အင်ဒိုနီးရှား စစ်သားတွေ လယ်သမားတွေ စပါးစိုက်တာကူညီဖို့ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို အမိန့်ထုတ်

  ဂျကာတာ၊ ဒီဇင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားမှာမိုးခေါင်ရေရှားပြီး စပါးအထွက်နှုန်းကို ထိခိုက်နေတာကြောင့် လယ်သမားတွေကို စပါးစိုက်ပျိုးရာမှာ ကူညီဖို့ အင်ဒိုနီးရှားသမ္မတက စစ်တပ်ကို အမိန့်ထုတ်လိုက်ပါတယ်။ မကြာသေးမီက မိုးရွာသွန်းတာတွေကို အခွင့်ကောင်းယူပြီး လယ်သမားတွေ စပါးစိုက်ပျိုးမှုကို ကူညီပေးဖို့ စစ်တပ်တာဝန်ရှိသူတွေ ကို သမ္မတဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ကာလရှည်ကြာ မိုးခေါင်မှုတွေကြောင့် အရှေ့တောင်အာရှရဲ့ လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ အဓိကကောက်ပဲသီးနှံတွေ အထွက်နှုန်းလျော့ကျနေပြီး သွင်းကုန်တွေမြင့်တက်လာကာ စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လျှက်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ယမန်နှစ်က စပါးအထွက်နှုန်း တန်ချိန် ၃၁ ဒသမ ၅၃ သန်းရှိရာခဲ့ပြီး ယခုနှစ်မှာတော့ တန်ချိန် ၃၀ ဒသမ ၉ သန်းသာ ထွက်ရှိခဲ့ကြောင်း အစိုးရကထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အယ်လ်နီညိုရာသီဥတုဟာ ယေဘုယျအားဖြင့် အရှေ့တောင်အာရှဒေသမှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေပြီး ကောက်ပဲသီးနှံ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၄၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၇ ကျပ် ဝယ်ဈေး – ၂၅၅၇ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၁၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၅ ကျပ် ဝယ်ဈေး – ၇၄၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၂ ကျပ် ဝယ်ဈေး – ၄၇၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

စစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့ ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့ကြောင်း တရုတ်ပြော

  ပေကျင်း၊ ဒီဇင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) မြန်မာစစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့အကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့ကတော့ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ နှစ်ဘက်သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့ကိုလည်း သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲတဲ့ကာလကို ဘယ်လောက်ကြာမလဲဆိုတာကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာက အသေးစိတ်ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ တရုတ်ရဲ့ ကြားဝင်မှုအောက်မှာ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာဘက်က ထုတ်ပြန်ထားပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ကတော့ မြန်မာစစ်တပ်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဟာ အောက်တိုဘာနှောင်းပိုင်းကစပြီး ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး နောက်ပိုင်းမှာတော့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။ Ref:NHK Photo:AP  

Read More

This Day in History

  Voice of Myanmar အမေရိကန်သည် အီရတ်၌ပြုလုပ်နေသော စစ်ဆင်ရေးများ ပြီးဆုံးကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာလိုက်ပြီးနောက် ၂၀၀၃ ခုနှစ်က စတင်ခဲ့သော အီရတ်စစ်ပွဲ တရားဝင်အဆုံးသတ်ခဲ့လေသည်။  

Read More

ထိုင်းရောက်မြန်မာလုပ်သားတွေဆီက အခွန် ၂ ရာခိုင်နှုန်း တွက်ချက် ကောက်ခံမယ့် အစီအစဥ် လုပ်သားတွေဘက်က အခက်အခဲရှိနေ

  ဒီဇင်ဘာ ၁၄ – ၂၀၂၃ SN (VOM) ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေရဲ့ လစဉ်ဝင်ငွေအပေါ် အခွန် ၂ ရာခိုင်နှုန်း တွက်ချက် ကောက်ခံဖို့ညွန်ကြားတဲ့အပေါ် အခွန်ထမ်းဆောင်ဖို့အခက်အခဲတွေရှိနေတယ်လို့ ထိုင်းရောက်လုပ်သားတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ လစဉ်ဝင်ငွေသတ်မှတ်ချက်တွေကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး (ဗန်ကောက်) က မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုး/မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သား စတဲ့ Blue Collar တွေရဲ့ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ၁၅၀ ဘတ် လစဉ် ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။ “ ပြည်ပနိုင်ငံတွေမှာ…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၄ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၇၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၇၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၇၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၇၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ထိုင်းရောက်လုပ်သားတွေ မြန်မာပြည်ပြန်ဖို့မလိုဘဲ အထောက်အထားရရှိအောင် ဆောင်ရွက်ပေးမယ်

