ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၇၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ စောင့်ကြည့်ဖို့ ကမ်းခြေစောင့်တပ်စခန်းသစ်တခု ဖိလစ်ပိုင်ထားရှိ

  မနီလာ၊ ဒီဇင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံဟာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ကမ်းခြေစောင့်တပ်စခန်းသစ်တခုကို ဖွင့်လှစ်ထားရှိလိုက်ပါတယ်။ ကင်းစခန်းသစ်ဟာ ပက်ဂျ်အဆာကျွန်းမှာ တည်ရှိပြီး အဲဒီကျွန်းဟာ အငြင်းပွားဖွယ် စပရက်တလီကျွန်းစုမှာ ဖိလစ်ပိုင်ထိန်းချုပ်ထားတဲ့ အကြီးဆုံးသောနယ်မြေဖြစ်ပါတယ်။ ကင်းစခန်းအသစ်ကို ဒီဇင်ဘာ ၁ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေး အယ်ဒူရာဒိုအာနိုအပါအဝင် ဖိလစ်ပိုင်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ အခြားကင်းစခန်းတစ်ခုနေရာမှာ အစားထိုးခဲ့တာဖြစ်ပြီး ရေဒါနဲ့ သင်္ဘောခြေရာခံကိရိယာတွေပါဝင်ကာ ရေကြောင်းသွားလာလှုပ်ရှားမှုတွေနဲ့ မတော်တဆမှုတွေကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ရှိ ဆူဘီၤသတ္တာကျောက်တန်းကနေ ၂၅ ကီလိုမီတာအကွာမှာ ကျွန်းတုတခုကို တည်ဆောက်ထားပြီး စစ်ဘက်ဆိုင်ရာ အေခြေခံအဆောက်အအုံတွေကိုပါ တည်ဆောက်ထားပြီး နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အငြင်းပွားလျှက်ရှိပါတယ်။ Ref:NHK Photo:AP    

Read More

ပြည်တွင်းရွှေဈေး အတက်အကျမငြိမ်ဘဲ ကျပ် ၃၇ သိန်းကျော်ထိ ရောက်ရှိလာပြန်

  ဒီဇင်ဘာ ၂ – ၂၀၂၃ SN (VOM) ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အတက်အကျမငြိမ်လဲ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းမှာ ၃၇ သိန်းကျော်ကို ပြန်လည် ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ “ကမ္ဘာ့ဈေးက ဒေါ်လာ ၃၀ လောက် တက်သွားတယ်လေ။ ၂၀၄၀ ကနေ ၂၀၇၀ ကျော် ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ပြည်တွင်းရွှေဈေးက ၃၇ သိန်း ကျော်သွားတာပါ။ ထပ်တက်မလား၊ ကျမလားဆိုတာကတော့ မှန်းရခက်တဲ့အနေအထားပါ။ ဒါပေမယ့် ဒီနေ့ကတော့ ဒီ ၃၇ သိန်းကျော်ဈေးကနေ ဈေးသိပ်မပြောင်းနိုင်တော့ဘူး၊ ပိတ်ရက်ခံသွားပြီဆိုတော့” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှစတင်ကာ တအောင်စ ဒေါ်လာ ၂၀၀၀ စွန်းစွန်းကို…

Read More

မြောက်ကိုရီးယားကိုစောင့်ကြည့်ဖို့ စစ်ထောက်လှမ်းရေးဂြိုဟ်တု တောင်ကိုရီးယား လွှတ်တင်

  ဆိုးလ်၊ ဒီဇင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်မယ့် သူ့ရဲ့ ပထမဆုံးသော စစ်ထောက်လှမ်းရေးဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းကို လွှတ်တင်လိုက်ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ ထောက်လှမ်းရေးဂြိုဟ်တုကို တင်ဆောင်ထားတဲ့ စပေ့အိတ်စ်၏ ဖယ်လ်ကွန်-၉ ဒုံးပျံကို ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၉ မိနစ်က အမေရိကန်အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ကနေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ လွှတ်တင်ပြီးနောက် ဂြိုဟ်တုကို ဒုံးပျံနဲ့ခွဲထုတ်ပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်း နေရာချထားနိုင်ခဲ့ပြီး ဂြိုဟ်တုဟာ ကမ္ဘာမြေအထက် ကီလိုမီတာ ၄၀၀ မှ ၆၀၀ အတွင်းကနေ ကမ္ဘာကို လှည့်ပတ်မှာဖြစ်ပါတယ်။ ဂြိုဟ်တုစနစ်ဟာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု ဖြစ်နိုင်ခြေရှိတဲ့ အစောပိုင်းအရိလက္ခဏာတွေ ကို ထောက်လှမ်းနိုင်မှာဖြစ်ပြီး တောင်ကိုရီးယား ဒုံးကျည်ကာကွယ်ရေးစွမ်းရည်ကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တောင်ကိုရီးယားဟာ…

