ပြင်သစ်နိုင်ငံ ပါရီမြို့ကို လယ်သမားတွေ ပိတ်ဆို့ဆန္ဒပြ

 

ပါရီ၊ ဇန်နဝါရီ-၃၀-၂၀၂၄

မျိုးဆက်(VOM)

ပြင်သစ်လယ်သမားတွေဟာ မြို့တော်ပါရီကိုပိတ်ဆို့ဖို့ ကြိုးပမ်းမှုအဖြစ် ရာနဲ့ ချီသောလယ်ထွန်စက်တွေကို စတင်ရွှေ့ပြောင်းပြီး ဆန္ဒပြမှုတွေလုပ်ဆောင်နေပါတယ်။

လယ်သမားတွေဟာ ဝင်ငွေကျဆင်းခြင်း ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ၊ သွင်းကုန်တွေနဲ့ ယှဉ်ပြိုင်နေရတဲ့ အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြောင်းလယ်သမားတွေ ကပြောဆိုထားပါတယ်။

မြို့တော်ပါရီနဲ့ အခြားမြို့တွေကို လယ်ထွန်စက်တွေ ဝင်ရောက်မှုကနေ တားဆီးရန် ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ ကို ဖြန့်ကြက်ချထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံတွင်းရှိ အခြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

လယ်သမားတွေက ၎င်းတို့ဂုှု ရည်ရွယ်ချက်မှာ စူပါမားကတ်တွေကို ရိက္ခာများပို့ဆောင်မှုတွေကိုရပ်တန့်ဖို့ ဖြစ်ကြောင်းပြောဆိုထားပြီး ဒီလုပ်ရပ်အပေါ် တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ရည်ရွယ်ချက်ကတော့ လယ်သမားတွေရဲ့ အခက်အခဲတွေ ကိုအစိုးရကအမြန်ဖြေရှင်းပေးဖို့ တွန်းအားပေးရေးဖြစ်ပြီး ပြင်သစ်နိုင်ငံနေရာအနှံ့မှာ ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြင်သစ်စိုးပျိုးရေးလုပ်ငန်းရှင်များသမဂ္ဂကထုတ်ပြန်ထားပါတယ်။

Ref: BBC

Photo:Getty Images

 

 

Related posts

VOM News

FREE
VIEW