧည့်ခံပွဲကနေ ရုတ်တရက်ထွက်သွားပြီးနောက် သေနတ်တလက်နဲ့ ပြန်ရောက်လာခဲ့ပြီး သတို့သမီး၊ သူမရဲ့အမေဖြစ်သူ အသက် ၆၂ နှစ်အရွယ်အမျိုးသမီးနဲ့ ၃၈ နှစ်အရွယ်ညီမဖြစ်သူတို့ကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပွဲလာတက်တဲ့ ဧည့်သည်တွေထဲက နှစ်ယောက်ဟာလည်း သေနတ်ထိမှန်ခဲ့ပြီး ဆေးရုံအရောက်မှာတော့ တယောက်သေဆုံးခဲ့ပါတယ်။ အခင်ဖြစ်ပွားချိန်မှာတော့…

Read More

နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ဓါးပြတွေက လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲ

  အဘူဂျာ၊ နိုဝင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ဓါးပြတွေက လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲသွားကြောင်း ဒေသခံတွေကပြောပါတယ်။ ဇာမ်ဖာရာပြည်နယ်ရှိ ရွာတွေကို မော်တော်ဆိုင်ကယ်စီးလက်နက်ကိုင်တွေက ဝင်ရောက်စီးနှင်းခဲ့ပြီး သူတို့ကို အခွန်ပေးဆောင်ဖို့ ပျက်ကွက်တာကြောင့် ဒေသခံတွေကို ပြန်ပေးဆွဲသွားတာဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ အခွန်ပေးဆောင်ဖို့ ငွေစုနေကြချိန်မှာ သေနတ်သမားတွေက ရုတ်တရက်ရောက်လာရောက် လုယက်မှုတွေ ပြုလုပ်ကာ လူ ၁၀၀ ကျော်ကို ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူ အများစုကတော့ အမျိုးသမီးများနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူတယောက်သေဆုံးသွားကြောင်း သိရပါတယ်။ လုံခြုံရေးအခြေအနေ ယိုယွင်းနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ မကြာသေးမီနှစ်တွေ အတွင်း ပြန်ပေးဆွဲခံရမှုတွေ တိုးပွားလာနေပါတယ်။ လက်နက်ကိုင်ဂိုဏ်းတွေနဲ့ ဓါးပြဂိုဏ်းတွေဟာ ကျေးရွာတွေ ၊ ကျောင်းတွေရှိ ကျောင်းသားကျောင်းသူတွေနဲ့ ခရီးသွားတွေကို ပြန်ပေးဆွဲပြီး ရွေးနှုတ်ငွေသန်းပေါင်းများစွာ တောင်းခံလေ့ရှိပါတယ်။ Ref:BBC…

Read More

အစ္စရေးနဲ့ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖွယ်ရှိ

  ဂါဇာစီးတီး၊ နိုဝင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနဲ့ လေးရက်ကြာ အပစ်အခတ်ရပ်စဲထားမှုကို သက်တမ်းတိုးဖို့နဲ့ ပြန်လွှတ်ပေးတဲ့ ဓါးစာခံအရေအတွက်ကို ဒီထက်တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မူလသဘောတူညီချက်ကို သက်တမ်းတိုးနိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်း ပြောဆိုထားပေမယ့် အပစ်ရပ်ကာလပြီးသွားရင်တော့ ဂါဇာမှာ စစ်ဆင်ရေးတွေ အင်ပြည့်အားပြည့် ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း လက်ရှိအပစ်အရပ်သဘောတူညီချက် နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ အစ္စရေးဓါးစာခံတွေနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို အပြန်အလှန်လွှတ်ပေးဖို့ရှိနေပါတယ်။ မနေ့ကတော့ အစ္စရေးဓါးစာခံ ၁၄ ယောက်နဲ့ နိုင်ငံခြားသားသုံးယောက်ကို ဟားမတ်စ်တို့က ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၃၉ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။ ဂါဇာရှိ ပါလက်စတိုင်းတွေအတွက် လောင်စာဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားသောထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်နိုင်ရေးအတွက် အစ္စရေးနဲ့ဟားမတ်စ်တို့အကြား လေးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲခဲ့ကြတာဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၇ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား ၊ကုန်သွယ်ရေးဇုန်ထဲက အဆောက်အဦးနဲ့ ကားအချို့ ထိခိုက်ပျက်စီးပြီး ကုန်ကားသမား တယောက်သေဆုံး

  နိုဝင်ဘာ ၂၇၊ ၂၀၂၃ Shy V(VOM) မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်း ရှိရာ မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲ ဖြစ်ပွားပြီး ကုန်သွယ်ရေးဇုန်ထဲက အဆောက်အဦး အချို့နဲ့ ကား အချို့ ထိခိုက်ပျက်စီးပြီး ကုန်ကားသမား တယောက် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ည ၈ နာရီ လောက်ကတည်းက တိုက်ပွဲ ပြင်းထန်လာတာ။ ကားသမား ၁ ဦးတော့ သူငှားနေတဲ့ အခန်းပေါ် လက်နက်ကြီးကျလာလို့ ထိသွားတယ်။ ကူဖို့သွားတာ အသက် မမီ လိုက်ဘူး။ ကုန်သွယ်ရေး ဇုန်ထဲတော့ လူ မထိဘူး။ ကားတွေနည်းနည်း ပါးပါးထိတယ်။ ကုန်စစ်စ်နဲ့ အဆောက်အဦးတွေထိတယ်။ လမ်းဆုံနားက တိုက်တန်းလျားထိတယ်။ ရွာထဲတော့ ဘယ်လောက်ထိထားလဲ အကုန် မသိရသေးဘူး” လို့ဘဒေသခံ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၅ ကျပ် ဝယ်ဈေး – ၃၃၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၅ ကျပ် ဝယ်ဈေး – ၂၄၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၃၃ ကျပ် ဝယ်ဈေး – ၃၆၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၀၈ ကျပ် ဝယ်ဈေး – ၉၄.၇၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

မြန်မာပြည်တွင်း ပဋိပက္ခတွေ ချက်ချင်းရပ်ဖို့ တရုတ်စစ်တပ် တိုက်တွန်း

  ပေကျင်း၊ နိုဝင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နားက နယ်စပ်ကုန်သွယ်ရေးစခန်းကို ထိန်းချုပ်လိုက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ကြေညာပြီးနောက်မှာ မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာတဲ့ ပြည်တွင်းပဋိပက္ခတွေ ချက်ချင်းရပ်ဖို့ တရုတ်စစ်တပ်က တိုက်တွန်းလိုက်ပါတယ်။ တရုတ်စစ်တပ်အနေနဲ့ နယ်စပ်လုံခြုံရေးကို အကာအကွယ်ပေးဖို့ ဆုံးဖြတ်ထားကြောင်း တရုတ်စစ်တပ်ရဲ့ ပီအယ်လ်အေနေ့စဉ်သတင်းစာက ဖော်ပြထားပါတယ်။ တရုတ်-မြန်မာ နယပ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းတာဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံသဘောဆန္ဒနဲ့ အကျိုးစီးပွားဖြစ်ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တရုတ်နိုင်ငံ အာရုံစိုက်နေပြီး တင်းမာမှုတွေမြင့်တက်လာတာကို ရှောင်ရှားဖို့ သက်ဆိုင်ရာအင်အားစုတွေကို အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ မြန်မာစစ်တပ်တို့ဟာ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ လေးရက်ကြာစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ စနေနေ့က စတင်နေပြီးဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါဟာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တင်းမာမှုတွေလျှော့ချဖို့ သတင်းစကားပါးလိုတာဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။ ဒီလေ့ကျင့်မှုတွေဟာ နယ်စပ်ဒေသ…

Read More

This Day in History

Voice of Myanmar ဒိုင်းနမိုက်နှင့် အခြားသောအစွမ်းထက် ဖောက်ခွဲရေးပစ္စည်းများကို တီထွင်ခဲ့သူ ဆွီဒင် ဓါတုဗေဒပညာရှင် အဲဖရက်နိုဘယ်၏ဆန္ဒအရ နိုဘယ်ဆုဖောင်ဒေးရှင်းကို ၁၈၉၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် တည်ထောင်ခဲ့သည်။

Read More

ေကျာက်ထုနယ် ပန်းဆန်ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ထိမှန်လို့ အရပ်သား သုံးယောက် သေဆုံးပြီး ဘုန်းကြီးတပါး ဒဏ်ရာပြင်းထန်

  နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ကျောက်ထုမြို့နယ် ၊ ပန်းဆန်ကျေးရွာဘုန်းကြီးကျောင်းပေါ်ကို မနေ့ နိုဝင်ဘာ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကျောက်ထုနယ်တခုလုံးမှာက ၊ ဘုံကထိန်ခင်းတဲ့ ရက်ဆိုတော့ ရွာတိုင်းမှာလိုလို ဘုန်းကြီးကျောင်းတွေမှာ လူစည်ကားတာတွေရှိတယ် ၊ ညက ၈ နာရီထိုးပြီးတော့ လက်နက်ကြီး ပေါက်ကွဲသံတွေကြားရတယ် ၊ ပန်းဆန်ရွာက ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျည် နှစ်ချက် ကျရောက်ပေါက်ကွဲတယ် ၊ ကျောက်ထုနယ်မှာက စစ်တပ်လည်းရှိတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင်…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW