မြန်မာ – တရုတ် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် တုံကင် မလိုပဲ တခါတည်း ဝင်ခွင့်ပြုဝောာ့မယ်

ဇန်နဝါရီ ၂၇၊ ၂၀၂၄
Shy V (VOM)

မူဆယ် နန်းဝောာ်နဲ့ ဆင်ဖြူ နယ်စပ်ဂိတ် ပေါက်ကနေ မြန်မာ – တရုတ် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ကတ်ကို ဇန်နဝါရီလ (၃၁) ရက်နေ့ကစ ကြိုတင် တုံကင် တန်းစီစရာ မလိုပဲ တခါတည်း ဝင်ခွင့်ပြုဝောာ့မှာ ဖြစ်ကြောင်း မူဆယ် ခရိုင် လဝက က သတင်းထုတ် ပြန်ထားပါတယ်။

“တုံကင် စနစ်နဲ့ ပွဲစားတွေနဲ့ အရမ်းရှုပ်ထွေးလို့ တုံကင်စနစ်ကို ဖျက်သိမ်းဖို့ လုပ်နေတယ်” လို့ မူဆယ် ခရိုင် လဝက နဲ့ နီးစပ်သူတ ယောက်က ပြောပါတယ်။

ဇန်နဝါရီလ (၂၆) နဲ့ (၂၇)ရက်နေ့ ရက်ချိန်းရရှိထားသူတွေအနေနဲ့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ဝင်ရောက်ရန်ခွင့်ပြုခဲ့ကြောင်း ခရိုင်လဝကရဲ့ အသိပေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီလ(၂၈) နဲ့ (၂၉)ရက်နေ့တွေမှာ ရက်ချိန်းရရှိထားသူတွေ အနေနဲ့ ဒီနေ့ ဇန်နဝါရီလ (၂၇) ရက်နေ့ ဝင်ရောက်ခွင့်ပြုထားပြီး ဇန်နဝါရီလ (၃၀)ရက်နေ့နဲ့ (၃၁)ရက် ရက်ချိန်းရရှိထားသူတွေကို ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ဝင်ရောက်ရန်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့နဲ့ (၂)ရက်နေ့တွေမှာ ရက်ချိန်းရရှိထားသူတွေအနေနဲ့ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ဝင်ရောက်ရန်၊ ဇန်နဝါရီလ (၂၆) ရက်နေ့မှ ဖေဖော်ဝါရီလ (၂) ရက်နေ့အတွင်း ဝင်ရောက်ရန် ကျန်ရှိနေကြသူတွေကို ဇန်နဝါရီလ (၃၀) ရက်နေ့မှာ ဝင်ခွင့် ပေးသွားမှာဖြစ်ကြောင်း အဲဒီ အသိပေး သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် အနီ ကဝောာ့ သယ်ယူဖို့အခက်အခဲ ဖြစ်နေတယ်လို့ ခရိုင် တာဝန်ရှိသူ တ ယောက်က ပြောပါတယ်။

“စာအုပ်က လေယာဉ် တစ်ခါလာရင် ၇၀ Kg သယ်ပေးနိုင်ဝာာ။ ၇၀ Kg မှာ စာအုပ် ၁,၀၀၀ ပဲပါတယ်။ စာအုပ် အနီတွေကို မူဆယ်ဘက် သယ်ယူဖို့ မလွယ်ဘူးဖြစ်နေတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိမှာဝောာ့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ လုပ်မယ့်သူတွေထဲမှာ သက်တမ်းတိုးမယ့် သူတွေကို ဦးစားပေး တုံကင်ပေးနေပြီး အသစ်လုပ်မယ့်သူတွေကိုဝောာ့ မပေးသေးကြောင်း နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် အနီ တုံကင် တန်းစီနေသူတွေဆီက သိရပါတယ်။

Photo Crd# Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW