နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ဓါးပြတွေက လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲ

 

အဘူဂျာ၊ နိုဝင်ဘာ-၂၇-၂၀၂၃

မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ဓါးပြတွေက လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲသွားကြောင်း ဒေသခံတွေကပြောပါတယ်။

ဇာမ်ဖာရာပြည်နယ်ရှိ ရွာတွေကို မော်တော်ဆိုင်ကယ်စီးလက်နက်ကိုင်တွေက ဝင်ရောက်စီးနှင်းခဲ့ပြီး သူတို့ကို အခွန်ပေးဆောင်ဖို့ ပျက်ကွက်တာကြောင့် ဒေသခံတွေကို ပြန်ပေးဆွဲသွားတာဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

အခွန်ပေးဆောင်ဖို့ ငွေစုနေကြချိန်မှာ သေနတ်သမားတွေက ရုတ်တရက်ရောက်လာရောက် လုယက်မှုတွေ ပြုလုပ်ကာ လူ ၁၀၀ ကျော်ကို ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူ အများစုကတော့ အမျိုးသမီးများနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။

သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူတယောက်သေဆုံးသွားကြောင်း သိရပါတယ်။ လုံခြုံရေးအခြေအနေ ယိုယွင်းနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ မကြာသေးမီနှစ်တွေ အတွင်း ပြန်ပေးဆွဲခံရမှုတွေ တိုးပွားလာနေပါတယ်။

လက်နက်ကိုင်ဂိုဏ်းတွေနဲ့ ဓါးပြဂိုဏ်းတွေဟာ ကျေးရွာတွေ ၊ ကျောင်းတွေရှိ ကျောင်းသားကျောင်းသူတွေနဲ့ ခရီးသွားတွေကို ပြန်ပေးဆွဲပြီး ရွေးနှုတ်ငွေသန်းပေါင်းများစွာ တောင်းခံလေ့ရှိပါတယ်။

Ref:BBC

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW