အိန္ဒိယမှာ ဥမင်ပြိုကျပြီး ၁၇ ရက်ကြာပိတ်မိနေတဲ့ အလုပ်သမား ၄၁ ​​ယောက်ကို ကယ်တင်နိုင်ပြီ

 

ဒေလီ၊ နိုဝင်ဘာ-၂၉-၂၀၂၃

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ဆဲဥမင်လှိုဏ်ခေါင်းပြိုကျပြီး ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ​ယောက်ဟာ ပြန်လည်လွှတ်မြောက်လာပြီဖြစ်ပါတယ်။

ဥတာရာခန်းပြည်နယ်ရှိ အရှည်သုံးမိုင်ရှိ ဥမင်အတွင်း အလုပ်သမားတွေလွတ်မြောက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ အတားအဆီးကို အလုပ်သမားတွေကိုယ်တိုင် လက်နဲ့တူးဖော်ခဲ့ကြတာဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဥမင်အတွင်းကို အပျက်အစီးတွေကို တူးဖော်ပြီးထည့်သွင်းပေးထားတဲ့ အနံသုံးပေရှိ သံမဏိပိုက်ထဲကနေ ဘီးတပ်ထမ်းစင်လိုဟာတွေနဲ့ အလုပ်သမားတွေ အပြင်ကို လွတ်မြောက်လာကြပြီး ဘယ်သူမှ ထိခိုက်မှုမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကတည်းက ဥမင်ပြိုကျပြီး ပိတ်မိနေတဲ့ အလုပ်သမားတွေလွတ်မြောက်ရေး အပူတပြင်းကြိုးစား အားထုတ်မှုတွေမှာ အဆင်မပြေမှုတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အင်္ဂါနေ့ ညပိုင်းမှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ အပျက်အစီးတွေကို အလုပ်သမားတွေ ကိုယ်တိုင်ဖယ်ရှားနိုင်မှုကြောင့် ကယ်ဆယ်ရေးအဆုံးသတ်နိုင်ခဲ့ပါတယ်။

အစောပိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာတော့ သီးခြားပိုက်အသေးတခုကနေ ပိတ်မိနေသူအတွက် အောက်ဆီဂျင်၊ အစားအစာနဲ့သောက်သုံးရေ ပံ့ပိုးပေးနိုင်ခဲ့ပြီး စကားပြောစက်တွေကတဆင့် အလုပ်သမားတွေနဲ့ ဆက်သွယ်နိုင်ခဲ့ကြပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW