ရုရှားရဲ့ တိုက်လေယာဉ်တွေဝယ်ဖို့ အီရန်နဲ့ ရုရှား အပြီးသတ် သဘောတူညီချက်ရရှိ

 

တီဟီရန်၊ နိုဝင်ဘာ-၂၉-၂၀၂၃

မျိုးဆက်(VOM)

အီရန်ဟာ ရုရှားရဲ့ တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ အခြားစစ်လေယာဉ်တွေ ဝယ်ယူဖို့ အပြီးသတ်သဘောတူညီမှုရရှိခဲ့ကြောင်း အီရန်အစိုးရ ထိပ်တန်းတာဝန်ရှိသူတယောက်က ပြောပါတယ်။

အပြီးသတ်သဘောတူညီချက်ရရှိခဲ့ပြီးနောက် သက်ဆိုင်ရာဝယ်ယူရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြောင်း အီရန်လက်ထောက်ကာကွယ်ရေးဝန်ကြီး မာဒီဖရာဟီက ဆိုပါတယ်။

စစ်လေယာဉ်တွေ ဝယ်ယူရေးအစီအစဉ်မှာ ဆူး-၃၅ ဂျက်တိုက်လေယာဉ်တွေ၊ အမ်အိုင်-၂၈ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေ့ကျင့်ရေးဂျက်လေယာဉ်တွေ ပါဝင်ကြောင်း သူကပြောပါတယ်။

အီရန်ဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ ရောင်းချပြီး အပြန်အလှန်အားဖြင့် ရုရှားဆီကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမယ်လို့ ပြီးသီတင်းပတ်က ထုတ်ဖော်ပြောဆိုပြီးနောက် ရုရှားရဲ့ စစ်လေယာဉ်တွေ ဝယ်ယူရေးသဘောတူညီချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းကို ဆက်လက်ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့ပေးနေကြောင်း သတင်းတွေကို အီရန်က ငြင်းဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိသဘောတူညီချက်ကြောင့် အီရန်-ရုရှားစစ်ရေးပူးပေါင်းဆောင်ရွက်မှု အပေါ် အနောက်အုပ်စုနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

Ref: NHK

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW