ဆာနား၊ ဒီဇင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ဟူသီအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မယ်ဆိုရင် အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ ဟူသီအဖွဲ့ခေါင်ဆောင်က သတိပေးလိုက်ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ဟာ ပင်လယ်နီရှိ သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် အမေရိကန်အပါအဝင် ၁၀ နိုင်ငံက ညွှန့်ပေါင်းအဖွဲ့ဖွဲ့ပြီး တုံ့ပြန်ဖို့ ပြင်ဆင်နေချိန်မှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စစ်ပွဲအပြီး ယီမင်ရှိ နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီတွေဟာ ပင်လယ်နီကို ဖြတ်သန်းသွားလာနေတဲ့ နိုင်ငံတကာ သင်္ဘောတွေကို မောင်းသူမဲ့လေယာဉ်တွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပြီး ဂါဇာကို အစ္စရေးက တိုက်မှုတွေအပေါ် တုံ့ပြန်နေပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်း ၁၀ နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၂ ရာခိုင်နှုန်းရှိတဲ့ ပင်လယ်နီမှာ သင်္ဘောတွေကို ဟူသီတို့ နောက်ထပ်တိုက်ခိုက်မှုတွေကနေ ကာကွယ်သွားဖို့ ကင်းလှည့်မှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။ အမေရိကန်တွေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ဒီထက်မက အရှိန်မြှင့်လာမယ်…
Read MoreDay: December 21, 2023
ရိုဟင်ဂျာဒုက္ခသည်အပြည့် တင်ဆောင်ထားတဲ့ စက်လှေငါးစင်း အင်ဒိုနီးရှားကမ်းရိုးတန်းကို ချဉ်းကပ်နေ
ဂျကာတာ၊ ဒီဇင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းအနီကို ဒုက္ခသည်တွေပြည့်နေတဲ့ စက်လှေငါးစင်းထက်မနည်း ချဉ်းကပ်လာတာကို တွေ့ရှိရတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ နိုဝင်ဘာလကတည်းက နိုင်ငံရေပိုင်နက်ထဲကို ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိမှု သိသိသာသာမြင့်တက်လာပြီးနောက်မှာ အင်ဒိုနီးရှားဟာ ရေပိုင်နက်အတွင်း ကင်းလှည့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း အာချေး လေတပ်အခြေစိုက်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က လေကြောင်းကင်းလှည့်မှုအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာဖွယ်ရှိတဲ့ စက်လှေငါးစင်းထက်မနည်းကို အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ တွေ့ရှိခဲ့တယ်လို့ သူကဆိုပါတယ်။ စက်လှေတွေဟာ အာချေးပြည်နယ်မြောက်ပိုင်းရှိ အရှေ့အာချေး၊ ပီဒိုင်း၊ အာချေးဘီဆာ၊ ဆက်ဘန်း နယ်မြေတွေအတွင်း ဝင်ရောက်လာတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။ နိုဝင်ဘာလနောက်ပိုင်းကတည်းက ရိုဟင်ဂျာ ၁၅၀၀ ကျော်ဟာ အင်ဒိုနီးရှားကို ရောက်ရှိခဲ့ပြီး ဒီကိစ္စကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီပေးဖို့ အင်ဒိုနီးရှားက ဒီဇင်ဘာ ၁၂…
Read Moreရန်စတာတွေကို နျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ကြောင်း ကင်ဂျုံအန် သတိပေး
ပြုံးယမ်း၊ ဒီဇင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားကို နျူကလီးယားရန်စမှုတွေကို တုံ့ပြန်ဖို့အတွက် နျူကလီးယားတိုက်ခိုက်မှုလုပ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်က ဒီဇင်ဘာ ၂၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်လေ့ကျင့်မှုုပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား ဒုံးကျည်ဗျူရိုကို ချီးကျူးဂုဏ်ပြုစကားပြောကြားရာမှာ နျူကလီးယားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကင်ဂျုံအန်က မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့ ရိုဒေါင်ဆင်မွန်သတင်းဌာနက ဖော်ပြထားပါတယ်။ ရန်သူက နျူကလီးယားလက်နက်နဲ့ရန်စလာသောအခါ မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ ပြန်တိုက်ခိုက်တုံ့ပြန်ဖို့ တွန့်ဆိုင်းနေမှာ မဟုတ်ဘူးဆိုတာကို ဒုံးကျည်စစ်ရေးလေ့ကျင့်ပြီး ပြသခဲ့ခြင်းဖြစတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။ ဒုံးကျည်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ရှုတ်ချထားပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြောဆိုထားပါတယ်။ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးလောင်စာခဲသုံး ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ကြိုတင်ကာကွယ်မှုအဖြစ် နျူကလီးယားလက်နက်တွေကို အသုံးပြုခွင့်ပြုတဲ့ ဥပဒေတတရပ်ကို လွန်ခဲ့တဲ့နှစ်က ပြဌာန်းခဲ့ပါတယ်။ Ref:NHK…
Read Moreအမြန်လမ်းယာဉ်တိုက်မှု ၁၀ ယောက် ထိခိုက်ဒဏ်ရာရ
ဒီဇင်ဘာ ၂၁ – ၂၀၂၃ SN (VOM) ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅) မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ “ရှေ့က မောင်းနေတဲ့ Hijet ကို သူ့နောက်ကနေမောင်းလာတဲ့ Nissan Caravan ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာပါ။ Hijet ပေါ်မှာပါလာတဲ့ လူတွေအကုန်လုံး ဒဏ်ရာတွေရသွားပေမယ့် မစိုးရိမ်ရပါဘူး။ ဟိုဘက် Nissan Caravan ကားပေါ်ကလူတွေကတော့ ဘာမှ မဖြစ်ကြဘူး” လို့ ဒီဖြစ်စဉ်မှာ သွားရောက် ကူညီခဲ့သူတယောက်က ပြောပါတယ်။ Hijet ယာဉ်ပေါ်မှာ အမျိုးသား တယောက်နဲ့ အမျိုးသမီး ကိုးယောက် စုစုပေါင်း…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၁ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၇ ကျပ် ဝယ်ဈေး – ၂၅၅၇ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၈ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၇ ကျပ် ဝယ်ဈေး – ၄၆၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်
ဆိုးလ်၊ ဒီဇင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ သုံးနိုင်ငံလေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ရဲ့ ဘီ-၁ ဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်နဲ့ တောင်ကိုရီးယားတို့ လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန်ဖြစ်တဲ့ ဂျယ်ဂျူကျွန်းအရှေ့ဘက် လေပိုင်နက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့နေ့က မြောက်ကိုရီးယားရဲ့ လောင်စာခဲသုံး ဒုံးကျည်ပစ်ခတ်မှုအပေါ် ကန့်ကွက်မှုကို သုံးနိုင်ငံ ပူးတွဲပြသတာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။ အောက်တိုဘာလအတွင်းက သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုအပြီးမှာ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ဘီ-၁ ဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် သတိပေးထားပြီး ခဲယမ်းမီးကျောက်တွေ အမြောက်အများတင်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်ဟာ ကိုရီးယားကျွန်းဆွယ်နဲ့ ဂူအမ်ကျွန်းကို နှစ်နာရီအတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ Ref:NHK Photo:AFP
Read MoreThis Day in History
Voice of Myanmar စပိန်ဝန်ကြီးချုပ် လူးဝစ်ကာရီရိုဘလန်ကိုသည် ၁၉၇၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် မက်ဒရစ်မြို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။
Read Moreနယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းခရီးသွားကဏ္ဍ ကျဆင်းနိုင်
ရန်ကုန် ၊ဒီဇင်ဘာ ၂၀ – ၂၀၂၃ GG(VOM) ခရီးသွားရာသီရောက်နေပေမယ့်လည်း မြန်မာနိုင်ငံထဲက နေရာတော်တော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နယ်မြေမတည်ငြိမ်တာကြောင့် ခရီးသွားလုပ်ငန်းက ခန့်မှန်းထားသလောက် တိုးတက်မှုရှိမလာနိုင်ဘူး လို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကသုံးသပ်ပါတယ်။ လတ်တလော ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုမရှိသေးတာက ရန်ကုန်၊နေပြည်တော်၊ မန္တလေး ၊ ပြည်မြို့ သရေခေတ္တရာမြို့ဟောင်း၊ပုဂံ၊တောင်ကြီး အင်းလေး ၊ ပြင်ဦးလွင် ၊ ငပလီကမ်းခြေ ၊ ငွေဆောင်၊ချောင်းသာ၊ မြိတ်ကျွန်းစု စတဲ့နေရာအချို့သာ ရှိနေတယ်လို့သိရပါတယ်။ အဆိုပါ ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားတာမရှိပေမယ့် ဗုံးပေါက်ကွဲတာနဲ့ ပဋိပက္ခတွေ ရှိနေတာကြောင့် ခရီးသွားတွေအတွက် လုံခြုံရေးအာမခံချက်မရှိတဲ့အတွက်မလိုအပ်တဲ့ ခရီးစဥ်တွေ ဖျက်သိမ်းရတာတွေရှိလာတယ်လို့သိရပါတယ်။ ” အေးချမ်းတယ်ဆိုတဲ့နေရာတွေကရော လုံခြုံပါတယ် ဘာမှမဖြစ်ပါဘူးလို့ ဘယ်သူအာမခံနိုင်လဲ ၊ဒေသခံတွေဆိုလည်းပြင်ထားကြတယ်။ ေနာင်ချိုဘက်တိမ်ပင်လယ်ဆိုလည်းပြင်ထားကြတယ်။တလအတွင်းအကုန်ဖြစ်ပျက်သွားတာလေ၊ဘယ်သူမှကြိုမသိနိုင်ဘူး။ဘယ်သူမှလည်း စိတ်ချရပါတယ်လာပါအာမခံတယ်လို့မပြောနိုင်ဘူး။ဒီတော့သွားချင်တဲ့သူကသွားပေါ့၊မသွားချင်တဲ့သူကတော့ မသွားဘူးပေါ့။ ဖြစ်ရင်တော့ဖြစ်သွားတာပဲ၊ သွားချင်တဲ့သူကတော့သွားနေတာပဲ။ ကိုယ့်ရဲ့စဥ်းစားတွေးခေါ်ညဏ်နဲ့ ပဲလုပ်ကြရတာပေါ့။…
Read Moreကောလင်း ၊ ထီးချိုင့်ဘက်က တိုက်ပွဲရှောင် ကျောင်းသားတွေကို စစ်ကိုင်း IBEC ကျောင်းက ပညာသင်ပေးနေ
ဒီဇင်ဘာ ၊ ၂၀ ၊ ၂၀၂၃ SP ( VOM) ပြီးခဲ့တဲ့ နိုဝင်ဘာကစလို့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့နဲ့ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေ နေ့စဥ် နီးပါး ဖြစ်ပွားနေတာကြောင့် စာသင်လက်စ ကျောင်းသား ၊ ကျောင်းသူတွေဟာ ယာယီတိုက်ပွဲရှောင် ပြေးလွှားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီလို ယာယီတိုက်ပွဲရှောင် နေရတဲ့ မိသားစုတွေထဲက ပညာရေးကို ဆက်လက်သင်ယူခွင့်ရဖို့အတွက် စစ်ကိုင်းမြို့မှာ ရှိတဲ့ နိုင်ငံတကာ ဗုဒ္ဓဘာသာ ပညာရေး စင်တာ ( International Buddhist Education Centre (IBEC) ကျောင်းက ပညာရေး လုပ်ထုံးလုပ်နည်း ၊ မူဝါဒနဲ့အညီ ဆက်လက် ပညာသင်ယူခွင့်ကို ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ” ဆရာတော်က…
Read More