တရုတ်အလယ်ပိုင်းမှာ မီးလောင်မှုကြောင့် လူ ၃၉ ယောက်သေဆုံး

 

ပေကျင်း၊ ဇန်နဝါရီ-၂၅-၂၀၂၄

မျိုးဆက်(VOM)

တရုတ်နိုင်ငံ အလယ်ပိုင်း ယန်ရှီပြည်နယ်မှာ ဈေးဆိုင်တဆိုင်မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၃၉ ယောက်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုဟာ ဇန်နဝါရီ ၂၄ ရက်က ရှင်ယူမြို့ရှိ ဈေးဆိုင်တဆိုင်ရဲ့ မြေအောက်ထပ် မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေ စေလွှတ်ဖြန့်ကြက်ခဲ့ရပါတယ်။

မီးလောင်မှုကြောင့် လူအများအပြားဒဏ်ရာရရှိခဲ့ပြီး မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လူအသေအပျောက်များတဲ့ မတော်တဆမှုတွေနဲ့ပတ်သက်ပြီး တားဆီးနိုင်ရေးအတွက် သမ္မတရှီကျင်းပင်က တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ဆိုင်ဝန်ထမ်းခုနှစ်ယောက်ကို ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ မကြာသေးမီရက်ပိုင်းအတွင်းကလည်း ဟီနန်ပြည်နယ်ရှိ စာသင်ကျောင်းတကျောင်းရဲ့ အဆောင်မှာ မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ယောက်သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အဆောက်အအုံတည်ဆောက်မှုနဲ့ ဘေးကင်းရေးအစီအမံတွေ လျော့ရဲမှုကြောင့် လူသေဆုံးစေတဲ့ မီးလောင်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ဧပြီလအတွင်းကလည်း ပေကျင်းရှိ ဆေးရုံမီးလောင်မှုကြောင့် လူ ၂၉ ယောက်သေဆုံးခဲ့ပါတယ်။

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW