အမေရိကန်စစ်လေယာဉ်တစင်း ဂျပန်ကမ်းလွန်မှာပျက်ကျ ၊ ရှာဖွေကယ်ဆယ်ရေး အပူတပြင်းလုပ်ဆောင်နေ

 

တိုကျို၊ နိုဝင်ဘာ-၂၉-၂၀၂၃

မျိုးဆက်(VOM)

တပ်ဖွဲ့ဝင်ရှစ်ယောက်လိုက်ပါသွားတဲ့ အမေရိကန်စစ်လေယာဉ်တစင်းဟာ ဂျပန်ကမ်းလွန်မှာ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်က ပျက်ကျသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျပန်နိုင်ငံ ယိုကိုတာလေတပ်စခန်းမှ CV-22 Osprey အမျိုးအစားစစ်လေယာဉ်ဟာ ဂျပန်နိုင်ငံတောင်ဘက်စွန်း ကျူရှူးကျွန်းတောင်ဘက် ယာကူရှီးမားကျွန်းမှာ ပျက်ကျခဲ့တာလို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ဟာ ယာကူရှီးမားလေဆိပ်မှာ ဆင်းသက်ဖို့ကြိုးစားရင်း ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၇ မိနစ်မှာ မီးလောင်ပျက်ကျခဲ့တာလို့ ဂျပန်အခြေစိုက် အင်န်အိတ်ချ်ကေ သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်း လုပ်ဆောင်နေတယ်လို့ ဂျပန်တာဝန်ရှိသူတွေကပြောပါတယ်။ ဒီလေယာဉ်တွေဟာ ရဟတ်ယာဉ်နဲ့တာဘိုပရော့ လေယာဉ်အဖြစ် ပြောင်းလဲနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။

သြဂုတ်လအတွင်းကလည်း သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း Osprey အမျိုးအစားလေယာဉ်ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ အမေရိကန်မရိန်းတပ်သားသုံးယောက်သေဆုံးခဲ့ပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW