ကွက်လပ်ဖြည့်နေတဲ့ မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအသင်း

  ဇန်နဝါရီ – ၁၉- ၂၀၂၄ SA(VOM) မန္တလေးခရိုင်အတွင်းမှာရှိတဲ့ စာပေလောကရဲ့ ရင်ဘတ်တူညီနောင်တွေအတွက် စိတ်ဓာတ်အရနဲ့ ကိုယ်ကာယရေးရာအတွက် ခွန်အားဖြစ်စေဖို့ လိုနေတဲ့ကွက်လပ်တွေ ဖြည့်ဖို့အတွက် ရည်ရွယ်ပြီး မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအသင်းကို စာရေးဆရာတွေက ၂၀၀၅ ခုနှစ်ကနေ တည် ထောင်လာခဲ့တာ အခုဆိုရင် ၁၉ နှစ် ကျော် ၂၀ဝန်းကျင် ရှိပြီဖြစ်ပါတယ်။ ဘဝတူ၊ အလွှာတူ ဖြတ်သန်းမှုသာမက ယုံကြည်ချက်၊ ခံယူချက်၊ ခံစားမှုပါတူညီတဲ့ စာရေးဆရာ၊ သတင်းစာ ဆရာ၊ ကာတွန်းဆရာ၊ သတင်းထောက်နဲ့ ကဗျာဆရာ တို့ရဲ့အခက်အခဲတွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအစီအစဥ်ကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့ခန်းမမှာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ကစတင်ပြီး ထူထောင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းနားကို တက်ရောက်လာကြတဲ့ စာနယ်ဇင်းဆရာတွေရဲ့ သဘောတူညီ ထောက်ခံချက်နဲ့အညီ…

Read More

ရေအောက်နျူကလီးယား လက်နက်စနစ် မြောက်ကိုရီးယား စမ်းသပ်

ပြုံးယမ်း၊ ဇန်နဝါရီ-၁၉-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရေအောက်နျူကလီးယား လက်နက်စနစ်ကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုပါတယ်။ မြောက်ကိုရီးယားဟာ ရေအောက်နျူကလီးယားတိုက်ခိုက်မှုလုပ်နိုင်တဲ့ Haeil-5-23 လို့အမည်ပေးထားတဲ့ ဒရုန်းတွေကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းရေပြင်မှာပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားကဆိုပါတယ်။ မြောက်ကိုရီးယားဟာ ယခင်ကလည်း အလားတူစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ အချိန်မရွေးဖြစ်ပွားနိုင်တဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကင်ဂျုံအန်က ညွှန်ကြားပြီးနောက် အခုလိုရေအောက် လက်နက်စနစ် စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒီလက်နက်တွေအကြောင်းနဲ့ စွမ်းဆောင်ရည်ကို အသေးစိတ်မသိရသေးပေမယ့် ဒါဟာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေလို အစွမ်းထက်လက်နက်ဖြစ်နိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ပြီးဆုံးသွားပြီး တောင်ကိုရီးယားကို အဓိကရန်သူအဖြစ် သတ်မှတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယခုသီတင်းပတ်အတွင်းမှာ ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်း နျူကလီးယားလက်နက်တွေကို ပစ်ခတ်နိုင်တဲ့ ပထမဆုံး ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသခဲ့ပါတယ်။…

Read More

(၁)နှစ်ကျော်နီးပါး ပိတ်ထားတဲ့ ‌မြို့တော်ဆေးရုံနဲ့ ကံ့ကော်ဆေးရုံ ပြန်ဖွင့်

  မန္တလေး၊ ဇန်နဝါရီ ၁၉-၂၀၂၄ Voice Of Myanmar(VOM) ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းကနေ ပိတ်ထားခဲ့တဲ့ မြို့တော်ဆေးရုံနဲ့ ကံ့ကော်ဆေးရုံတို့ မနေ့ ဇန်နဝါရီ(၁၈)က စပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ‌အဲ့ဒီဆေးရုံတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အဲ့ဒီဆေးရုံတွေနဲ့ နီးစပ်သူ(၁)ဦးက ” ဟုတ်ပါတယ် မနေ့ ဇန်နဝါရီ(၁၈)က ပြန်ဖွင့်ပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ကျော်နီးပါးကြာသွားပါတယ်၊ အခုတော့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးနေပါတယ်”လို့ ပြောပါတယ်။ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းက ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ထက်နေလင်းဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ စိန်ပန်းဆေးရုံ စတာတွေကို သက်ဆိုင်ရာက ယာယီပိတ်သိမ်းထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ပိတ်သိမ်းထားတဲ့အထဲက မြို့တော်ဆေးရုံ၊ ထက်နေလင်းဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ နဲ့ စိန်ပန်းဆေးရုံ တို့ကတော့ ပြန်လည်ဖွင့်လှစ်နေပြီး နန်းတော်ဆေးရုံကတော့ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်၂၀၂၃ သြဂုတ်လ…