Read More

မြန်မာလုပ်သားခေါ်ယူဖို့ ဂျပန် နိုင်ငံရဲ့ ကမ်းလှမ်းစာ သုံးရာနီးပါး လက်ခံရရှိထား

  Edited – Facebook ကဖြုတ်ချတာကြောင့် ပြန်လည်တင်ပေးခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၊ ၂၀၂၃ TT (VOM) ဂျပန်နိုင်ငံက စက်ရုံတွေမှာ ခန့်ထားဖို့ အလုပ်သမားခေါ်ယူတဲ့ ကမ်းလှမ်းစာ (၂၈၈) စောင်လက်ခံရရှိထားပြီး စိစစ်ပြီးဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး (တိုကျို) က ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံက စက်ရုံတွေကနေ မြန်မာလုပ်သား ၈၀၀ ကျော် ခေါ်ဖို့ ရှိနေတဲ့ အထဲကနေမှ နိုဝင်ဘာလ (၁၆)ရက်နေ့ကနေ နိုဝင်ဘာလ (၃၀)ရက်နေ့ အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၂၈၈ စောင် ကို လက်ခံရထားတာပဲ ဖြစ်ပါတယ်။ “ဂျပန်က အလုပ်ကမ်းလှမ်းစာတွေ က တသုတ်ပြီး တသုတ် ရောက်နေတာပါ။ ကိုယ့်နိုင်ငံက လူငယ်တွေဘက်က အရည်အချင်းရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ် ၊ ဂျပန်ကုမ္မဏီတွေဖက် လူတွေ့အင်တာဗျူးတွေမှာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ-၂ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၇၅ ကျပ် ဝယ်ဈေး – ၃၃၂၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၃၀ ကျပ် ဝယ်ဈေး – ၃၆၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၀၀ ကျပ် ဝယ်ဈေး – ၉၄.၇၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၀ ကျပ် ဝယ်ဈေး – ၄၆၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၇၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၈၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၈၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၃၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။    

Read More

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်၊ ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော်သေဆုံး

ဂါဇာစီးတီး၊ ဒီဇင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေးကာလ ကုန်ဆုံးသွားပြီးနောက် တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။ အမျိုသမီးဓါးစာခံတွေအားလုံးကို လွှတ်ပေးဖို့ ပျက်ကွက်တာကြောင့် ဟားမတ်စ်တို့ဟာ အပစ်အခတ်ရပ်စဲရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားပြီးနောက် အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူ ၁၇၀ ကျော်သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်မီနာရီပိုင်းအလိုမှာ ဂါဇာကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ရကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ခုနှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်စ်တို့ဟာ အစ္စရေးဓါးစာခံ ၁၀၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ကိုပြန်လွှတ်ပေးခဲ့ပါတယ်။ နှစ်ဘက်အကြား အပစ်ရပ်ရေးအတွက် ကာတာ ၊ အီဂျစ်နဲ့ အမေရိကန်တို့က ဦးဆောင်ကြိုးပမ်းနေပြီး လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်ရေးနဲ့ ကူညီထောက်ပံ့မှုတွေ ပိုမိုဝင်ရောက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကာတာနိုင်ငံက ပြောပါတယ်။ Ref:NHK…

Read More

This Day in History

  Voice of Myanmar အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံကို အဘူဒါဘီ၊ အက်ဂျ်မင်၊ ဒူဘိုင်း၊ ဖူဂျာရာ ၊ ရတ်စ်အယ်လ်ခိုင်မာ့၊ ရှာဂျာ့ နှင့် အမ်အယ်လ်ကွာဝိုင်း စသည့် စော်ဘွားနယ်မြေ ခုနှစ်ခုတို့ကို စုစည်းကာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် တည်ထောင်ခဲ့ပြီး ခေတ်မီ ဝင်ငွေမြင့်မားသော နိုင်ငံတနိုင်ငံဖြစ်လာသည်။  

Read More
VOM News

FREE
VIEW