ထိုင်းက မင်္ဂလာပွဲတခုမှာ သတို့သားက သတို့သမီးပါအဝင် လူလေးယောက်ကို ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

 

 

ဘန်ကောက်၊ နိုဝင်ဘာ-၂၇-၂၀၂၃

မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ မင်္ဂလားပွဲတခုမှာ သတို့သားက သတို့သမီးအပါအဝင် လူလေးယောက်ကို ပစ်သတ်မှုပြီးနောက် သူ့ကိုယ်သူလည်း အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတို့သားဟာ အသက် ၂၉ နှစ်အရွယ် ချာတူရွန်ဆိုသူဖြစ်ပြီး သူဟာ မသန်စွမ်းအားကစားလက်ရွေးစင်နဲ့ ထိုင်းစစ်သားဟောင်းတယောက်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သူဟာ အသက် ၄၄ နှစ်အရွယ် ကန်ချနာပါချွန်သက်နဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ စနေ့နေ့က လက်ထပ်ခဲ့ကြပြီး ညပိုင်းဧည့်ခံပွဲလုပ်ချိန်မှာ သတို့သမီးနဲ့ အခြားသူတွေကို ပစ်သတ်ခဲ့တာြ်ဖစ်ပါတယ်။

ချာတူရွန်ဟာ ဧည့်ခံပွဲကနေ ရုတ်တရက်ထွက်သွားပြီးနောက် သေနတ်တလက်နဲ့ ပြန်ရောက်လာခဲ့ပြီး သတို့သမီး၊ သူမရဲ့အမေဖြစ်သူ အသက် ၆၂ နှစ်အရွယ်အမျိုးသမီးနဲ့ ၃၈ နှစ်အရွယ်ညီမဖြစ်သူတို့ကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပွဲလာတက်တဲ့ ဧည့်သည်တွေထဲက နှစ်ယောက်ဟာလည်း သေနတ်ထိမှန်ခဲ့ပြီး ဆေးရုံအရောက်မှာတော့ တယောက်သေဆုံးခဲ့ပါတယ်။ အခင်ဖြစ်ပွားချိန်မှာတော့ ချာတူရွန်ဟာ အတော်လေးအမူးလွန်နေခဲ့ပြီး သူ့ရဲ့ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

ဧည့်ခံပွဲအတွင်း သူတို့နှစ်ယောက်ဟာ အချင်းပွားမှုတွေရှိနေခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မျက်မြင်သက်သေတွေကဆိုပါတယ်။ ချာတူရွန်ဟာ သေနတ်နဲ့ခဲယမ်းမီးကျောက်တွေကို ယမန်နှစ်ကတည်းက တရားဝင်ဝယ်ယူကိုင်ဆောင်ခဲ့တယ်လို့ ထိုင်းရဲတွေက ဆိုပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW