ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် မရိတ်သိမ်းနိုင်တဲ့ စပါးခင်းဧက ထောင်နဲ့ချီ ရှိနေ

  ဒီဇင်ဘာ ၂၈ – ၂၀၂၃ SN (VOM) စပါးရိတ်သိမ်းချိန် ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် မရိတ်သိမ်းနိုင်တဲ့ စပါးခင်းဧက ထောင်နဲ့ချီ ရှိနေတယ်လို့ ‌ဒေသခံ တောင်သူတွေဆီက သိရပါတယ်။ စပါးခင်းတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် စပါးရိတ်သိမ်းနိုင်ခြင်း မရှိသေးတဲ့အတွက် ဆန်အသစ်တွေလည်း ထွက်ရှိနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ “တောင်သူတွေကလည်း စပါးမရိတ်သိမ်းရတော့ ဆန်မထွက်ဘူး။ စပါးခင်းတွေထဲ လက်နက်ကြီး ကျတာတွေရှိသလို မီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိတယ်။ မိုခါမုန်တိုင်းတုန်းကလည်း စပါးခင်း၊ သီးနှံခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီးပြီ။ အခုလည်း တိုက်ပွဲ‌တွေ ဖြစ်နေပြန်တော့ စပါးတွေ အချိန်မီ ရိတ်သိမ်းဖို့က ခက်နေပြန်တယ်” လို့ ရသေ့တောင်မြို့နယ်၊ ကျွဲတပင်ကျေးရွာမှ တောင်သူတယောက်က ပြောပါတယ်။ နိုင်ငံရေး၊ စစ်ရေးအပြင် သဘာဝဘေးဒဏ်ကိုပါ ကြုံတွေ့ခံစားခဲ့ကြရတဲ့ ရခိုင်ဒေသက တောင်သူတွေဟာ မိသားစုဝမ်းရေးအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို…

Read More

အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ JN.1 ကူးစက်မှု ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ

  ဘန်ကောက်၊ ဒီဇင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ဗိုင်းရပ်စ် မျိုးကွဲဖြစ်တဲ့ JN.1 ကူးစက်ခံရသူတယောက်ကို ဘန်ကောက်မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်ရဲ့ မျိုးကွဲတခုဖြစ်တဲ့ JN.1 ဟာ ဆဲလ်တွေကို ပိုမိုကူးစက်လွယ်ပြီး ကိုယ်ခံအားစနစ်ကို ရှောင်လွှဲနိုင်တယ်လို့ မဟီဒေါတက္ကသိုလ် ဆေးဘက်ဆိုင်ရာ ဌာနက သတိပေးထားပါတယ်။ ဒီဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုတွေကြောင့် သက်ကြီးရွယ်အိုတွေအပါအဝင် ကျန်းမာရေးအခံရှိသူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်၊ ဗြိတိန်တို့က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ အဲဒီ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ လာမယ့်နှစ်အစောပိုင်းကစပြီး ထိုင်းနိုင်ငံမှာ ကူးစက်မှုအများဆုံး ဗိုင်းရပ်စ် ဖြစ်လာဖွယ်ရှိကြောင်း မဟီဒေါတက္ကသိုလ် ဆေးဘက်ဆိုင်ရာ ဌာနက သတိပေးထားပါတယ်။ ဒါပေမယ့်လည်း ဒီဗိုင်းရပ်စ်မျိုးကွဲဟာ ကူးစက်မှုမြန်ဆန်ပေမယ့် ပြင်းထန်ရောဂါလက္ခဏာ ပြသခြင်းမရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လက်ရှိမှာတော့ JN.1 ဗိုင်းရပ်စ်မျိုးကွဲကို ဒိန်းမတ်၊ အမေရိကန်၊…

Read More

တိုက်ခိုက်မှုတွေ ဆက်လုပ်နေရင် လက်ဘနွန်နယ်စပ်က ဟဇ်ဘိုလာတွေကို တိုက်ထုတ်သွားမယ်လို့ အစ္စရေး သတိပေး

  တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) ဟဇ်ဘိုလာတို့အနေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် လက်ဘနွန်နယ်စပ်မှာရှိတဲ့ ဟဇ်ဘိုလာတွေကို တိုက်ထုတ်ဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က သတိပေးပြောဆိုလိုက်ပါတယ်။ အစ္စရေးမြောက်ပိုင်းကို ဟဇ်ဘိုလာစစ်သွေးကြွတွေက တိုက်ခိုက်နေတာကို ကမ္ဘာ့နဲ့ လက်ဘနွန်အစိုးရက ရပ်တန့်အောင်မလုပ်ဘူးဆိုရင် အစ္စရေးစစ်တပ်က ကြားဝင်တိုက်ခိုက်မယ်လို့ ကာကွယ်ရေးဝန်ကြီးက သတိပေးပြောဆိုပါတယ်။ အစ္စေရေးမြောက်ပိုင်းက အခြေအနေတွေကို ပြောင်းလဲဖို့ တိုက်တွန်းကြောင်းနဲ့ သံတမန်နည်းအရ ဖြေရှင်းဖို့ အချိန်ကုန်နေပြီလို့ ဘန်နီဂန့်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုပြီးနောက် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုဘာအဖွဲ့နဲ့ အစ္စရေးစစ်တပ်တို့အကြား နယ်စပ်ဖြတ်ကျော် အပြန်အလှန်ပစ်ခတ်မှုတွေ ပိုမိုပြင်းထန်လာပါတယ်။ သံတမန်နည်းအရ ဖြေရှင်းဖို့အချိန်တွေ ကုန်သွားပြီဖြစ်ပြီး ကမ္ဘာကြီးနဲ့ လက်ဘနွန်အစိုးရက အစ္စရေးမြောက်ပိုင်း ဒေသခံတွေကို ပစ်ခတ်နေတာကို မတားဆီးနိုင်ရင် ဟဇ်ဘိုလာတွေကို နယ်စပ်မှမရှိအောင် တိုက်ထုတ်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ပြောဆိုပါတယ်။…

Read More

နျူကလီးယား အစီအစဉ်နဲ့ စစ်ရေးပြင်ဆင်မှုတွေ အရှိန်မြှင့်ဖို့ ကင်ဂျုံအန်တိုက်တွန်း

  ပြုံးယမ်း၊ ဒီဇင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်အပါအဝင် စစ်ရေးပြင်ဆင်မှုတွေကို အရှိန်မြှင့်တင်ဖို့ အာဏာရပါတီကို ခေါင်းဆောင်ကင်ဂျုံအန်က တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ နျူကလီးယားခြိမ်းခြောက်မှုတွေကို နျူကလီးယားလက်နက်နဲ့ ပြန်တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်း ကင်ဂျုံအန်က သတိပေးပြီးနောက် တပတ်အကြာမှာ အခုလိုတိုက်တွန်းမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ၂၀၂၄ ခုနှစ်အတွက် အဓိကမူဝါဒတွေချမှတ်မယ့် မြောက်ကိုရီးယားအာဏာရပါတီ အမြဲတမ်းကော်မတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပလျှက်ရှိပြီး ကင်ဂျုံအန်လည်း တက်ရောက်နေပါတယ်။ နျူကလီးယားလက်နက်နဲ့ အရပ်ဘက်ကာကွယ်ရေးအပါအဝင် ကဏ္ဍတွေမှာ စစ်ပွဲအတွက် ပြင်ဆင်မှုတွေကို အရှိန်မြှင့်ဖို့ အစည်းအဝေးမှာ ကင်ဂျုံအန်က တိုက်တွန်းခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ စံချိန်တင် ဒုံးကျည်ပစ်လွှတ်မှုတွေ ရင်ဆိုင်နေရချိန်မှာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နေပြီး မကြာသေးမီကလည်း…

Read More

ပင်လုံမြို့မှာ လူသတ် လုယက်မှုဖြစ်ပွားလို့ ဖုန်းဆိုင်ပိုင်ရှင် အပါအဝင် လူလေးယောက် သေဆုံး

  ဒီဇင်ဘာ ၂၈ ၊ ၂၀၂၃ SP (VOM) ရှမ်းပြည်နယ် တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ပင်လုံမြို့ ၊ မြို့လယ်မှာ ရှိတဲ့ ဖုန်းအရောင်းဆိုင်တခုကို မနေ့ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက လုယက်ခံရပြီး ဆိုင်ရှင်အပါအဝင် လူ လေးယောက်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဖုန်းဆိုင်သိမ်းပြီး အိမ်ပြန်ဖို့ လုပ်နေကြတုန်း အမည်မသိ ( စုံစမ်းဆဲ) လူနှစ်ယောက်က ရောက်လာပြီး သေနတ်အတိုနဲ့ ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒါကြောင့် ဆိုင်ထဲမှာရှိနေတဲ့ မနန်းဇင်ဇွဲ ၊ မနန်းလောဝ်ခမ်း၊ မနန်းပြုံးဖြူ၊ ဦးတင်ထွန်း ၊ သူတို့လေးယောက် ပစ်ခတ်ခံရတာဖြစ်တယ် ၊ အဲ့ဒီ လေးယောက်စလုံး ရရှိဒဏ်ရာတွေနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ် ၊ နောက်ပြီး အိမ်ပြန်ဖို့ပြင်ထားတဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၅ ကျပ် ဝယ်ဈေး – ၂၅၆၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၆၅ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၅၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၈ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၈၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နေပြည်တော်မှာ စစ်ဆေး ဆရာဝန်က မိန်းမဖြစ်သူကို ကိုယ်နှစ်ပိုင်းဖြတ်သတ်

  ဒီဇင်ဘာ ၂၈ ၊ ၂၀၂၃ SP + KT (VOM) နေပြည်တော်ကောင်စီနယ်မြေ ၊ ဇေယျာသီရိခရိုင် ၊ ပုဗ္ဗသီရိမြို့နယ် ၊ ဝဏ္ဏဒီပရပ်ကွက် ၊ ရာဇသင်္ဃဟလမ်းနဲ့ ပိတောက်လမ်းဆုံတဲ့နေရာနားမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်က ကိုယ်နှစ်ပိုင်းဖြတ်တောက်ခံထားရတဲ့ အမျိုးသမီး ရုပ်အလောင်း သက်ဆိုင်ရာက တွေ့ရတယ်လို့ သိရပါတယ်။ ” ဖြစ်စဥ်က ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၂၅ ရက် ( ခရစ္စမတ်)ညက အခင်းဖြစ်တယ် ၊ အဲ့ဒီ ညတွင်းချင်း အလောင်းကို စွန့်ပစ် ဖျောက်ဖျက်ပစ်ဖို့ ပြုလုပ်တယ် ၊ နေပြည်တော်မှာက လုံခြုံရေးတွေက တင်းကြပ်ထားတော့ အလောင်းကို တခြား ခပ်ဝေးဝေးမှာ စွန့်ပစ်ဖို့ အချိန်မရလိုက်ဘူး ၊ အဲ့ဒီတော့ အချိန်ရတဲ့နေရာမှာပဲ စွန့်ပစ်ထားတယ် ” လို့…

Read More

ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာသန်း ၂၅၀ ပေးမယ်လို့ အိမ်ဖြူတော်ထုတ်ပြန်

  ဝါရှင်တန်၊ ဒီဇင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ဟာ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာသန်း ၂၅၀ ပေးမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။ နောက်ဆုံးပေးအပ်မယ့် ဒီစစ်ရေးအကူအညီမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ အမြောက်နဲ့ လက်နက်ငယ် ခဲယမ်းမီးကျောက်တွေ၊ တင့်ကားဖျက် လက်နက်တွေပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အနောက်နိုင်ငံတွေရဲ့ အကူအညီတွေ ထပ်မရခဲ့ဘူးဆိုရင် စစ်ပွဲအတွက် ကြိုးပမ်းနေမှု ယူကရိန်းပြည်သူ့ဘဏ္ဍာငွေတွေအတွက် အန္တရာယ်ရှိကြောင်း ယူကရိန်းက သတိပေးထားပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာ ရပ်တန့်နေတဲ့ တန်ပြန်ထိုးစစ်နဲ့ ထိန်းချုပ်မှု အနည်းငယ်ပြောင်းလဲနေတဲ့ကြားမှာ ယူကရိန်းဟာ အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေရဲ့ အကူအညီတွေ နှေးကွေးမယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။ ယူကရိန်းဟာ ဘတ်ဂျက်လိုငွေ ဒေါ်လာ ၄၃ ဘီလီယံထိရှိနေပြီး အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေက နောက်ထပ်စစ်ရေးအကူအညီတွေ မပေးဘူးဆိုရင် အစိုးရဝန်ထမ်းတွေအတွက် လစာနဲ့ ပင်စင်တွေအတွက် နှောင့်နှေးဖွယ်ရှိတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ Ref:BBC Photo:Reuters

Read More

This Day in History

Voice of Myanmar တရုတ်နိုင်ငံသည် ကလေးအပိုမွေးဖွားခြင်းအတွက် ပြစ်ဒဏ်များချမှတ်နိုင်သည့် တအိမ်ထောင် ကလေးတယောက်မူဝါဒကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် တရားးဝင်ဖြေလျှော့ပေးလိုက်ပြီး ဇနီးမောင်နှံများကို ကလေးနှစ်ယောက်ထိ ယူခွင့်ပြုခဲ့သည်။

Read More
VOM News

FREE
VIEW