အမေဇုန်သစ်တောထဲမှာ နှစ်ပေါင်း ၂၅၀၀ကျော်က ရှေးဟောင်းမြို့တော်ကြီးတခု တွေ့ရှိ

 

ကွီတို၊ ဇန်နဝါရီ-၁၂-၂၀၂၃

မျိုးဆက်(VOM)

အမေဇုန်သစ်တောထဲမှာ သစ်ပင်သစ်တောတွေ ဖုံးအုပ်ထားမှုကြောင့် နှစ်ထောင်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းမြို့တော်ကြီးတခုကို အမေဇုန်သစ်တောအတွင်းမှာ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒီရှေးဟောင်းမြို့ကြီးကို အီကွေဒေါနိုင်ငံအရှေ့ပိုင်း ယူပါနိုဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လူနေအိမ်တွေ ၊ ဈေးတွေကို အံ့အားသင့်ဖွယ်ကောင်းတဲ့ လမ်းတွေ၊ တူးမြောင်းတွေနဲ့ ကွန်ရက်ချိတ်ဆက် တည်ဆောက်ထားပါတယ်။

မြို့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ခန့်က တည်ဆောက်ခဲ့ပြီး လူတွေဟာ ထိုနေရာမှာ နှစ်ပေါင်း ၁၀၀၀ ထိ နေထိုင်ခဲ့ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်တွေက ပြောပါတယ်။

မြို့တော်မှာ လူဘယ်လောက်နေခဲ့လည်းဆိုတာ ခန့်မှန်းဖို့ ခက်ခဲပေမယ့် လူ တသောင်းကနေ တသိန်းကြား နေထိုင်ခဲ့ကြတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

လက်ရှိတွေ့ရှိခဲ့တဲ့ မြို့တော်ဟာ အခြားသောမြို့တွေထက်ကြီးပြီး ယဉ်ကျေးမှုဆိုင်ရာ အမြင်တွေရှိကြောင်း ပြင်သစ်နိုင်ငံ အမျိုးသား သိပ္ပံသုတေသနစင်တာမှ သုတေသနကိုဦးဆောင်သူ ပါမောက္ခ စတီဖင်ရို့စ်တိန်းက ပြောပါတယ်။

ရှာဖွေတွေ့ရှိမှုဟာ အမေဇုန်မှာ နေထိုင်ရှင်သန်ခဲ့ကြသူတွေရဲ့ သမိုင်းကြောင်းကို ယခင်သိရှိထားသမျှ ပြောင်းလဲစေဖွယ်ရှိပါတယ်။ ဒီဒေသဟာ မြေသြဇာကြွယ်ဝတဲ့မြေဆီလွှာကို ဖန်တီးပေးတဲ့ မီးတောင်အနီးတည်ရှိပေမယ့် မီးတောင်ကြောင့် မြို့ပျက်စီးသွားဖွယ်ရှိပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းမြို့တော်ဟာ ပီရူးရှိ မာချူပစ်ချူကဲ့သို့ တောင်အမေရိကကုန်းမြင့်ရှိ မြို့တွေအကြောင်း သိရှိထားပေမယ့်လည်း နေထိုင်သူတွေဟာ ခြေသလုံးအိမ်တိုင် သို့မဟုတ် အမေဇုန်မှာ နည်းပါးတဲ့ အခြေချနေထိုင်သူများသာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

Ref:BBC

Photo:Stephen Rostain

Related posts

Leave a Comment

VOM News

FREE
VIEW