ရုရှားစစ်လေယာဉ်တစင်း ယူကရိန်းနယ်စပ်မှာ ပျက်ကျ၊ လိုက်ပါသူ ၇၀ ကျော်သေဆုံး

 

မော်စကို၊ ဇန်နဝါရီ-၂၄-၂၀၂၄

မျိုးဆက်(VOM)

ရရှားစစ်လေယာဉ်တစင်းဟာ ယူကရိန်းနယ်စပ်အနီး ဘယ်လ်ဂိုရော့မှာ ပျက်ကျခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။

လေယာဉ်ပေါ်မှာတော့ ဖမ်းမိထားတဲ့ ယူကရိန်းစစ်သုံ့ပန်း ၆၅ ယောက်ကို အကျဉ်းသားချင်းလဲလှယ်ဖို့ဖြစ်ပြီး လေယာဉ်အမှုထမ်း ခြောက်ယောက်နဲ့ အစောင့်သုံးယောက်တို့လည်း ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါသူအားလုံး အသက်ရှင်သူမရှိကြောင်း ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းနဲ့ လိုက်ပါသူတွေအကြောင်း ဘီဘီစီက အတည်ပြုလို့မရသေးပါဘူး။

စစ်လေယာဉ်ဟာ ဘယ်လ်ဂိုရော့ရဲ့ အရှေ့မြောက်ဘက် ၄၄ မိုင်အကွာ ယက်ဘ်လိုနိုဗိုရွာအနီးမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ကို ယူကရိန်းက ပစ်ချခဲ့တယ်လို့ စွပ်စွဲထားပေမယ့် သက်သေအထောက်အထားတွေ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

လေယာဉ်ဟာ မော်စကိုမြို့အနီးရှိ ချာကာလော့စကီး လေတပ်စခန်းကနေ ဘယ်လ်ဂိုရော့ကို ပျံသန်းစဉ် ပျက်ကျခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

VOM News

FREE
VIEW