Read More

မန္တလေးမြို့က ဆယ်သန်း ရွှေဆိုင် သိန်း(၆၀၀၀)ကျော်ဖိုး ဓားပြတိုက်ခံရ

မန္တလေး၊ ဇန်နဝါရီ ၁၉-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၃၉လမ်း ၈၄လမ်းနဲ့၈၅လမ်းကြားရှိ ‘ဆယ်သန်း’ရွှေဆိုင်မှာ ဒီကနေ့မနက် ၈နာရီခန့် ရွှေထည်နဲ့ ငွေသား သိန်း(၆၀၀၀)ကျော် ဓားပြတိုက်ခံရမှု ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံနဲ့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ရဲနဲ့နီးစပ်သူ(၁)ဦးကတော့ ” ဖြစ်တာကတော့ ၈နာရီ ထိုးခံနီးလောက်အချိန်ပေါ့၊ အခုနှစ် ဇန်နဝါရီ ပထမအပတ်ထဲက လုပ်ခဲ့တဲ့ ရွှေလက်စွပ်ကို ပြန်ပြင်ချင်တယ်ပြောပြီး ဆိုင်ဝန်ထမ်းကို သေနတ်အတိုနဲ့ချိန်တယ်၊ ချိန်ပြီးတော့ ရွှေထည်ပစ္စည်း(၂)ပိဿာလောက်နဲ့ ငွေသားအချို့ ဓားပြတိုက်ခံရတာပါ၊ သက်ဆိုင်ရာအဖွဲ့တွေကတော့ စစ်ဆေးတာတွေ လုပ်နေပါပြီ”လို့ ပြောပါတယ်။ ရွှေဆိုင်ကို အမျိုးသား (၃)ဦးရောက်လာပြီး ဇန်နဝါရီ (၇)ရက်က ပြုလုပ်ခဲ့တဲ့ ရွှေလက်စွပ်ကို ပြန်လည်ပြုပြင်ခြင်တယ်ဆိုကာ ဆိုင်ဝန်ထမ်းအမျိုးသမီးကို သေနတ်အတိုနဲ့ ချိန်ရွယ်ခဲ့ကြောင်း၊ သေနတ်နဲ့ ချိန်နေစဉ် ဆိုင်ကောင်တာအတွင်းက ရွှေထည်ပစ္စည်း(၂)ပိဿာခန့် ကာလတန်ဖိုး သိန်း(၆၀၀၀)ခန့်နဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၉ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၅ ကျပ် ဝယ်ဈေး – ၃၄၀၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယမှာ ကျောင်းပျော်ပွဲစားထွက်ရင်း စက်လှေတိမ်းမှောက်မှု ဆရာနဲ့ကျောင်းသား ၁၄ ယောက်သေဆုံး

  ဒေလီ၊ ဇန်နဝါရီ-၁၉-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ ကျောင်းပျော်ပွဲစားထွက်တဲ့ စက်လှေတစင်းနစ်မြုပ်မှုကြောင့် ကျောင်းသားကျောင်းသူ ၁၂ ယောက်နဲ့ ဆရာနှစ်ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအရေအတွက်ကို ဒေသခံရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီမတော်တဆမှုဟာ ဂူဂျာရက်ပြည်နယ် ဗာဒိုဒဒါရာရှိ ဟာနီရေကန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်မှာ လူ ၂၇ ယောက်လိုက်ပါခဲ့ပြီး လက်ရှိမှာတော့ လူခုနှစ်ဦးကို ကယ်တင်ပြီး အနီးနားက ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စက်လှေပေါ်မှာ လိုက်ပါသူတွေဟာ အသက်ကယ်အင်္ကျီတွေဝတ်ဖို့ မရခဲ့ကြောင်း ဆိုပါတယ်။ သေဆုံးသူတွေနဲ့ပတ်သက်ပြီး ဝမ်းနည်းကြေကွဲကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုအတွက် ဒေါ်လာ ၄၈၀၀ နဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုအတွက် ဒေါ်လာ ၆၀၀ ထောက်ပံ့ပေးမယ်လို့ ဂူဂျာရက်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ အိန္ဒိယမှာ ကူးတို့သင်္ဘောနဲ့ စက်လှေတွေ သွားလာမှုများပြာခြင်း၊…

Read More

This Day in History

Voice of Myanmar အင်ဒီရာ ပရီယာဒါရှီနီ ဂန္ဒီသည် အိန္ဒိယနိုင်ငံတွင် ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်ဖြစ်လာပြီးနောက် ၁၉၆၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်၌ ဝန်ကြီးချုပ်ဖြစ်လာခဲ့ကာ ၎င်းသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သည်။

Read More

မိတ္ထီလာမှာ ကျောင်းသား စုံညီပွဲတော်မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်လို့ ကျောင်းသား တဦးသေဆုံး

ဇန်နဝါရီ ၊ ၁၈ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ ၊ ပြည်သာယာ (မြောက်) ရပ်ကွက် မှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းမှာ ဒီကနေ့ ဇန်နဝါရီ ၁၈ရက် မနက် ၁၁ နာရီဝန်းကျင်က ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးလို့ ကျောင်းသား တယောက်သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျောင်းသား မိဘတယောက်က ” ဒီမနက်က ပြည်သာယာ (မြောက်) အလယ်တန်းကျောင်းမှာ ကျောင်းသားတွေ စုံညီပွဲတော်ရှိတယ် ၊ ခိုက်ရန်ဖြစ်ပွားတာက ကျောင်အပြင်ဘက် လမ်းပေါ်မှာ ဖြစ်တယ် ၊ ဖြစ်တဲ့ ကျောင်းသားတွေက နှစ်ယောက်တဖွဲ့ ကျောင်းသားတွေဘက်က ဂရိတ် 8 တန်း…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၆၈၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၈၀၀၀ ကျပ် ဝယ်ဈေး ၃၅၂၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW