အက်ဖ်-၁၆ တိုက်လေယာဉ်သစ် အစင်း ၄၀ တူရကီကိုရောင်းချဖို့ အမေရိကန်အစိုးရ ခွင့်ပြု

 

ဝါရှင်တန်၊ ဇန်နဝါရီ-၂၇-၂၀၂၄

မျိုးဆက်(VOM)

ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို တူရကီက ခွင့်ပြုပြီးနောက် အမေရိကန်အစိုးရဟာ အက်ဖ်-၁၆ တိုက်လေယာဉ်သစ် အစင်း ၄၀ ကို တူရကီကို ရောင်းချဖို့ ခွင့်ပြုလိုက်ပါတယ်။

ရောင်းချမှုမှာ တူရကီမှာရှိနေတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ် ၇၉ စင်းအတွက် ခေတ်မီရေးကိရိယာတွေ အဆင့်မြှင့်တင်မှုလည်း ပါဝင်ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ထဲကို ဆွီဒင်ဝင်ရောက်ရေးမှာ တင်းမာမှုတွေ တနှစ်ကျော်ကြာဖြစ်ပွားပြီးနောက်မှာ တူရကီက ဆွီဒင်ရဲ့ ဝင်ရောက်မှုကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

တူရကီဟာ ကာ့ဒ်ခွဲထွက်ရေးသမားတွေကို လက်ခံထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တူရကီက ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်ရေးကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကမှ တူရကီပါလီမန်က ခွင့်ပြုပြီး သမ္မတ အာဒိုဂန်က လက်မှတ်ထိုးခဲ့တာပါ။

ဒီနောက်မှာတော့ တူရကီကို အက်ဖ်-၁၆ တိုက်လေယာဉ်သစ်တွေ ရောင်းချရေးကို အချိန်မဆိုင်းဖို့ သမ္မတ ဂျိုးဘိုင်ဒင် တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက်မှာ တူရကီဟာ နေတိုးအဖွဲ့အတွက် ပင်လယ်နက်ဒေသမှာ တူရကီက ပိုမိုအရေးပါလာပါတယ်။

အမေရိကန်ဟာ ဒိန်းမတ်နဲ့ နယ်သာလန်တို့ရှိ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို ယူကရိန်းကို လွှဲပြောင်းပေးဖို့နဲ့ ပိုင်းလော့တွေကို လေ့ကျင့်သင်ကြားပေးဖို့ ပြီးခဲ့တဲ့နှစ်က ခွင့်ပြုခဲ့ပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW