ဂါဇာမှာ အပစ်ရပ်ဖို့ လုံခြုံရေးကောင်စီ အဆိုပြုချက် ဗီတိုအာဏာသုံးပြီး အမေရိကန်ပယ်ချ

 

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၉-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာမှာဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲကို လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဆိုပြုချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

ယူအေအီးနိုင်ငံက တင်သွင်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ရေး ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံပြီး ဗြိတိန်က ကြားနေခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်မှုကြမ်းဟာ လက်တွေ့အခြေအနေနဲ့ ဟန်ချက်မညီ ကွာဟာနေပြီး နောက်ထပ်စစ်ပွဲအတွက် မျိုးစေ့ချပေးသလိုဖြစ်မယ့် ရေရှည်မတည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးကို မထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်က ပြောပါတယ်။

ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေဖြစ်လာနို်င်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က လုံခြုံရေးကောင်စီကို ပြီးခဲ့တဲ့နေ့က ရှားရှားပါးပါး သတိပေးထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ကတော့ အပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တွေအတွက်သာ အကျိုးရှိနေလိမ့်မယ်လို့ ယူဆထားကြပြီး အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်ခဲ့ကြပါတယ်။

အမေရိကန်ဟာ အပစ်အခတ်ရပ်စဲရေးကို တွန်းအားမပေးပေမယ့် တိုက်ပွဲတွေအတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေလွတ်မြောက်ရေးကို ထောက်ခံတိုက်တွန်းနေပါတယ်။

Ref:Reuters

Photo:The Nation

Related posts

✕
VOM News

FREE
VIEW