  ဒီဇင်ဘာ ၁၄ – ၂၀၂၃ SN (VOM) ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အလုပ်သမားတွေအတွက် မြန်မာနိုင်ငံကိုပြန်ဖို့မလိုဘဲ အထောက်အထားရရှိအောင် ဆောင်ရွက်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့က နေပြည်တော်မှုပြုလုပ်တဲ့ ထိုင်းနိုင်ငံ (CI) စာအုပ်ထုတ်ပေးရေး စခန်းတွေမှာ သွားရောက် တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အကြိုသင်တန်းဆင်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပြီး ထိုင်းရောက် မြန်မာလုပ်သားတွေအတွက် လိုအပ်တဲ့ အထောက်အထားရရှိဖို့ ကုန်ကျစရိတ်နဲ့ အချိန်ကုန် သက်သာအောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “CI ဆိုတာက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ပါ။ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အလုပ်သမားတွေကို ဥပဒေနဲ့အညီ work permit ၊ ဗီဇာရရှိစေဖို့နဲ့ တရားဝင် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိခံစားနိုင်စေဖို့ ဆောင်ရွက်ပေးမှာပါ။ ဒီ့အတွက် မြန်မာနိုင်ငံကို…

Read More

ယူကရိန်းစစ်ပွဲအတွင်း တပ်ဖွဲ့ဝင် သုံးသိန်းကျော်နဲ့ မြေပြင်သုံးစစ်ပစ္စည်း လေးပုံတပုံကျော် ရုရှားဆုံးရှုံးခဲ့

  ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်ကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း သူ့ရဲ့ တပ်ဖွဲ့ဝင် ၃၁၅၀၀၀ သို့မဟုတ် ၉၀ ရာခိုင်နှုန်းနီးပါးဟာ ထိခိုက် သေဆုံး ဒဏ်ရာရမှုတွေနဲ့ ဆုံးရှုံးခဲ့ရတယ်လို့ နယူးယောက်ခ်တိုင်းမ်အပါအဝင် အမေရိကန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့နှစ်မှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုစတင်ချိန်မှာ ယူကရိန်းစစ်မြေပြင်မှာ တပ်ဖွဲ့ဝင် သုံးသိန်းခြောက်သောင်း အသုံးပြုခဲ့တယ်လို့ အသစ်ထွက်ပေါ်လာတဲ့ ထောက်လှမ်းရေးအကဲဖြတ်အစီရင်ခံစာကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြလာတာဖြစ်ပါတယ်။ ရုရှားမှာ စစ်ပွဲအစပိုင်းမှာ တင့်ကားအစီးရေ ၃၅၀၀ ထိပိုင်ဆိုင်ထားပေမယ့်လည်း ၂၂၀၀ ကျော်ဆုံးရှုံးခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က ထုတ်လုပ်ခဲ့တဲ့ တီ-၆၂ တင့်ကားတွေကို ပြန်လည်အသုံးပြုနေရတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာနှောင်းပိုင်းထိ ရုရှားဟာ မြေပြင်တပ်ဖွဲ့သုံးပစ္စည်းတွေဟာ ၂၀၂၂ ခုနှစ်မတိုင်မီကထက် လေးပုံတပုံကျော် ဆုံးရှုံးခဲ့တယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲဟာ ရုရှားရဲ့…

Read More

ဂျပန်အာဏာရပါတီတွင်း အကျင့်ပျက်ချစားမှုကြောင့် ဂျပန်အစိုးရအဖွဲ့ ဝန်ကြီးလေးယောက် ရာထူးကနေ နှုတ်ထွက်

  တိုကျို၊ ဒီဇင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဂျပန်အာဏာရ ပါတီတွင်း အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံကြောင့် ဂျပန်အစိုးရအဖွဲ့ဝန်ကြီးလေးယောက် ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ရာထူးကနေ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။ အာဏာရ လစ်ဘရယ်ဒီမိုရက်တစ်ပါတီအတွင်းမှာ ဒေါ်လာ ၃ ဒသမ ၄ သန်း အလွဲသုံးစားလုပ်တွေရှိနေကြောင်း စွပ်စွဲချက်တွေအပြီးမှာ အစိုးရအဖွဲ့ဝန်ကြီးတွေ ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ နှုတ်ထွက်သွားတဲ့ ဝန်ကြီးတွေကတော့ အစိုးရအဖွဲ့အတွင်းရေး ဟီရိုကာဇူမက်ဆူနို၊ စီးပွားရေးနဲ့ စက်မှုဝန်ကြီး ယာဆူတိုရှီနီရှီမူရာ၊ ပြည်ထဲရေးဝန်ကြီး ဂျန်ဂျီဆူဇူကီးနဲ့ စိုက်ပျိုးရေးဝန်ကြီး အိုင်ချီယိုမီယာရှီတာတို့ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ အစောပိုင်း အရှုပ်တော်ပုံတွေကို ကိုင်တွယ်ဖြေရှင်းမှုတွေအပေါ် ကိုင်တွယ်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ကီရှှီဒါအပေါ် လူထုထောက်ခံမှုနှုန်းသည် အနိမ့်ဆုံးဖြစ်နေသည်။ အသက် ၆၆ နှစ်ရှိပြီဖြစ်သော ဝန်ကြီးချုပ် ကီရှီဒါသည် ၂၀၂၅ ခုနှစ်ထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခွင့် ရှိနေသော်လည်း လာမယ့်နှစ်မှာကျင်းပမယ့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်ဆောင်ရွေးပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ…

Read More
VOM News

FREE
VIEW