Voice of Myanmar တရုတ်နိုင်ငံသည် ကလေးအပိုမွေးဖွားခြင်းအတွက် ပြစ်ဒဏ်များချမှတ်နိုင်သည့် တအိမ်ထောင် ကလေးတယောက်မူဝါဒကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် တရားးဝင်ဖြေလျှော့ပေးလိုက်ပြီး ဇနီးမောင်နှံများကို ကလေးနှစ်ယောက်ထိ ယူခွင့်ပြုခဲ့သည်။
Read MoreMonth: December 2023
ကောလင်းနယ်မှာ ငွေကြေးစီးဆင်းမှု ခက်ခဲတာကြောင့် စပါးဝယ်ယူသူ မရှိသလောက်ဖြစ်နေ
ဒီဇင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ်မှာ အခုနှစ် စပါးရိတ်သိမ်းချိန်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလက စလို့ ကောလင်းနယ်မှာ ငွေကြေးစီးဆင်းမှုတွေ ခက်ခဲနေတာကြောင့် စပါးဝယ်ယူသူမရှိသလောက်ဖြစ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ ” နှစ်တိုင်းက စပါးပွဲစားတွေက တလင်းသိမ်းဖို့ ငွေကြိုထုတ်ပေးပြီး စပါးသိမ်းတာဖြစ်တယ် ၊ ပွဲစား အချင်းချင်း အပြိုင်အဆိုင် စပါးဝယ်ယူတာမျိုးဖြစ်တယ် ၊ ဒီနှစ်မှာ ရိတ်သိမ်းစရိတ်မရှိလို့ တောင်သူတချို့ အခုထိ စပါးရိတ်သိမ်းဖို့ ကျန်နေသေးတယ် ၊ စပါးရိတ်ဖို့ အလုပ်သမား ခက်ခဲတာကြောင့် စက်နဲ့ရိတ်သိမ်းမယ်ဆိုရင် တဧကကို တသိန်း နှစ်သောင်းကနေ တသိန်ခွဲအထိစျေးပေါက်တယ် ၊ စျေးနူန်းတွေက ပြောင်းလဲမှုရှိတယ် ၊ စက်သုံးဆီ စျေးနူန်းအလိုက် ဖြစ်နေတယ် ၊…
Read Moreမူဆယ် ၁၀၅ မိုင် မှာ ပိတ်မိနေတဲ့ ကုန်ကားတွေ ဘယ်မှ ထွက်မရပဲ အခက်အခဲ ဖြစ်နေ
ဒီဇင်ဘာ ၂၇၊ ၂၀၂၃ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးစခန်းမှာ ပိတ်မိနေတဲ့ ကုန်တင်ကားတွေ ဘယ်မှ ထွက်မရပဲ အခက်အခဲ ဖြစ်နေကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ၁၀၅ မိုင် မှာ လုံခြုံရေး စိတ်မချရတာကြောင့် တရုတ်ဘက် ဝမ်တိန်ထဲ ကားတွေ ပြန်ထားဖို့ရာလည်း လမ်းခရီး အခက်အခဲ ဖြစ်ရတဲ့ အပြင် ကုန်ကျစရိတ် အဆမတန် များနေတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။ “တရုတ်ပြည်ထဲကို ပြန်ဝင်တာ မဟုတ်ဘူး။ သူက မြန်မာပြည်မှာ အန္တရာယ်ရှိလို့ ကားတွေ မီးလောင်မှာ စိုးလို့ တရုတ်ပြည်ထဲကို ယွမ် ၁၀၀၀၀ ပေးပြီး ပြန်ထည့်တာ။” လို့…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၇ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအိန္ဒိယရှိ အစ္စရေးသံရုံးအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် အိန္ဒိယရောက် အစ္စရေးနိုင်ငံသားတွေကို သတိပေးချက် တိုးမြှင့်ထုတ်ပြန်
တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံရှိ အစ္စရေးသံရုံးအနီးမှာ ပေါက်ကွဲမှုတခုဖြစ်ပွားပြီးနောက် အိန္ဒိယမှာရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေကို အစ္စရေးတာဝန်ရှိသူတွေက သတိပေးချက် တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။ ပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ညပိုင်းက မြို့တော် ချန်နက်ယာပူရီ သံတမန်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် အခင်းဖြစ်ရာနေရာကနေ ကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုဟာ တိုက်ခိုက်မှုဖြစ်နိုင်ပြီး ကြိမ်ဖန်များစွာ ဖြစ်လာမှာကိုစိုးရိမ်ကြောင်း အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယမှာရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေအနေနဲ့ ကုန်တိုက်တွေ၊ ဈေးတွေလိုမျိုး လူစည်ကားတွေနေရာတွေကို ရှောင်ရှားကြဖို့ အစ္စရေးက သတိပေးထားပါတယ်။ အိန္ဒိယမှာရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေအနေနဲ့ အထူးသတိထားဖို့၊ အစ္စရေးအမှတ်သင်္ကေတတွေကို အများသူငှာရှေ့မှာ မဖော်ပြဖို့နဲ့ သွားလာမယ့် ခရီးစဉ်အသေးစိတ်စတာတွေကို လူမှုကွန်ရက်မှာ မဖော်ပြကြဖို့ တိုက်တွန်းထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒေလီရှိ သံရုံးနှင့် အခြားနေရာများရှိ အစ္စရေးအဆောက်အအုံတွေပတ်လည်မှာ လုံခြုံရေးတင်းကြပ်ထားကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။…
Read Moreနမ္မတူမှာ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံတွေ မြို့အဝင်အထွက်မရ ဖြစ်နေ
ဒီဇင်ဘာ ၂၇၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့မှာ စစပ်တပ်နဲ့ TNLA တို့အကြား ဒီ ရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်လာပြီး မြို့ အဝင်အထွက် မရဝောာ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က မနက် ၇ နာရီ ၁၅ မိနစ် လောက်ကနေ ယနေ့ မနက် ၆ နာရီ ၃၅ မိနစ် လောက်အထိ မနားဘူးဗျ။ တညလုံး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တယောက်ကပြောပါတယ်။ ယမန်နေ့ နေ့လယ်ကလည်း လက်နက် အသေး အကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။ “ရပ်ကွက်တွေဘက်တော့ နေအိမ်တွေ၊ မော်တော်ယာဉ်၊ ကျောင်းတွေ၊ ရုံးတွေထိခိုက်မှုရှိလောက်မယ်ဗျ။ မနေ့ကကတည်း အထွက်အဝင် မရသေးဘူးဗျ။” လို့ သူက ရှင်းပြပါတယ်။…
Read Moreအော်စကာဆုရ ပါရာဆိုက်ရုပ်ရှင်ဇာတ်ကား သရုပ်ဆောင် ကိုရီးယားမင်းသား လီဆန်းကျွန်းကို သေဆုံးလျှက်တွေ့ရှိ
ဆိုးလ်၊ ဒီဇင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) အော်စကာဆုရ ပါရာဆိုက်ရုပ်ရှင်ဇာတ်ကားနဲ့ ပိုမိုလူသိများထင်ရှားခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင်မင်းသား လီဆန်းကျွန်းကို ဒီဇင်ဘာ ၂၇ ရက်မှာ သေဆုံးလျှက် တွေ့ရှိခဲ့ရကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့ကပြောပါတယ်။ အသက် ၄၈ နှစ်အရွယ် မင်းသားလီဆန်းကျွန်းဟာ ဒီဇင်ဘာ ၂၇ ရက်မှာ ဆိုးလ်မြို့လယ်ရှိ ပန်းခြံတခုမှာ သူရဲ့ကားထဲ သတိလစ်မေ့မျောနေခဲ့တယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ လီဟာ သူ့ကိုယ်သူ သတ်သေသွားခြင်း ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပေမယ့် စာတစောင်ရေးထားပြီးနောက် နေအိမ်ကနေ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ သူဟာ အောက်တိုဘာလကတည်းက မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။ ဆိုးလ်မြို့ရှိ ဘားတခုမှာဝန်ထမ်းတယောက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း ယွန်ဟတ်သတင်းဌာနက ယခင်က ရေးသားဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေချိန်အတွင်း လီဆန်းကျွန်းသေဆုံးသွားခဲ့တဲ့ အတွက် စိတ်မကောင်းဖြစ်မိကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားပြီး သူဟာ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၇ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၂၀ ကျပ် ဝယ်ဈေး – ၂၅၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၇ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူ ၂၄၀ ကျော်သေဆုံး
ဂါဇာစီးတီး၊ ဒီဇင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးစစ်တပ်က ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၂၄၁ ယောက်သေဆုံးခဲ့ပြီး ၃၈၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ဟားမတ်စ်နဲ့ ပဋိပက္ခဟာ လပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပြီး စစ်ပွဲဟာ ပြည်သူတွေအပေါ် ဆိုးရွားတဲ့ ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း ပါလက်စတိုင်း သမ္မတမိုဟာမက် အဘစ်က ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာအလယ်ပိုင်းမှာ မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြီးခဲ့တဲ့နေ့ကတော့ နေရာပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရ စစ်ပွဲ ၁၁ ပတ်အကျော်ကာလအတွင်း ပါလက်စတိုင်းအရပ်သား ၂၀၉၁၅ ယောက် သေဆုံးခဲ့ပြီး အများစုကတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ပြောပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေက…
Read More