အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ ထိပ်သီးဆွေးနွေးမယ်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၆-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ဟာ လာမယ့်ဧပြီလအတွင်း ဝါရှင်တန်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါဟာ သမ္မတ အိုဘားမားလက်ထက် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဂျပန်ဝန်ကြီးချုပ်တယောက်ရဲ့ ပထမဆုံးသော အမေရိကန်တရားဝင်ခရီးစဉ်ဖြစ်ပါတယ်။

ဂျပန်ဟာ အမေရိကန်နဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ နှစ်နိုင်ငံမဟာမိတ်ဖွဲ့မှုဟာ အလွန်အရေးကြီးကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသမှာ ခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေးအပါအဝင် အခြားသော ကိစ္စရပ်များကို ဆွေးနွေးသွားဖွယ်ရှိတယ်လို့ ဂျွန်ခရီဘီက ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကို အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်လာရောက်ရန် သမ္မတဂျိုးဘိုင်ဒင်က နိုဝင်ဘာလအတွင်းက ဖိတ်ကြားခဲ့ပါတယ်။။ ဂျပန်ဝန်ကြီးချုပ်ရဲ့ အမေရိကန်ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား မဟာမိတ်ဆက်ဆံရေးခိုင်မာမှုကို မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

Ref:NHK
Photo:Getty Images

 

 

Related posts

Leave a Comment

VOM News

FREE
VIEW