အမေရိကန် အီလီနွိုက်ပြည်နယ်မှာ ပစ်ခတ်မှုကြောင့် မိသားစုဝင်ခုနှစ်ယောက် သေဆုံး

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် မိသားစုဝင် ခုနှစ်ယောက်သေဆုံးခဲ့ပြီးနောက် သံသယရှိသူကို အပူတပြင်းရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။

ချီကာဂိုအနီး ဂျိုလီယက်မြို့ရှိ အိမ်နှစ်အိမ်မှာ လူခုနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့တွေ့ရှိခဲ့ပြီး သေဆုံးသူတွေဟာ တူညီတဲ့ မိသားစုကဖြစ်တယ်လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဟာ အသက် ၂၃ နှစ်အရွယ် ရိုမီယိုနန်ဆိုသူကို ရှာဖွေနေပြီး သူဟာ လက်နက်ကိုင်ဆောင်ထားတာကြောင့် အန္တရာယ်များသူအဖြစ် ဒေသခံများကို ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

သူဟာ အနီရောင် တိုယိုတာကားကို မောင်းနှင်လာတယ်လို့ ယုံကြည်ရပြီး ချီကာဂိုမြို့ အနောက်တောင်ဘက် မိုင် ၄၀ အကွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေပေးဖို့ ဒေသခံတွေကို ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

အခင်းဖြစ်ပွားရာ နေရာက နေအိမ်တအိမ်တွင် လူငါးယောက်နဲ့ ကျန်အိမ်မှာ အခြားသူတွေကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ကို ရှင်းလင်းစွာ မသိရသေးပါဘူး။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW