ထိတွေ့တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် ဆီဆိုင်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

 

ဇန်နဝါရီ ၊ ၂၅ ၊ ၂၀၂၄

SP (VOM)

ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးခရိုင် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့မှာ ထိတွေ့တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဆီဆိုင်မြို့ခံတယောက်က ” မနေ့က မနက်ပိုင်းက နောင်ထော်ကျေးရွာနားမှာ ထိတွေ့တိုက်ပွဲတွေဖြစ်တယ် ၊ ကြားရတာက နစက လုံခြုံရေးတပ်စခန်း အပါအဝင် PNO ပြည်သူ့စစ် စခန်းတွေနဲ့ PNLA တိုက်ကြတာလို့ သိရတယ် ၊ နေ့လယ်ပိုင်းမှာ ဆီဆိုင် မြို့မစျေးနားမှာ မိနစ်ပိုင်းလောက် ထိတွေ့မှု ထပ်ဖြစ်တယ် ၊ ဆီဆိုင်မြို့ကို တက်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးကြတာဖြစ်တယ် ၊ မြို့ပေါ်လူနေရပ်ကွက်တွေမှာ လူမရှိတော့ဘူး ၊ ညက ၁၀ နာရီဝန်းကျင်မှာ မြကန်သာရပ်ကွက်မှာ အကြီးစား ပေါက်ကွဲမှုတခုဖြစ်ပြီး လူနေအိမ်တချို့ မီးလောင်တယ် ၊ ဘယ်လောက်ပျက်စိးသွားတယ်ဆိုတာ မသိရသေးဘူး၊နောက်ပြီး အောင်သပြေ ရပ်ကွက်ဘက်မှာလည်း ပစ်ခတ်မှုတွေဖြစ်တယ် ၊ အဲ့ဒီဘက်မှာ ဒဏ်ရာရ လူနာတချို့ ရှိတယ်လို့ သိရတယ် ၊ သွားရောက် ကယ်ဆယ်ပေးဖို့ အခွင့်အလမ်း မရသေးဘူး ၊ မနေ့ မနက်ပိုင်းကစလို့ မြို့ခံတွေဟာ ဘေးလွတ်ရာကို ပြောင်းရွေ့ပေမယ့် မြို့ထဲမှာ လူအနည်းငယ် ကျန်နေသေးတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒေသခံ ပရဟိတသမားတယောက်က

” အရေးပေါ် တိုက်ပွဲရှောင်နိုင်ဖို့ စီစဥ်ပေးထားတယ် ၊ အဲ့ဒါက ဘုရားငါးဆူဘုန်းကြီး ကျောင်း၊ နမ့်ဆီးအုပ်စု၊ တောင်ကြီးမြို့နယ်/ ဖုန်းနံပတ် – (၀၉၈၈၀၇၄၆၇၂၃)/ လူဦးရေ – ၅၀ ဦး အထိ ခိုလှုံလို့ရတယ် ၊ နောက်ပြီး ကံကော်ဘုန်းကြီးကျောင်း၊ နမ့်ဆီးအုပ်စု၊ တောင်ကြီးမြို့နယ်/ ဖုန်းနံပတ် – (၀၉၈၈၀၇၄၆၇၂၃)/ လူဦးရေ – ၃၀ ဦး အထိရတယ်လို့သိရပါတယ်။

ဒါ့အပြင် ဗန်းကွန်ဘုန်းကြီးကျောင်း၊ ဟိုပုံးမြို့/ ဖုန်းနံပါတ် (09 682 960160 – ဦးတေဇာနန္ဒ)/ လူဦးရေ (၃၀)ဦး ၊ ဆီဆိုင်၊ ဘုရားဖြူ ဒေသခံကို ဦးစားပေး လက်ခံတယ် ၊ ဒါပေမယ့် မှတ်ပုံတင်ပါရမယ်လို့ သိရတယ်။ နောက်ပြီး ကံတက်ကျောင်းတိုက်၊ ဟိုပုံးမြို့/ ဖုန်းနံပါတ် – (09428322719) လူဦးရေ (၂၀)ဦးအထိ နေထိုင် ခိုလှုံလို့ရပြီး အစားအ သောက်မပါ နေရာ သီးသန့် ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒိ အပြင် မြို့ဦး ဘုန်းကြီး ကျောင်း၊ ဟိုပုံးမြို့/ ဖုန်းနံပတ် 09 677 742000/လူဦးရေ ၆၀ အထိ ခိုလှုံလို့ရပြီး ၊ အစားသောက်မပါဘူးလို့ သိရပါတယ်။

အဲ့ဒီ နေရာတွေမှာ လာရောက်ခိုလှုံပြီး စားသောက်ရေးအတွက် အကူညီလိုအပ်ပါက ဖုန်းနံပါတ် – 09447003293 (နန်းအေး)ကို ဆက်သွယ်နိုင်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကကယားပြည်နယ်ဘက်မှာ တိုက်ပွဲအရှိန်တွေမြင့်လာတာကြောင့် ကယားပြည်နယ်ထဲက ဒေသခံ သုံးသောင်းဝန်းကျင်ဟာ ဆီဆိုင်နဲ့ ဟိုပုံမြို့တွေဘက်ကို ထွက်ပြေးခိုလှုံနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဆီဆိုင်ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW