ရေးမြို့နယ်မှာ မွန်ငြိမ်းချမ်းရေး အဖွဲ့က တပ်ဖွဲ့ဝင် သုံးဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၂၅ ၊ ၂၀၂၄
SP ( VOM)

မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ စုံနံ့သာကျေးရွာ ၊ ဘောလုံကွင်းနားမှာ မနေ့ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့က လူ သုံးယောက်ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတယောက် က
” ခံသင်းတံတားမှာ အခြေပြုနေထိုင်တဲ့ မွန်ငြိမ်းချမ်းရေးအဖွဲ့က နိုင်စိုးသူ၊ နိုင်ရမ်ဘိုနဲ့ ဖြိုးရာဇာ ဆိုသူ သုံးယောက် ပစ်သတ်ခံရတာဖြစ်တယ် ၊ သူတို့ သုံးယောက်ဟာ စျေးဝယ်ဖို့ ထွက်လာတဲ့အချိန် ဘောလုံးကွင်းနားမှာ ပစ်သတ်ခံရတယ် ၊ နောက်ပြီး သူတို့ရဲ့ လက်နက်ခဲယမ်းတွေပါသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မော်လမြိုင် အခြေစိုက် မွန်နိုင်ငံရေး အသိုင်းအဝိုင်းက ” မွန်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့ဆိုတာက ​မွန်ပြည်သစ်ပါတီကနေ ခွဲထွက်သွားတဲ့ အဖွဲ့ဖြစ်တယ် ၊ အဲ့ဒီလို ခွဲထွက်ပြီးနောက် နစက ပူးပေါင်းပြီး ဌာနေပြည်သူ့စစ် အဖြစ်ရပ်တည်သွားမယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်မြို့၊ အာရှတော်ဝင် အထူးကုဆေးရုံမှာ မွန်ညီညွတ်ရေး ပါတီ နာယက ဖြစ်သူ ဦးနိုင်ငွေသိန်း အသက် ၈၈ နှစ် ဟာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီးနောက် ဒီကနေ့မှာ မော်လမြိုင်နေအိမ်ကနေ စျာပနကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW