နမ္မတူမှာ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံတွေ မြို့အဝင်အထွက်မရ ဖြစ်နေ

 

ဒီဇင်ဘာ ၂၇၊ ၂၀၂၃

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့မှာ စစပ်တပ်နဲ့ TNLA တို့အကြား ဒီ ရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်လာပြီး မြို့ အဝင်အထွက် မရဝောာ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က မနက် ၇ နာရီ ၁၅ မိနစ် လောက်ကနေ ယနေ့ မနက် ၆ နာရီ ၃၅ မိနစ် လောက်အထိ မနားဘူးဗျ။ တညလုံး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တယောက်ကပြောပါတယ်။

ယမန်နေ့ နေ့လယ်ကလည်း လက်နက် အသေး အကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်‌နေကြတယ်လို့ ဆိုပါတယ်။

“ရပ်ကွက်တွေဘက်တော့ နေအိမ်တွေ၊ မော်တော်ယာဉ်၊ ကျောင်း‌‌တွေ၊ ရုံးတွေထိခိုက်မှုရှိ‌လောက်မယ်ဗျ။ မနေ့ကကတည်း အထွက်အဝင် မရသေးဘူးဗျ။” လို့ သူက ရှင်းပြပါတယ်။

အရင်နေ့က လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦး သေဆုံးတာရှိတယ်လို့ ဆိုပါတယ်။

“မြို့ထဲက လူတွေတချို့က ဘော်တွင်းထဲထိ ရှောင်ကြတယ်။ မြို့နဲ့ ‌ဘော်တွင်းနဲ့က ၁၇ မိုင် ဝေးသေးတယ်လေ။ မြို့ထဲ ကျန်နေတဲ့လူတွေ ရှိတယ်။ အခုက မြို့ အဝင်အထွက် မရဘူးလို့ ပြောတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။

လက်ရှိ မြို့ထဲ ပိတ်မိနေတဲ့ ပြည်သူတွေကို ‌လူမှုကူညီ ရေးအသင်းတွေက မြို့ဝင်ထွက်ခွင့်ရတာနဲ့ ကူညီ ကယ်ဆယ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

Photo Crd# Original Uploader

 

Related posts

✕
VOM News

FREE
VIEW