ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရင် ဟန်နရီကစ်ဆင်ဂျာ ကွယ်လွန်

  ဝါရှင်တန်၊ နိုဝင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဟောင်း ဟန်နရီကစ်ဆင်ဂျာဟာ ကွန်နက်တီကတ်ရှိ နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင့် သူ့မိသားစုက အတည်ပြုပြောဆိုပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ကစ်ဆင်ဂျာဟာ ၁၉၆၈ ခုနှစ် သမ္မတရစ်ချက်နစ်ဆင်လက်ထက်မှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၁၉၇၃ ခုနှစ်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပြီး သမ္မတနစ်ဆင်နဲ့ သမ္မတဂျရယ်ဖို့ဒ်လက်ထက်ထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းခဲ့ပါတယ်။ ကစ်ဆင်ဂျာဟာ အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုရှိနေချိန် ၁၉၇၁ ခုနှစ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒအပေါ် လွှမ်းမိုးမှုရှိခဲ့ကြောင်း တရုတ်နိုင်ငံသတင်းဌာနတွေက ဖော်ပြထားပါတယ်။ သူဟာ ဗီယက်နမ်မှာ အမေရိကန်ရဲ့ စစ်ရေးပါဝင်ပတ်သက်မှုကို တရားဝင်အဆုံးသတ်နိုင်ခဲ့တဲ့ ပါရီငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ပါဝင်ကူညီမှုတွေကြောင့် ၁၉၇၃ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံ့ခဲ့ရပါတယ်။ ကစ်ဆင်ဂျာဟာ မကြာသေးမီအချိန်ကထိ အမေရိကန်ရဲ့ သံတမန်ရေးရာမှာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး အမေရိကန်နဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၃၀ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၉၀ ကျပ် ဝယ်ဈေး – ၃၃၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၈၉ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၀၀ ကျပ် ဝယ်ဈေး – ၉၅.၆၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၃ ကျပ် ဝယ်ဈေး – ၄၆၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၃၀ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

တန့်ဆည်မှာ တိုက်ပွဲပြင်းထန်လို့ နှစ်ဘက် ထိခိုက် ကျဆုံးမှုတွေရှိ

  နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ပေါ်မှာ မနေ့ နိုဝင်ဘာ ၂၉ ရက်နေ့အထိ နှစ်လအတွင်း တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တန့်ဆည်မြို့ခံတွေဆီက သိရပါတယ်။ ” တန့်ဆည်မြို့မှာ မနေ့ နိုဝင်ဘာ ၂၉ ရက် မနက်အစောပိုင်း ၁ နာရီလောက်ကနေ တနေကုန် တိုက်ပွဲဖြစ်တယ် ၊ လေကြောင်း ပစ်ကူတွေနဲ့ တိုက်တယ် ၊ ရဟတ်ယာဥ် နှစ်စီးနဲ့ ဂျက်ဖိုက်တာ တစီးပါတယ်၊ တန့်ဆည်မှာက ပြီးခဲ့တဲ့ နှစ်လအတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်တယ် ၊ ပထမအကြိမ်က ပြီးခဲ့တဲ့ စက်တင် ဘာ ၂၂ ရက် မနက် ၁…

Read More

နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ မြောက်ကိုရီးယားစစ်သားတွေ လက်နက်ပြန်လည် ကိုင်ဆောင်နေ

  ဆိုးလ်၊ နိုဝင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားအကြား ပိုင်းခြားထားတဲ့ ပူးတွဲလုံခြုံရေးနယ်မြေဖြစ်တဲ့ စစ်မဲ့ဇုန်မှာ စစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားစစ်သားတွေဟာ လက်နက်တွေကိုင်ဆောင်နေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနဲ့ သဘောတူထားတဲ့ ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို လိုက်နာမှာမဟုတ်တော့ကြောင်း မြောက်ကိုရီးယားက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ကြေညာပြီး လက်နက်ပြန်လည်ကိုင်ဆောင်လာတာဖြစ်ပါတယ်။ စစ်မဲ့ဇုန်ဖြစ်တဲ့ ပန်မွန်ဂျုံဒေသမှာ တပ်စွဲထားတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းကစပြီး ပစ္စတိုသေနတ်တွေကို ကိုင်ဆောင်နေကြတာကို တွေ့ရှိရတယ်လို့ တောင်ကိုရီးယားစစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ပူးတွဲစစ်ရေးသဘောတူညီချက်အရ နယ်မှာ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူထားတာဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်းဆက်ဖြစ်နေတယ်ဆိုရင် တောင်ကိုရီးယားစစ်တပ်ဟာလည်း နယ်စပ်မှာ လက်နက်တွေ ပြန်လည်တပ်ဆင်နိုင်တယ်လို့ ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားက စစ်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို တောင်ကိုရီးယားက နိုဝင်ဘာ ၂၂ ရက်မှာ တစိတ်တပိုင်း…

Read More

This Day in History

  Voice of Myanmar အမေရိကန်၏ ၄၁ ယောက်သမ္မတ ဂျော့ချ်ဒဗလျုဘုရှ်သည် အသက် ၉၄ နှစ်အရွယ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့၌ ကွယ်လွန်ခဲ့သည်။  

Read More

မန္တလေးချစ်သော သမိုင်းပါမောက္ခ

  ဆူးငှက်     ကျွန်တော်က မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို ၁၉၇၅-၇၆  စာသင်နှစ်မှ ရောက်သည်။ တမာလမ်း၊ ရေနီမြောင်းနှင့်အဓိပတိဆောင်၏ တိုင်လုံးကြီးများနှင့် ခံ့ထည်သည့် မန္တလေးတက္ကသိုလ်ကို ရှေးရှေးက မျိုးဆက်များ၏ အသီးသီးသောဂုဏ်ရည်ဖြင့် လေးစားမြတ်နိုးစိတ် အပြည့်အလျှံ ရှိခဲ့ပါ၏။ မန္တလေးတက္ကသိုလ်မှာ (ထိုစဉ်က) ပါမောက္ခ ဦးနက်ရှိသည်။ဒေါက်တာဘကြည်ရှိသည်။ ဦးသိန်းမောင်ရှိသည်။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ရှိသည်။ ဦးဆန်းထွန်း (မန်းတက္ကသိုလ်) ရှိသည်။ ရုက္ခဗေဒ ဒေါက်တာသန်းထွန်းရှိသည်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရှိသည်။     တကယ်တော့ မန္တလေးတက္ကသိုလ်နှင့် ပတ်သက်၍ ရှေးရှေ့က အတွေ့အကြုံများမှာ မန်းတက္ကသိုလ် ကလောင်ရှင်များ အသင်းကထုတ်ဝေသော ကဗျာစာအုပ်များထဲက ဖတ်မှတ် လွမ်းဆွတ်၊ အားတက်ခဲ့ရသော စာတွေ့များပဲ ဖြစ်ပါ၏။ တက္ကသိုလ် မတက်ခင်က စာအုပ်တွေ ဖတ်ပြီး တက္ကသိုလ်ရောက်ရင် ပညာတွေ ဆည်းပူးလိုက်မယ်။ ပညာရှိ…

Read More

ကျောက်မဲမြို့မှာ ပုပ်စော်နံလို့ ရှာဖွေရာက အလောင်း ၇၀ ကျော် စုပုံစွန့်ပစ်ထားတာကို တွေ့ရ

  နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၃ SP(VOM)     ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ၊ နတ်ရေကန် ဝိမုတ္တိဘုန်းကြီးကျောင်းနဲ့ တရုတ်သုဿန်ကြား လျှိုမြောင်ထဲမှာ မနေ့နိုဝင်ဘာ ၂၉ ရက်က လူသေအလောင်း ၇၀ ကျော်ကို စွန့်ပစ်ထားတာကို တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။   ” ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲရှောင်တချို့ မနေ့က နေရပ်ပြန်လာတယ် ၊ အိမ်မှာ နေလို့မရအောင် ပုပ်စော်တွေနံနေလို့ ပရဟိတသမားတွေကို အကူညီတောင်းပြီး လိုက်လံရှာဖွေတဲ့အခါ နတ်ရေကန် ဝိမုတ္တိဘုန်းကြီးကျောင်းနဲ့ သင်္ချိုင်းကြားဘက်က လျှိုထဲမှာမသဂြိုလ်ပဲ အလောင်းတွေ ဒီအတိုင်းသား စွန့်ပစ်ထားတာကိုတွေ့ရတယ် ၊ အလောင်းက ၇၀ ကျော်လောက်ရှိတယ် ၊ အဲ့ဒီကအပုပ်နံ့တွေက ရပ်ကွက်ဘက်လွင့်လာတော့ လူတွေ မနေနိုင်အောင် နံတာဖြစ်တယ် ၊…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၉ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင်ဒဏ် (၁၀) နှစ် ချ မှတ်ခံရ

  နိုဝင်လာ ၂၉ – ၂၀၂၃ SN (VOM) ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အလုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ၊ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ တို့နဲ့ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃမှာ တပ်မတော်သားများ (သို့မဟုတ်) အစိုးရအမှုထမ်းများကို ဟန့်တားခြင်း (သို့မဟုတ်) နှောက်ယှက်ခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) ကတော့ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေ စတဲ့ တပ်တခုခုမှ အရာရှိအား (သို့မဟုတ်) စစ်သည်အား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာတာဝန်ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် (သို့မဟုတ်) ထိုသို့ပြုလုပ်စေသည့် အကြောင်းရှိပါက တရားစွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။ “သူက လူမှုကွန်ရက်ပေါ်မှာ…

Read More
VOM News

FREE
VIEW