နိုဝင်ဘာ ၂၁ – ၂၀၂၃ SN (VOM) ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ငန်းခွင်ပြဿနာကို တာဝန်ယူစေလွှတ်လိုက်တဲ့ အေဂျင်စီတွေအနေနဲ့ ရက်ပေါင်း ၃၀ အတွင်းသွားရောက် ဖြေရှင်းပေးရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ အေဂျင်စီတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်၊ အလုပ်သမား မပြေလည်မှု၊ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုဖြစ်စဉ်တွေ၊ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပြဿနာတွေကို ရက်ပေါင်း ၃ဝ အတွင်း သွားရောက်ဖြေရှင်းပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မြေပြင်အခြေအနေမှာတော့ အေဂျင်စီတချို့အနေနဲ့ စေလွှတ်လိုက်ပြီးတဲ့ အလုပ်သမားတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အလွန်တရာ အားနည်းနေတဲ့အတွက် အခက်တွေ့နေရတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။ “အခုချိန် ထိုင်းနိုင်ငံစီးပွားရေးက ကျလို့ အလုပ်မရှိဘဲ ထိုင်နေရတဲ့ အလုပ်သမားတွေ သန်းကျော် ရှိနေတယ်။ အလုပ်ရုံတွေ လူလျှော့ချခံရတာ။ ဒါနဲ့ပတ်သက်လို့ ဘယ်သူကမှလည်း အရေးတယူ…
Read MoreYear: 2023
ကလေးမြို့ လေဆိပ် ပေါက်ကွဲမှုဖြစ်လို့ လေယာဥ်ခရီးစဥ်တွေ ယာယီရပ်နားထား
နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ ကလေး လေဆိပ်မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီးနောက် လေယာဥ်ခရီးစဥ်တွေ ယာယီရပ်နားထားတယ်လို့ လေယာဥ်လက်မှတ် အေဂျင်စီတွေဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၁၀ / ၄၅ လောက်ကဖြစ်တာပါ ၊ လေယာဥ်ပြေးလမ်းထိပ်နေရာကို ဒရုန်းဗုံးကျပြီး ပေါက်ကွဲတယ် ၊ ပျက်စီးထိခိုက်မှုကတော့ လမ်းအစွန်နေရာမှာ ခြောက်လက်မ ပတ်လည်လောက် ပျက်စီးသွားတယ် ၊ မန္တလေး လေဆိပ်ကနေ ကလေးလေဆိပ်ကိုဆင်းမယ့် လေယာဥ်ဟာ မုံရွာ လေဆိပ်ကနေ မန္တလေးကို လှည့်ပြန်သွားတယ် ၊ ကလေးမြို့မှာ မဆင်းတော့ဘူး ”…
Read Moreအနည်းငယ်ပြန်တက်တဲ့ ရွှေစျေး
ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၁ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး နီးကပ်လာပြီလို့ ဟားမတ်စ်ခေါင်ဆောင်ပြော
ဂါဇာစီးတီး၊ နိုဝင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) ဟားမတ်စ်နဲ့ အစ္စရေးတို့အကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ နီးကပ်လာပြီလို့ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်ချ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သဘောတူညီချက်အရ အစ္စရေးဓါးစာခံတွေကို ဟားမတ်စ်က ပြန်လွှတ်ပေးမှာဖြစ်သလို့ အပြန်အလှန်အားဖြင့် အစ္စရေးကလည်း အကျဉ်းချထားတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးရမယ်လို့ အေအက်ဖ်ပီနဲ့ အယ်လ်ဂျားဇီးယား သတင်းဌာနတို့ကဖော်ပြထားပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဟားမတ်စ်တို့ပါဝင်တဲ့ သဘောတူညီချက်တရပ် မကြာခင်ရရှိနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ ယခင် သဘောတူညီချက်တွေကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ကူညီပေးခဲ့တဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီ အကြီးအကဲဟာလည်း ဟားမတ်စ်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကာတာနိုင်ငံကို သွားရောက်နေပြီဖြစ်တာကြောင့် ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ မျှော်လင့်ချက်တွေ မြင့်တက်နေပါတယ်။ ဒီအတောအတွင်း ဂါဇာရှိ နောက်ထပ်ဆေးရုံတရုံနားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး ဆေးရုံထဲမှာ လူ ၅၀၀ လောက်ခိုလှုံနေဆဲဖြစ်ပါတယ်။ အစ္စရေး-ဟားမတ်စ်ပဋိပက္ခအတွင်း…
Read Moreအီတလီ မာဖီးယား၂၀၀ ကျော် ထောင်ဒဏ်နှစ် ၂၂၀၀ ချမှတ်ခံရ
ရောမ၊ နိုဝင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) အီတလီနိုင်ငံရှိ အကြီးဆုံးမာဖီးယားဂိုဏ်းနဲ့ ဆက်နွယ်နေသူ ၂၀၀ ကျော်ကို စုစုပေါင်းထောင်ဒဏ်နှစ် ၂၂၀၀ ချမှတ်လိုက်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သူတို့ဟာ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ လူသတ်မှုတွေကနေ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွထိ ကျူးလွန်နေတဲ့ အင်ဒရန်ဂီတာမာဖီးယားဂိုဏ်းနဲ့ ဆက်နွယ်နေသူတွေလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း အီတလီဒေသ ၁၁ ခုမှာ စတင်ခဲ့တဲ့ ကျယ်ပြန့်တဲ့စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ တရားခံအများစုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အီတလီအထက်လွှတ်တော်အမတ်ဟောင်းတယောက်လည်းပါဝင်တဲ့ သံသယရှိသူတွေကို တရားရုံးမှာ သုံးနှစ်ကြာရုံးတင်စစ်ဆေးပြီးနောက် စီရင်ချက်ချခဲ့တာဖြစ်ပြီး တရားခံတွေဟာ အယူခံဝင်ခွင့်ရှိနေဆဲဖြစ်ပါတယ်။ အင်ဒရန်ဂီတာဂိုဏ်းဟာ ဥရောပမှာ သြဇာအရှိဆုံး မာဖီးယားဂိုဏ်းတခုဖြစ်ပါတယ်။ ဒေသတွင်းအရာရှိတွေ၊ စီးပွားရေးသမားတွေ ၊နိုင်ငံရေးသမားတွေ အပါအဝင် ရာဇဝတ်ဂိုဏ်းနဲ့ဆက်နွယ်သူတွေကို ပြစ်ဒဏ်ချမှတ်မှုဟာ အီတလီမူမှုအဖွဲ့အစည်းတွေအပေါ် ရာဇဝတ်ဂိုဏ်းတွေရဲ့ သြဇာသက်ရောက်မှုကို ပြသနေကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။ Ref:BBC…
Read Moreပခုက္ကူခရိုင်မှာ ဒီရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲလို့ သေဆုံးသူ ငါးဦးထက်မနည်းရှိ
နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ရေစကြို စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် အရပ်သား ငါးဦးထက်မနည်း သေဆုံးပြီး ၊ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ပခုက္ကူခရိုင် လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ရက်ပိုင်း နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ဆိပ်ဖြူမြို့နယ် ၊ ရွှေဘိုကျွန်းရွာနဲ့ ကျောက်ကြီးရွာကြား ဆိပ်ဖြူ – ရွှေဘိုကျွန်း – လက်ဆည် – ပေါက်ကားလမ်းမှာ မြေမြှုပ်မိုင်း တလုံးကွဲတယ် ၊ အဲ့ဒီ ဖြစ်စဥ်ကြောင့် ဆိပ်ဖြူမြို့က ကိုဇော်လင်း…
Read Moreရက်ပိုင်းအတွင်း အင်ဒိုနီးရှား အာချေးပြည်နယ်ကို ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ နီးပါး ရောက်ရှိ
ဂျကာတာ၊ နိုဝင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) ပြီးခဲ့တဲ့ခြောက်ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံမြောက်ဘက်စွန်း အာချေးပြည်နယ်ကို မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ နီးပါး စက်လှေတွေနဲ့ ရောက်ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့ဟာ ရက်ပေါင်းများစွာ ပင်လယ်ပြင်မှာနေခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ အဖွဲ့ငါးဖွဲ့နဲ့ လာခဲ့ကြတာလို့ဆိုပါတယ်။ အာချေးဥတာရာခရိုင်က ဒေသခံတွေကတော့ နောက်ဆုံးရောက်ရှိလာတဲ့ ရိုဟင်ဂျာ ၂၄၀ ကမ်းကပ်မယ့် ကိစ္စကို နှစ်ကြိမ်တိုင် ငြင်းဆိုခဲ့ပြီး နောက်ဆုံးမှာတော့ ရိုဟင်ဂျာတွေဟာ ဘိုင်ယူအန်ခရိုင်မှာ ကမ်းကပ်ခဲ့ကြပါတယ်။ ဒုက္ခသည်တွေ အတွက် ဆင်းသက်ခွင့်လက်မှတ်တွေရရှိထားလို့ အာဏာပိုင်တွေနဲ့ ဒေသခံတွေကို ကျေးဇူးတင်ကြောင်း၊ အနာဂါတ်မှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးမယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။ ဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးပမ်းကြသူတွေဖြစ်ပေမယ့် သူတို့ခရီးစဉ်ဟာ အင်ဒိုနီးရှားမှာ အဆုံးသတ်ခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အင်ဒိုနီးရှားဟာ ၁၉၅၁…
Read Moreအတက်ကြမ်းသလို အကျကြမ်းပေမယ့် အကျမှာ အဝယ်လေးတဲ့ရွှေ
နိုဝင်ဘာ ၂၁ – ၂၀၂၃ SN (VOM) ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျပ် ၃၈ သိန်းကျော်အထိ မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် သုံးဆယ့်ငါးသိန်းရှစ်သောင်းခွဲဈေး ဖြစ်ပေါ်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ကျပ် သုံးဆယ့်ခြောက်သိန်းဝန်းကျင်ကို ရောက်ရှိနေပါတယ်။ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျပ် ၃၃ -၃၄ သိန်းကျော် ဝန်းကျင်မှာ ရှိခဲ့ပြီး တလလုံး ဈေးတွေ အေးစက်တည်ငြိမ်နေခဲ့ပေမယ့် အခု နိုဝင်ဘာလအတွင်းမှာတော့ ၂ ရက်နေ့ကစလို့ ဈေးကွက်အတွင်း အလှုပ်အခတ်တွေ ဖြစ်ပေါ်နေပြီး ဈေးအတက်အကျမငြိမ် ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တယောက်က “ဈေးတွေကတော့ မငြိမ်ပါဘူး။ ဒီလိုပဲ ကောလဟာလတွေထွက်လိုက်၊…
Read Moreမြောက်ကိုရီးယားရဲ့ စစ်ထောက်လှမ်းရေးဂြိုဟ်တု ရက်ပိုင်းအတွင်း လွှတ်တင်တော့မယ်
တိုကျို၊ နိုဝင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၂၂ ရက်ကနေ ၃၀ ရက်အတွင်း သူ့ရဲ့စစ်ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်ဖို့ အစီအစဉ်ရှိကြောင်း ဂျပန်နိုင်ငံကိုအကြောင်းကြားခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အနောက်တောင်ဘက်နဲ့ ဖိလစ်ပိုင်အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်း ဂြိုဟ်တုလွှတ်တင်တဲ့ ဒုံးပျံရဲ့ အပျက်အစီးတွေကျရောက်နိုင်မယ့်နေနရာတွေကို သတိပေးဖော်ပြထားပါတယ်။ အရာဝတ္ထုတွေ ကျရောက်လာနိုင်ခြေနဲ့ပတ်သက်ပြီး ရေယာဉ်တွေကို ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားပါတယ်။အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ အဖွဲ့ဝင်နိုင်ငံတွေဟာ ရေယာဉ်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့အခြားသောလုပ်ဆောင်မှုတွေ အတွက် ကြိုတင်အကြောင်းကြားရဖို့ သတ်မှတ်ထားပါတယ်။ မြောက်ကိုရီးယားဟာ မေလနဲ့ သြဂုတ်လတွေအတွင်း စစ်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ အောက်တိုဘာလအတွင်း တတိယအကြိမ် လွှတ်တင်မှုပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ မကြာသေးမီကလည်း ဒုံးကျည်တွေပစ်ခတ်ရာမှာ…
Read Moreတီးတိန်မြို့နယ်ထဲက ၊ ကနေဒီတောင်ပေါ်စခန်း တိုက်ခိုက်ခံရ ၊ ငါးဦးသေဆုံး ၊ လက်နက်ခဲယမ်းတွေပါသွား
နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃ SP ( VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ ကနေဒီတောင်ပေါ်မှာရှိတဲ့ ရှေ့တန်းကာကင်းစခန်းကို ဒီကနေ့ နိုဝင်ဘာ ၂၁မနက်ပိုင်း ၆ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတာက “ကနေဒီတောင် တပ်စခန်းကို ဒီမနက် ၆ နာရီက တိုက်ခိုက်ခဲ့တယ် ၊ အဲ့ဒီတိုက်ပွဲမှာ အလောင်း ငါးလောင်းနဲ့ အရှင်ဖမ်းမိထားတာတွေရှိတယ် ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ် ၊ အဲ့ဒီအပြင် တချို့လည်း ထွက်ပြေးတိမ်းရှောင်လို့ လိုက်လံရှင်းလင်းနေတယ်လို့…
Read More