ဘန်ကောက်၊ ဇန်နဝါရီ-၂၅-၂၀၂၄
မျိုးဆက်(VOM)
ထိုင်းနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ပါတီအကြီးအကဲ ပီတာလင်ဂျာရိုရက်ဟာ ရွေးကောက်ပွဲဥပဒေချိုးဖောက်ခြင်းမရှိကြောင်း တရားရုံးကဆုံးဖြတ်ပြီးနောက် လွှတ်တော်အမတ်အဖြစ် ပြန်လည်ခန့်အပ်ခံရတော့မှာဖြစ်ပါတယ်။
ဟာဗတ်တက္ကသိုလ်ကျောင်းဆင်းဖြစ်သူ ပီတာနဲ့ သူရဲ့ ရှေ့သို့ပါတီဟာ ယမန်နှစ်ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အကြီးအကျယ်အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ရွေးကောက်ပွဲဥပဒေချိုးဖောက်ခဲ့တယ်ဆိုကာ တရားစွဲဆိုခံရပြီးနောက် လွှတ်တော်အမတ်ဖြစ်ခွင့်ပါ ပိတ်ပင်ခံခဲ့ရပါတယ်။
ထိုင်းဘုရင်စနစ်ကို ဝေဖန်စော်ကားပါက အရေးယူနိုင်တဲ့ဥပဒေကို ဖျက်သိမ်းခြင်းအပါအဝင် စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကို ကိုင်တွယ်ဖို့ ကတိပေးထားတဲ့ လူငယ်ခေါင်းဆောင်တယောက်ဖြစ်သူ ပီတာကို ခြိမ်းခြောက်သူအဖြစ်သတ်မှတ်ကာ စစ်တပ်နဲ့ဆက်နွယ်တဲ့ ပါတီတွေက ကန့်ကွက်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲပြီးနောက် ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေစဉ်မှာ တရားရုံးနှစ်ခုက သူ့ကို တရားစွဲဆိုခဲ့ပါတယ်။ ထိုင်းတရားရုံးဟာ သူ့အပေါ်ဆိုးစွဲထားတဲ့ ပထမအမှုအတွက် လက်ရှိမှာ တရားသေလွှတ်ပေးခဲ့ပေမယ့် လာမယ့် သီတင်းပတ်မှာ ပါတီအပေါ်စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ပိုမိုပြင်းထန်တဲ့ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
Ref:BBC
Photo:Getty Images