Voice of Myanmar ဒိုင်းနမိုက်နှင့် အခြားသော ဖောက်ခွဲရေးပစ္စည်းများကို တီထွင်ခဲ့သူ ဆွီဒင်ဓါတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်၏ ဆန္ဒအရ ၎င်းကွယ်လွန်ပြီး ငါးနှစ်အကြာ ၁၉၀၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ပထမဆုံးသော နိုဘယ်ဆုများကို ချီးမြှင့်ခဲ့သည်။
Read MoreYear: 2023
ကိုရီးယားရောက်မြန်မာတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရင် ဝင်ငွေခွန်တွေ တပါတည်း ထမ်းဆောင်ရမယ်
ဒီဇင်ဘာ ၉ – ၂၀၂၃ SN (VOM) ကိုရီးယားရောက် PJ (Job Passport) နဲ့ PB (Business Passport) ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက ဝင်ငွေခွန်တွေကိုပါ တပါတည်း ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက မနေ့ ဒီဇင်ဘာ ၈ ရက်က အသိပေး ကြေညာထားပါတယ်။ ပြည်ပနေနိုင်ငံသားတွေရဲ့ ပြည်ပမှာ နိုင်ငံခြားငွေနဲ့ရရှိတဲ့ လစာဝင်ငွေအပေါ် အရင်က ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုခဲ့ပေမယ့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ့ ပြင်ဆင်တဲ့ဥပဒေနဲ့ ပြည်ပနေနိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် တွက်ချက်ရမယ့် ဝင်ငွေခွန်နှုန်းထား၊ ပေးဆောင်ရမယ့် ဝင်ငွေခွန်ပမာဏ၊ သတ်မှတ်ရမယ့် နည်းလမ်းနဲ့…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၉ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဂါဇာမှာ အပစ်ရပ်ဖို့ လုံခြုံရေးကောင်စီ အဆိုပြုချက် ဗီတိုအာဏာသုံးပြီး အမေရိကန်ပယ်ချ
ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၉-၂၀၂၃ မျိုးဆက်(VOM) ဂါဇာမှာဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲကို လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဆိုပြုချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ ယူအေအီးနိုင်ငံက တင်သွင်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ရေး ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံပြီး ဗြိတိန်က ကြားနေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှုကြမ်းဟာ လက်တွေ့အခြေအနေနဲ့ ဟန်ချက်မညီ ကွာဟာနေပြီး နောက်ထပ်စစ်ပွဲအတွက် မျိုးစေ့ချပေးသလိုဖြစ်မယ့် ရေရှည်မတည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးကို မထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်က ပြောပါတယ်။ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေဖြစ်လာနို်င်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က လုံခြုံရေးကောင်စီကို ပြီးခဲ့တဲ့နေ့က ရှားရှားပါးပါး သတိပေးထားပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ကတော့ အပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တွေအတွက်သာ အကျိုးရှိနေလိမ့်မယ်လို့ ယူဆထားကြပြီး အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်ခဲ့ကြပါတယ်။ အမေရိကန်ဟာ အပစ်အခတ်ရပ်စဲရေးကို…
Read Moreတိုက်ပွဲတွေဖြစ်ပွားနေတဲ့ မူဆယ်နဲ့ဝန်းကျင်ဒေသမှာ နောက်ဆက်တွဲ ဘာတွေဖြစ်နေလဲ
ဒီဇင်ဘာ-၉-၂၀၂၃ Shy V (VOM) တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့ကစ လက်ရှိအထိ မီးမလာလို့ ရေပါ အခက်အခဲ ဖြစ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ထမင်းဟင်းက ရေသန့်ဝယ်ပြီး ချက်စားလို့ရတယ်။ ရွှေလီမြစ်ထဲ သွားခပ်ဖို့ကလည်း မီးမလာတော့ သုံးဘီးက ဘက်ထရီအား မရှိဘူး။ အဓိက အပေါ့အလေး သွားဖို့တောင် အခက်အခဲ ဖြစ်နေတာ။ အိမ်သာမှာ သုံးစရာ ရေတောင် မရှိဘူး။ မီးမရှိတာက ရသေးတယ်။ နောက်ဆက်တွဲ ရေမရှိတာက ဒုက္ခ တော်တော်ရောက်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ စစ်ရှောင် သက်ကြီးရွယ်အို ငါး၊ ခြောက်ယောက် လက်ခံထားတာကြောင့် သုံးရေ မရှိလို့ နေ့တိုင်း ရေပြဿနာပဲ အရင် ဖြေရှင်းနေရတယ်လို့…
Read Moreဟားမတ်စ်တပ်မှူးအချို့ ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းဖို့ အစ္စရေးကို ခေါ်ဆောင်ခံရ
တဲလ်အဗစ်၊ ဒီဇင်ဘာ-၉-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ခန်းယွန်နစ်မြို့ကို အစ္စရေးတပ်တွေက အပြင်းအထန်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း လူ ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ ဖမ်းဆီးခဲ့သူတွေထဲမှာ ဟားမတ်စ်တပ်မှူးတွေလည်းပါဝင်နေပြီး တပ်မှူးတွေအပါအဝင် ဟားမတ်စ်ဒါဇင်များစွာကို စစ်ဆေးမေးမြန်းဖို့အတွက် အစ္စရေးကို ခေါ်ဆောင်သွားတယ်လို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ်ဟာဂါရီက ပြောပါတယ်။ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားအများအပြားကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ချတဲ့ ဟားမတ်စ်အရေအတွက်လည်း တိုးပွားလာနေတယ်လို့ ဆိုပါတယ်။ ဟားမတ်စ်ခေါင်းဆောင် ယာယာစင်ဝါ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ ခန်းယွန်နစ်မြို့ကို အစ္စရေးစစ်တပ်က ဝေဟင်နဲ့ မြေပြင်တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေပါတယ်။ အစ္စရေးတပ်တွေဟာ ဟားမတ်စ်အဖွဲ့ရဲ့ မြေအောက်ဥမင်ပေါင်းများစွာကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီး မြို့မှာရှိတဲ့ ဟားမတ်စ်အခြေစိုက်စခန်းတွေကိုလည်း ဝင်ရောက်စီးနှင်းကာ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နေအိမ်တွေမှာ စာရွက်တွေနဲ့ လက်နက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ရှိနေသေးတဲ့ အစ္စရေးဓါးစာခံတွေ ပြန်လွတ်ဖို့ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့ကြောင်း…
Read Moreကျောက်မြောင်း၊ သီတာလမ်း ပစ်ခတ်မှု နှစ်ယောက် သေဆုံးပြီး အဖမ်းခံရသူတွေလည်းရှိ
ဒီဇင်ဘာ ၉ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ သီတာလမ်းမှာ မနေ့ ဒီဇင်ဘာ ၈ ရက်၊ ညနေ ၆ နာရီခွဲဝန်းကျင်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် လူငယ်နှစ်ယောက် သေဆုံးသွားပြီး ဖမ်းဆီးခံရသူတချို့လည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူတွေဟာ ဆန္ဒပြသူတွေဖြစ်တယ်လို့ သိရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ လောင်စာဆီဈေးနှုန်း မြင့်တက်တာ၊ လောင်စာဆီ လုံလောက်မှုမရှိတာအပြင် ပြည်သူတွေ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာနဲ့ပတ်သက်လို့ ကားလမ်းပေါ်မှာ တာယာကွင်းတွေကို မီးရှို့ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ “အရင်ဆုံး သေနတ်သံတွေကြားရတာ။ သုံး၊ လေးချက်လောက်ရှိမယ်။ အဲ့နောက်ပိုင်း ညာသံတွေပေးပြီး လိုက်လိုက်ဆိုတဲ့ အသံတွေကြားရတော့တာပဲ။ ကြားကြားချင်း ချောင်းကြည့်လိုက်တော့ ကောင်လေးတယောက်ကတော့ လမ်းပေါ်မှာလဲနေတယ်။ စစချင်းတော့ ခြေထောက်လေးခဏ လှုပ်နေသေးတယ်။ နောက်တော့ လှုပ်ကိုမလှုပ်တော့ဘူး။ နောက်ထပ် အပစ်ခံရတဲ့ တယောက်ကတော့…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၉ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၆၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး – ၄၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပဉ္စမမြောက် သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲဝင်ဦးမယ်လို့ ရုရှားသမ္မတပူတင် ကြေညာ
မော်စကို၊ ဒီဇင်ဘာ-၉-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ သူ့ရဲ့ ပဉ္စမမြောက်သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီး ထပ်မံရွေးချယ်ခံမယ်လို့ ပူတင်က ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အပြည့်အ၀ စစ်ပွဲဆင်နွှဲရာမှာ ပါဝင်ခဲ့သူတွေကို ဆုပေးပွဲအခမ်းအနားမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ် ၁၅ ရက်ကနေ ၁၇ ရက်ထိ ကျင်းပသွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီးနောက် ပူတင်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပူတင်ဟာ ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၂ ခုနှစ်မှာ ပြင်ဆင်ခဲ့ပြီး သမ္မတသက်တမ်းကို လေးနှစ်ကနေ ခြောက်နှစ်ထိ တိုးမြှင့်ခဲ့ပြီး သူ့ရဲ့ လွန်ခဲ့တဲ့ သမ္မတသက်တမ်းတွေကို ပယ်ဖျက်လိုက်တာကြောင့် သမ္မတအဖြစ် ထပ်မံယှဉ်ပြိုင်ခွင့် ရှိနေခဲ့တာပါ။ မတ်လရွေးကောက်ပွဲမှာ ပူတင်အနိုင်ရခဲ့မယ်ဆိုရင် သူဟာ သမ္မတအဖြစ် ၂၀၃၀ ခုနှစ်ထိ ထမ်းဆောင်ခွင့်ရမှာဖြစ်ပြီး…
Read More