မြန်မာဒုက္ခသည်တွေကို ဆက်လက်ကူညီမယ်လို့ အိန္ဒိယပြော

  ဒေလီ၊ ဇန်နဝါရီ-၈-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ မဏိပူရမှာ လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒုက္ခသည်တွေကို ဆက်လက်ကူညီပေးသွားမှာဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma ကပြောပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ဟာ ဒေလီကိုသွားရောက်ပြီး ဝန်ကြီးချုပ် မိုဒီ၊ ပြည်ထဲရေးဝန်ကြီးAmit Shah၊ နိုင်ငံခြားရေးဝန်ကြီး S Jaishankar တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာ မြန်မာဒုက္ခသည် သုံးသောင်းတထောက်ကျော်နဲ့ မဏိပူရက ဒုက္ခသည် ၁၂၀၀၀ ကျော်ခိုလှုံနေတယ်လို့ မီဇိုရမ်ပြည်နယ်အစိုးရက ပြောပါတယ်။ ပြီးခဲ့တဲ့လက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်တာကြောင့် ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်အဆင့်အတန်း ပေးနိုင်မှာမဟုတ်ဘူးလို့ သူကပြောပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ…

Read More

၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၃၅ ဘီလီယံကျော် စံချိန်တင် ဆုံးရှုံးခဲ့

  ဇန်နဝါရီ ၈ – ၂၀၂၄ SN (VOM) ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၃၅ ဘီလီယံကျော် စံချိန်တင် ဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးနဲ့ ပေါ့ဆမီးတို့ကြောင့် မီးလောင်မှု အများဆုံး ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာ တနိုင်ငံလုံး မီးလောင်ကျွမ်းမှု အကြိမ်ရေ ၁၃၆၂ ကြိမ် ရှိခဲ့ပြီး လျှပ်စစ်မီးကြောင့် ၄၅၆ ကြိမ်၊ ပေါ့ဆမီးကြောင့် ၃၉၃ ကြိမ်၊ မီးဖိုမီးကြောင့် ၁၈၇ ကြိမ်၊ မသမာသူရှို့မီးက ၉၄ ကြိမ်၊ တောမီး ၉၅ ကြိမ်၊ တိုက်ပွဲတွေကြောင့် မီးရှို့ခံရမှု ၁၀၅ ကြိမ် ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၅ ဒသမ ၅ ဘီလီယံ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့…

Read More

ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့ အမေရိကန်ကုမ္ပဏီငါးခုကို အရေးယူပိတ်ဆို့ကြောင်း တရုတ်ကြေညာ

  ပေကျင်း၊ ဇန်နဝါရီ-၈-၂၀၂၃ မျိုးဆက်(VOM) ထိုင်ဝမ်ကို နောက်ဆုံးလက်နက်ရောင်းချခဲ့မှုကြောင့် အမေရိကန် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီငါးခုကို အရေးယူပိတ်ဆို့မှုကြောင်း တရုတ်နိုင်ငံက ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပဖို့စီစဉ်နေချိန်မှာ လက်နက်ရောင်းချတဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်တာဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ နည်းဗျူဟာမြောက် သတင်းအချက်အလက်စနစ်တွေနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းကိရိယာတွေ ဒေါ်လာသန်း ၃၀၀ ဖိုးရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။ အရေးယူပိတ်ဆိုခံရတဲ့ အမေရိကန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီငါးခုမှာ BAE Systems Land and Armament ၊ Alliant Techsystems Operation ၊ AeroVironment ၊ ViaSat နဲ့ Data Link Solutions ကုမ္ပဏီတို့ဖြစ်ပါတယ်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၉၅ ကျပ် ဝယ်ဈေး – ၂၅၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဝန်းသိုမြို့နယ်မှာ ၁၉ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

  ဇန်နဝါရီ ၊ ၈ ၊ ၂၀၂၄ SP(VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဝင်းကြီးကျေးရွာ (ဒေသအခေါ် ၅ မိုင်)နားက ကောလင်း – ဝန်းသို လမ်းမှာ မနေ့ ဇန်နဝါရီ ၇ ရက် ၊ နေ့လယ်ပိုင်းက ၁၉ လောင်းပြိုင် လူသတ်မှု တစ်ရပ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အသတ်ခံရတဲ့ လူတွေက အမျိုးသား ၁၇ လောင်းနဲ့ အမျိုးသမီး ၂ လောင်းဖြစ်တယ် ၊ သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်တယ် ၊ ရွာခံတွေမဟုတ်ဘူး ၊ ခရီးသွားတွေဖြစ်တယ်လို့ ကနဦး သိရတယ် ” လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။ ဝန်းသိုမြို့ခံတယောက်က ”…

Read More

အငြင်းပွားဖွယ် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ထပ်မံအနိုင်ရရှိ

  ဒါကာ ၊ ဇန်နဝါရီ-၈-၂၀၂၄ မျိုးဆက်(VOM) အငြင်းပွားဖွယ် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ် သက်တမ်းဆောင်ဖို့ အနိုင်ရရှိခဲ့ပါတယ်။ သူမဟာရဲ့ အဝါမီအဖွဲ့ချုပ်ပါတီနဲ့ အခြားမဟာမိတ်တွေဟာ ပါလီမန်အမတ်နေရာ ၃၀၀ မှာ ၁၅၂ နေရာထက်မနည်း အနိုင်ရရှိခဲ့တာကြောင့် နောက်ထပ်ငါးနှစ်သက်တမ်း ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်နိုင်တော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်အတိုက်အခံ အမျိုးသားရေးပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ဒါဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ ထောက်ခံသူအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ တရားဝင်အချက်အလက်တွေအရ ရွေးကောက်ပွဲမှာ မဲပေးသူဦးရေ ၄၀ ရာခိုင်နှုန်းကျဆင်းကြောင်း ဝေဖန်သူများက ဆိုသည်။ ရွေးကောက်ပွဲရလဒ်များကို ဒီနေ့ ဇန်နဝါရီ ၈ ရက်နှောင်းပိုင်းမှာ ကြေညာမှာဖြစ်ပါတယ်။ ဒါဟာ ၁၉၉၆ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာပြီး ၂၀၀၉ ခုနှစ်ကစပြီး ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟာဆီနားအတွက် လေးကြိမ်ဆက်တိုက် အနိုင်ရရှိမှုဖြစ်သလို…

Read More

 ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၇ ရက်၊ ညနေ ၄ နာရီ)

    Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW